16.4.2023-yyl-iamge-1.jpg

မိချောင်းကို ရင်ဆိုင်တိုက်ခိုက်ပြီး ခင်ပွန်းကို အသက်ဘေးကနေ ကယ်တင်ခဲ့သူ

အိန္ဒိယအမျိုးသမီးတစ်ယောက်က သူ့ယောကျာ်းကို မိချောင်းပါးစပ်ထဲကနေ ကယ်တင်နိုင်ခဲ့တယ်။ ရာဂျက်စသန်ပြည်နယ် ကိန်ကက်ချာရွာမှာ အခုလို ဖြစ်ခဲ့တာပါ။ ဘန်နီဆင်းမ်ဆိုတဲ့ အမျိုးသားက သူ့ဆိတ်တွေအတွက် မြစ်ထဲမှာ ရေသွားခပ်ရင်း မိချောင်း ကိုက်ခံရတာပါ။ မိချောင်းက သူ့ခြေထောက်ကို ကိုက်ထားချိန်မှာ သူ့ဇနီး မီနာက…

15.4.2023-yyl-iamge-2.jpg

ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး ဂူထဲမှာ ရက် ၅၀၀ ကြာ နေထိုင်ခဲ့တဲ့ စပိန်အမျိုးသမီး

ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး ပေ ၂၃၀ နက်တဲ့ ဂူထဲမှာ တစ်ကိုယ်တော် ရက် ၅၀၀ ကြာ နေထိုင်ခဲ့တဲ့ စပိန်အမျိုးသမီးဟာ ဂူထဲကနေ ပြန်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ အသက် ၅၀ အရွယ်ရှိတဲ့ ဖလာမီနီဟာ ဂူထဲမှာ…

15.4.2023-yyl-iamge-1.jpg

နာရီပေါင်း ၁ သန်းကြာ ထွန်းလင်းနေတဲ့ မီးသီး

ကယ်လီဖိုးနီးယားပြည်နယ်၊ လီဗာမိုးမြို့ မီးသတ်ဌာနရဲ့ အမှတ်(၆) မီးသတ်စခန်းမှာ ထွန်းထားတဲ့ မီးသီးဟာ နှစ် ၁၀၀ ကျော်ကြာ ထွန်းလင်းခဲ့ပါတယ်။ အဲဒီမီးသီးကို ၁၉၀၁ ခုနှစ်ကတည်းက ထွန်းထားခဲ့တာဖြစ်ပြီး ဆယ်စုနှစ်များစွာ ထွန်းလင်းနေတဲ့ ဒီမီးသီးရဲ့ တာရှည်ခံမှုကို သတင်းထောက်…

11.4.2023-yyl-iamge-34.jpg

မနေ့(ဧပြီလ ၁၂ ရက်)က ဆရာဇော်ဂျီ ၁၁၆ နှစ်မြောက် မွေးနေ့မှာ အမေရိကန်အွန်လိုင်းသတင်းစာ

Good News Network က ဆရာ့ဘဝအကြောင်း အကျဉ်းချုပ်နဲ့ ဗေဒါလမ်းကဗျာစုထဲက ကဗျာစုအမှတ်(၁၀) ”ပန်းပန်လျက်ပဲ”ကဗျာကို ဖော်ပြခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာပြန်ထားတဲ့ ဆရာ့ကဗျာကို ဖော်ပြရာမှာ ကဗျာတစ်ပိုဒ် ကျန်နေခဲ့တာနဲ့ အကျ၊ အပေါက်တချို့ ရှိခဲ့တာ တွေ့ရပါတယ်။ ဆရာဇော်ဂျီဟာ…

11.4.2023-yyl-iamge-31.jpg

သူ့ချွေးနဲ့ ရေမွေးထုတ်ရောင်းတဲ့ ဘရာဇီးမော်ဒယ်

ဘရာဇီးမော်ဒယ် ဝါနက်ဆာမိုရာက သူ့ချွေးနဲ့ ရေမွေးထုတ်ရောင်းတယ်။ ရေမွေးနာမည်က Fresh Goddess တဲ့။ ရေမွေးပုလင်းတိုင်းမှာ သူ့ချွေး ၈ မီလီလီတာပါတယ်။ သူ့ကိုယ်သင်းနံ့က စိတ်လှုပ်ရှားစရာကောင်းတယ်၊ လိင်ဆွဲဆောင်မှုရှိတယ်လို့ သူ့အတူနေချစ်သူဟောင်းနဲ့ လက်ရှိရည်းစားက ပြောတာကြောင့် မိုရာက သူ့ချွေးနဲ့…

