29-4-2022-yyl-01.jpg

မြောက်ကိုရီးယားအေးဂျင့်ထံ စစ်ရေးလျှို့ဝှက်ချက်တွေ သတင်းပေးတယ်လို့ သံသယရှိသူ ၂ ဦးကို တောင်ကိုရီးယား ဖမ်းဆီး

မြောက်ကိုရီးယားအေးဂျင့်လို့ ယူဆရသူထံ စစ်ရေးလျှို့ဝှက်ချက်တွေ ပေးခဲ့တယ်လို့ သံသယရှိသူ ၂ ယောက်ကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒီဂျစ်တယ်ငွေကြေး လဲလှယ်ရေးလုပ်ငန်းရဲ့ အမှုဆောင်ချုပ်တစ်ဦးနဲ့ စစ်တပ်အရာရှိတစ်ဦးဟာ တောင်ကိုရီးယားစစ်တပ် ပူးတွဲကွပ်ကဲရေးစခန်းရဲ့ အသေးစိတ်အချက်အလက်တွေကို ပေးအပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့ဟာ…

28-4-2022-yyl-06.jpg

ဒေါက်တာဘွဲ့သင်တန်း တက်တော့မယ့် ၁၃ နှစ်သား

မင်နီယာပိုလစ်မြို့က ၁၃ နှစ်သား ကလေးငယ်ဟာ မင်နီဆိုတာတက္ကသိုလ်ကနေ ဘွဲ့ရတော့မှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဒေါက်တာဘွဲ့သင်တန်း တက်တော့မှာ ဖြစ်ပါတယ်။ ၁၃ နှစ်သား အီလီယော့တန်နာဟာ မင်နီဆိုတာတက္ကသိုလ်ရဲ့ သိပ္ပံနဲ့အင်ဂျင်နီယာကောလိဂ်မှာ ရူပဗေဒအထူးပြု စတုတ္ထနှစ်ကျောင်းသား ဖြစ်ပါတယ်။ အီလီယော့တန်နာဟာ ၃…

28-4-2022-yyl-04.jpg

ယူကရိန်းစစ်ပွဲကို ကြားဝင်စွက်ဖက်တဲ့ နိုင်ငံတိုင်း လျှပ်စီးလို လျင်မြန်တဲ့ တုံ့ပြန်မှု ရင်ဆိုင်ရမယ်လို့ ပူတင် သတိပေး

ယူကရိန်းစစ်ပွဲမှာ ကြားဝင်စွက်ဖက်တဲ့ နိုင်ငံတိုင်း လျှပ်စီးလို လျင်မြန်တဲ့ တုံ့ပြန်မှုမျိုး ရင်ဆိုင်ရမယ်လို့ ရုရှားသမ္မတ ပူတင်က သတိပေးခဲ့ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်တိုက်ဖျက်ဖို့ ယူကရိန်းရဲ့မဟာမိတ်နိုင်ငံတွေက လက်နက်ထောက်ပံ့မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေကြပြီး ရုရှားကို အနိုင်တက်နိုင်အောင် ယူကရိန်းကို…

28-4-2022-yyl-03.jpg

လေလံတင်ဖူးသမျှထဲမှာ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ အပြာရောင်စိန်ပွင့် ၅၇.၄၇ သန်းနဲ့ လေလံအောင်မြင်ခဲ့

လေလံတင်ခဲ့တဲ့ စိန်ပွင့်တွေအနက် ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ အပြာရောင်စိန်ပွင့်ဟာ အမေရိကန်ဒေါ်လာ ၅၇.၄၇ သန်းနဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ The De Beers Cullinan Blue လို့ အမည်ပေးထားတဲ့ စိန်ပွင့်ဟာ ၁၅.၁၀ ကာရက်ရှိပြီး အကွက်သွေးထားတာပါ။ ဟောင်ကောင်မြို့မှာ…

26-4-2022-yyl-08.jpg

နျူကလီးယားလက်နက် စွမ်းဆောင်ရည်မြှင့်တင်ဖို့ အရှိန်မြှင့်ဆောင်ရွက်မယ်လို့ ကင်ဂျုံအန် ပြော

