13-6-2022-yyl11.jpg

စူးနစ်ယုံကြည်မှုသည် ပဉ္စလက်မြည်၏

ကောင်မလေးက အိပ်ခန်းထဲ ပြေးဝင်ပြီး အဝတ်ဗီရို အံဆွဲထဲက ဝက်ရုပ်စုဘူးလေးကို လှမ်းယူလိုက်တယ်။ ပြီးတော့ စုဘူးခွဲပြီး ငွေဒင်္ဂါးတွေကို ထုတ်ရေတယ်။ ၃ ခေါက် ပြန်ရေလိုက်ပြီး သေချာပြီဆိုတော့မှ ငွေဒင်္ဂါးတွေကို ကရားထဲထည့်၊ အဖုံးပိတ်ပြီး အိမ်နောက်ဖေးပေါက်ကနေ ထွက်လာခဲ့တယ်။…

13-6-2022-yyl04.jpg

၂ မိုင်ခွဲရှည်တဲ့ လမ်းတစ်လျှောက်လုံး အရိပ်ရအောင် သစ်ပင် ၈၀၀၀ ကျော် စိုက်ပျိုးခဲ့တဲ့ သူရင်းငှားလင်မယား

လယ်ပိုင်မရှိတဲ့ သူတို့လင်မယားက သူရင်းငှားလုပ်ရသူတွေပါ။ ငယ်ငယ်ကတည်းက ဆင်းရဲနွမ်းပါးကြပြီး ကျောင်းမတတ်နိုင်လို့ စာလည်း သိပ်မတတ်ဘူး။ အိမ်ထောင်ကျတာ ကြာပြီဖြစ်ပေမဲ့ အသက် ၄၀ အထိ ကလေးမရလို့ ညနေခင်း အလုပ်သိမ်းလို့ အိမ်ပြန်ရောက်ရင် ပျင်းစရာ ဖြစ်နေကြတယ်။ ဒီလိုနဲ့…

nayonfullmonday.png

နယုန်လပြည့် မဟာသမယအခါတော်နေ့

နယုန်လကို နွေနှောင်းလလို့ ခေါ်ကြတယ်။ မြန်မာလတွေထဲမှာ တတိယလဖြစ်တဲ့ နယုန်လရောက်ပြီဆိုတာနဲ့ နွေရာသီ ကုန်ဆုံးဖို့ ၁၅ ရက်ပဲ ကျန်တော့တယ်လေ။ နွေရာသီ အပူချိန် လျော့ကျလာတဲ့လ၊ မိုးသေးမိုးဖွဲလေးတွေ ရွာသွန်းလို့ မြက်နုလေးတွေ စိမ်းစိုလာတဲ့လ ဖြစ်ပါတယ်။ ဒါကြောင့်…

10-6-2022-yyl11.jpg

ဝယ်ရင်းဈေးထက် လျှော့ပေးပြီး အရှုံးခံရောင်းနေတဲ့ ဓာတ်ငွေ့ဆိုင်

အရောင်းအဝယ်လုပ်သူအများစုက အမြတ်ရဖို့ လုပ်နေကြတာဖြစ်ပေမဲ့ ဓာတ်ငွေ့ဆိုင်ပိုင်ရှင်တစ်ယောက်ကတော့ ဝယ်ရင်းဈေးထက် လျှော့ပေးပြီး နေ့စဉ်နေ့တိုင်း အရှုံးခံရောင်းပေးလျက် ရှိပါတယ်။ သူကတော့ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့၊ အော့စ်ဘွန်းလမ်းနဲ့ လမ်း ၂၀ ထောင့်မှာ ဓာတ်ငွေ့ဆိုင်ဖွင့်ထားတဲ့ ဂျာဆွီယန်ဒရီဆင်းမ်ပါပဲ။ သူက ဓာတ်ငွေ့တစ်ဂါလံကို…

6-6-2022-yyl12.jpg

တရုတ်လူမှုကွန်ရက်မှာ လူပြောအများဆုံးဖြစ်ရပ်အတွက် လူ ၉ ယောက်ကို ဖမ်းဆီးထား

အမျိုးသားတစ်စုက အမျိုးသမီးတွေကို ရက်ရက်စက်စက် ရိုက်နှက်နေတဲ့ ရုပ်သံမှတ်တမ်း ပျံနှံ့ခဲ့ပြီးနောက် လူ ၉ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေရှိနေသလားဆိုတဲ့ စကားစစ်ထိုးပွဲကိုလည်း တစ်ကျော့ပြန် အရှိန်မြင့်စေခဲ့ပါတယ်။ တရုတ်နိုင်ငံ…