11.4.2023-yyl-iamge-30.jpg

အတင်းအဖျင်းတွေအတွက် ဆိုခရေးတီးစ်ရဲ့ ဆန်းစစ်မှု ၃ ခု

တစ်နေ့မှာ ဂရိအတွေးအခေါ်ပညာရှင် ဆိုခရေးတီးစ်ဆီကို လူတစ်ယောက် ရောက်လာပြီး ” ခင်ဗျားမိတ်ဆွေသတင်း ကြားပြီးပြီလား”လို့ မေးတယ်။” တစ်ဆိတ်လောက်ဗျ။ အဲဒီသတင်းကို မပြောသေးခင် ခင်ဗျားကို ကျွန်တော် ဆန်းစစ်မှု ၃ ခု လုပ်ပါရစေ” လို့ ဆိုခရေးတီးစ်က…

11.4.2023-yyl-iamge-21.jpg

ဆံချည်မျှင် ၇ ပုံ၊ ၁ ပုံပဲရှိပြီး ဆဲလ်တွေ ထိခိုက်ပျက်စီးမှု ရှိ၊ မရှိ စစ်ဆေးပေးနိုင်တဲ့ စက်ရုပ်ငယ်ကို အစ္စရေးသိပ္ပံပညာရှင်တွေ ဖန်တီး

အစ္စရေးနိုင်ငံ တဲလ်အဗစ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ ဆံချည်မျှင်ရဲ့ ၇ ပုံ၊ ၁ ပုံလောက် သေးငယ်တဲ့ စက်ရုပ်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒီစက်ရုပ်ငယ်လေးတွေဟာ သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲက ထိခိုက်ပျက်စီးနေတဲ့ ဆဲလ်တွေကို ခွဲခြားဖော်ထုတ်၊ ယူငင်ပြီး တခြားနေရာကို ပို့ဆောင်ပေးနိုင်စွမ်းရှိတာကြောင့်…

11.4.2023-yyl-iamge-4.jpg

သားဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့ ကန္တာရထဲမှာ တောအုပ် ဖန်တီးနေတဲ့မိခင်

သားဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် တရုတ်နိုင်ငံက အမျိုးသမီးကြီးတစ်ဦးဟာ ကန္တာရထဲမှာ သစ်ပင် ၂ သန်းကျော် စိုက်ပျိုးခဲ့ပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီးယားအတွင်းပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အယ်ဆာသဲကန္တာရထဲမှာ သစ်ပင်တွေ စိုက်ပျိုးခဲ့တာပါ။ ယီကျားဖန်ရဲ့သား ယန်ရွေကျဲက ဂျပန်နိုင်ငံမှာ တက္ကသိုလ်တက်နေရင်း…

11.4.2023-yyl-iamge-1.jpg

၇၅ ပေါင် ဝိတ်ချပြီး သားအတွက် ကျောက်ကပ်လှူပေးခဲ့တဲ့ဖခင်

၁၆ နှစ်သား ဟန်တာက အဆင့် ၅ ကျောက်ကပ်ရောဂါခံစားနေရသူပါ။ ၂၀၂၀ ပြည့်နှစ်မှာ ရောဂါခံစားနေရမှန်း စသိခဲ့တယ်။ သူ့ကျောက်ကပ်က ၁၆ ရာခိုင်နှုန်းပဲ အလုပ်လုပ်တော့တာပါ။ ဒီတော့ ကျောက်ကပ်အလှူရှင် လိုတယ်။ သူ့အဖေ ဒန်နီယယ်က သွေးအမျိုးအစား…

10.4.2023-yyl-iamge-3.jpg

မီနီကားတစ်စီးစာ ပေါင် ၁၀၀၀ ကျော် လေးလံတဲ့ အပြာရောင်ဝေလငါးနှလုံး

အပြာရောင်ဝေလငါးရဲ့ နှလုံးက ကမ္ဘာပေါ်မှာ အကြီးမားဆုံးပါပဲ။ ဘယ်လောက်ကြီးမားသလဲဆိုရင် နှလုံးသွေးကြောတွေထဲမှာ လူတစ်ယောက် တွားသွားနိုင်တဲ့အထိပါပဲ။ အပြာရောင်ဝေလငါးရဲ့နှလုံးဟာ နို့စားနွားမတစ်ကောင် (သို့) မီနီကားတစ်စီးရဲ့အလေးချိန်လောက်ရှိပြီး ပေါင် ၁၀၀၀ ကျော် လေးလံပါတယ်။ အခန်း ၄ ခန်းပါတဲ့ ဧရာမနှလုံးကနေ…