နျူကလီးယားလက်နက် စွမ်းဆောင်ရည်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောပါတယ်။ မြောက်ကိုရီးယားစစ်တပ် တည်ထောင်တဲ့ နှစ်ပတ်လည် အထိမ်းအမှတ် စစ်ရေးပြပွဲမှာ ကင်ဂျုံအန်က အခုလို ပြောခဲ့တာပါ။ ” ကျွန်တော်တို့နိုင်ငံရဲ့ နျူကလီးယားစွမ်းရည် အားကောင်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့…

26-4-2022-yyl-04.jpg

ထိုက်သင့်တဲ့ပံ့ပိုးမှုရရင် ရုရှားကို ယူကရိန်း အနိုင်တိုက်နိုင်စွမ်းရှိတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြော

ယူကရိန်းက ထိုက်သင့်တဲ့ ပံ့ပိုးကူညီမှုတွေရရင် ရုရှားကျူးကျော်စစ်ကို အနိုင်တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ယူကရိန်းခရီးစဉ်မှာ ပြောခဲ့ပါတယ်။ လွိုက်ဒ်အော်စတင်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်တို့ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတဇီလင်စကီးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂…

26-4-2022-yyl-01.jpg

ကာနီဗယ်ပွဲတော်မှာ ကိုဗစ်ဆေးထိုးပြီး မိချောင်းပုံစံပြောင်းသွားတဲ့ပြကွက်နဲ့ သမ္မတ ဘော်ဆိုနာရိုကို သရော်ခဲ့

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ကမ္ဘာကျော်ကာနီဗယ်ပွဲတော်မှာ ပါဝင်ဖျော်ဖြေသူတွေက ဘရာဇီးသမ္မတ ဘော်ဆိုနာရိုရဲ့ ကိုဗစ်မူဝါဒတွေကို သရော်ခဲ့ပါတယ်။ ဆော်ပေါ်လိုမြို့ ဖျော်ဖြေပွဲမှာ သမ္မတစလွယ်ဝတ်ဆင်ထားသူတစ်ယောက်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခံရပြီးနောက် မိချောင်းအဖြစ် ပြောင်းလဲသွားတဲ့ပုံစံ သရုပ်ပြခဲ့ပါတယ်။…

25-4-2022-yyl-06.jpg

ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန်မြင့်တက်လာလို့ ဘေဂျင်းမြို့မှ လူသန်းချီကို ရောဂါရှာဖွေစစ်ဆေးနေ

ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်ကျော့ပြန် မြင့်တက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့မှာ နေထိုင်သူသန်းချီကို ဆေးစစ်နေပါပြီ။ ပြီးခဲ့တဲ့အားလပ်ရက်က ဘေဂျင်းမြို့ ချောင်ယန်းခရိုင်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၆ ဦး တွေ့ရှိခဲ့ပြီး ဘေဂျင်းမြို့ရဲ့ အခုနောက်ဆုံး ကိုဗစ်ကူးစက်မှုတွေထဲမှာ အများဆုံးပမာဏ…

25-4-2022-yyl-03.jpg

ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မက်ခရွန် အနိုင်ရ

မဲရလဒ်တွေနဲ့ မဲရုံအထွက် စစ်တမ်းတွေအရ ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မက်ခရွန်က ၅၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဒုတိယသက်တမ်းအတွက် ရွေးကောက်ခံရပြီလို့ သိရပါတယ်။ သမ္မတရွေးကောက်ပွဲ ဒုတိယအဆင့်မှာ မက်ခရွန်နဲ့အပြိုင် ရွေးကောက်ခံခဲ့တဲ့ လက်ယာစွန်းရောက် ကိုယ်စားလှယ် လီပန်ကတော့…

25-4-2022-yyl-02.jpg

ပျောက်ဆုံးနေတဲ့ ဂျပန် ရှုခင်းကြည့်စက်လှေပေါ်က လူ ၉ ယောက်ကို တွေ့ရှိ

ပျောက်ဆုံးနေတဲ့ ရှုခင်းကြည့်စက်လှေပေါ်က လူ ၉ ယောက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ လူ ၂၆ ယောက် လိုက်ပါလာတဲ့ စက်လှေဟာ ပြီးခဲ့တဲ့စနေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁း၁၅ မိနစ်မှာ ရေဝင်နေပြီဆိုတဲ့ အချက်ပြမှု…