6-6-2022-yyl10.jpg

မျက်နှာတစ်ခြမ်း အကြောသေသွားလို့ ဖျော်ဖြေပွဲတွေ ဖျက်ခဲ့ရတဲ့ ဂျက်စတင်ဘီဘာ

မျက်နှာတစ်ခြမ်း အကြောသေသွားလို့ Justice World Tour ရဲ့ ဖျော်ဖြေပွဲ ၃ ခုကို ဖျက်သိမ်းခဲ့ရတာဖြစ်တယ်လို့ ဂျက်စတင်ဘီဘဘာက ပြောပါတယ်။ Ramsay Hunt ဆင်ဒရုန်းကြောင့် မျက်နှာတစ်ခြမ်း အကြောသေသွားပြီး မျက်စိတစ်ဖက် မျက်တောင်မခတ်နိုင်တဲ့ အခြေအနေကို…

10-6-2022-yyl10.jpg

ပလတ်စတစ်ကို စားသောက်ပြီး ရှင်သန်တဲ့ ပိုးတုံးလုံးတစ်မျိုးကို တွေ့ရှိမှုဟာ

ပလတ်စတစ် ပြန်လည်အသုံးချရေး ကြိုးပမ်းမှုကို တစ်ခေတ်ဆန်းစေလိမ့်မယ်လို့ သုတေသီတွေက ဆိုပါတယ်။ superworm လို့ လူသိများတဲ့ Zophobas morio ပိုးတုံးလုံးဟာ ပိုလီစတိုင်ရင်း(polystyrene)ကို စားသုံးပြီး ရှင်သန်နိုင်ကြောင်း သြစတြေးလျ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာပါ။ သူတို့ရဲ့ အူထဲမှာရှိတဲ့…

10-6-2022-yyl07.jpg

နယ်သာလန်အထိလာပြီး သူ့ပရိသတ်နဲ့ လာတွေ့ဆုံခဲ့တဲ့ ဂျွန်ဆီနာ

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် မာရီယာပိုမြို့မှာရှိတဲ့ သူတို့ နေအိမ် ပျက်စီးဆုံးရှုံးခဲ့ပြီး ယူကရိန်းကနေ ထွက်ပြေးရမယ့်အချိန်မှာ ဒေါင်းဆင်ဒရုန်း ခံစားနေရတဲ့ သားငယ်ကို ချော့မော့ဖျောင်းဖျတဲ့အနေနဲ့ ဂျွန်ဆီနာကို သွားတွေ့ဖို့ ခရီးထွက်မယ်ဆိုပြီး သူ့အမေက ခေါ်လာခဲ့တာပါ။ ပြီးခဲ့တဲ့လက နယ်သာလန်ကို ရောက်ချိန်မှာ…

10-6-2022-yyl04.jpg

မုန်တိုင်းထန်တဲ့ညထဲက မေတ္တာတရားရဲ့ ပဲ့တင်ထပ်သံ

မုန်တိုင်းထန်တဲ့ညတစ်ည . . . ဟိုတယ်ခန်း လိုက်ရှာနေတဲ့ လင်မယားနှစ်ယောက် ဘယ်လီဗူးဟိုတယ်ကို ရောက်လာတယ်။ ဒါပေမဲ့ ဟိုတယ်မှာ အခန်းလွတ်တစ်ခန်းမျှ မရှိတော့ဘူး။ ဖီလာဒဲဖီးယားမှာ နိုင်ငံတကာညီလာခံရှိနေလို့ ဒီညအတွက် သူတို့ဟိုတယ်အပြင် တမြို့လုံးက ဟိုတယ်တွေမှာ အခန်းတွေ…

8-6-2022-yyl30.jpg

တောင်ကိုရီးယားဥပဒေအကျိုးဆောင်ရုံး မီးရှို့တိုက်ခိုက်ခံရဖွယ်ရှိပြီး လူ ၇ ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံ ဒဲဂုမြို့မှာရှိတဲ့ ဥပဒေအကျိုးဆောင်ရုံး မီးရှို့တိုက်ခိုက်ခံရဖွယ်ရှိပြီး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။ ဇွန်လ ၉ ရက် နံနက် ဒေသစံတော်ချိန် ၁၀ နာရီ ၅၅ မိနစ်အချိန်က ဒဲဂုမြို့ ခရိုင်တရားရုံးနားမှာရှိတဲ့ ဥပဒေအကျိုးဆောင်ရုံးမှာ…