ရာသီလာချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်သင့်လား
အရိုးသားဆုံးပြောရရင် ရာသီလာချိန်ဆို မိန်းကလေးတော်တော်များများ စိတ်ညစ်ကြရပါတယ်။ ဗိုက်မကောင်းတာ၊ လေအောင့်တာ၊ မအီမသာဖြစ်တာ၊ ဗိုက်အောင့်၊ ခေါင်းကိုက်တာတွေ ကြုံတွေ့ရတာကြောင့်ပါပဲ။ အဲဒီအချိန်မျိုးမှာ ဘာအလုပ်မှမလုပ်ချင်ဘဲ အိပ်ရာထဲမှာနေပြီး ကော်ဖီပူပူလေးတစ်ခွက်လောက် သောက်နေချင်ကြတာပါ။ တချို့မိန်းကလေးတွေက ရာသီလာချိန်ဆို Gym မသွားချင်ကြတော့ပါဘူး။ တကယ်တော့…

