10-3-2022-yyl1.jpg

မိခင်နဲ့ကလေးဆေးရုံကို ရုရှားတပ်ဖွဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေ ပြော

ယူကရိန်းနိုင်ငံတောင်ပိုင်းက မိခင်နဲ့ကလေးဆေးရုံကို ရုရှားတပ်ဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မြို့တော်တော်များများမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ရွှေ့ပြောင်းပေးဖို့ ရန်ပြုတိုက်ခိုက်မှုတွေကို ၁၂ နာရီကြာ ရပ်ဆိုင်းထားဖို့ ရုရှားဘက်က သဘောတူညီခဲ့ပြီးနောက်မှာ မိခင်နဲ့ ကလေးဆေးရုံ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။…

10-3-2022-yyl02.jpg

မျိုးဗီဇပြုပြင်ထားတဲ့ ဝက်နှလုံး အစားထိုးခွဲစိတ်မှုခံယူခဲ့သူ ကွယ်လွန်

ကမ္ဘာ့ပထမဆုံးအဖြစ် မျိုးဗီဇပြုပြင်ထားတဲ့ ဝက်နှလုံးကို အစားထိုးခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ အမျိုးသား ကွယ်လွန်သွားပြီလို့ မေရီလန်းတက္ကသိုလ်ရဲ့ ကျန်းမာရေးစင်တာက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ၅၇ နှစ်အရွယ် အမျိုးသား ဒေးဗစ်ဘန်းနက်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ပြီး ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။…

10-3-2022-yyl03.jpg

5G ကွန်ရက် ဘတ်ဂျက် iPhone SE အပါအဝင် စွမ်းဆောင်ရည်မြင့် ပစ္စည်းသစ်တွေကို Apple မိတ်ဆက်

ဒီနှစ်အတွက် ပထမဆုံး ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲမှာ Apple ကုမ္ပဏီက iPad Air ၊ desktop ကွန်ပျူတာသစ်၊ စွမ်းဆောင်ရည်မြင့်မားတဲ့ Mac ချစ်ပ်ပြားအသစ်၊ ဘတ်ဂျက် iPhone အမျိုးအစားသစ်တွေကို မိတ်ဆက်ပြသခဲ့ပါတယ်။ 5G ကွန်ရက်ရတဲ့…

9-3-2022-yyl09.jpg

တာလီဘန်ရဲ့တိုက်ခိုက်မှုမှာ အသက်မသေခဲ့တဲ့ ပါကစ္စတန်ကျောင်းသား အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ စကားလုအသင်း ဥက္ကဋ္ဌဖြစ်လာ

ပါကစ္စတန် တာလီဘန်တွေက စာသင်ကျောင်းကို တိုက်ခိုက်ချိန်မှာ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ကျောင်းသားလေးဟာ အခုချိန်မှာတော့ အောက်စဖို့ဒ်သမဂ္ဂအဖွဲ့ရဲ့ စကားရည်လုအသင်း ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါပြီ။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှာဝါမြို့မှာရှိတဲ့ စာသင်ကျောင်းကို တာလီဘန်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ အာမတ်နာဝက်ဇ်ရဲ့အစ်ကိုနဲ့…

9-3-2022-yyl01.jpg

ရုရှားနိုင်ငံရဲ့ ရေနံ၊ ဓာတ်ငွေ့တင်ပို့မှုကို အမေရိကန်လုံးဝ ပိတ်ပင်

ရုရှားနိုင်ငံရဲ့ ရေနံ၊ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတင်ပို့မှုတွေကို လုံးဝပိတ်ပင်လိုက်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အတည်ပြုခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ပူတင်အစိုးရအတွက် အမေရိကန်ပြည်သူတွေရဲ့ အားပြင်းတဲ့ထိုးနှက်ချက် ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။ အခုလို ပိတ်ပင်လိုက်ရင် ဓာတ်ငွေ့ဈေးတွေ မြင့်တက်မှာ စိုးရိမ်ပူပန်ခဲ့ကြပေမဲ့…

3-3-2022-yyl27.jpg

ကြွယ်ဝချမ်းသာမှုအားလုံးကို လှူဒါန်းမှုတွေလုပ်မယ်လို့ ကတိကဝတ်ပြုလိုက်တဲ့ ဘီလျံနာအမျိုးသမီး

အသက် ၃၄ နှစ် အရွယ် သြစတြေးလျရဲ့ အချမ်းသာဆုံးအမျိုးသမီးတွေထဲက တစ်ဉီးဖြစ်တဲ့ မယ်လနင် ပါကင်စ် (Melanie Perkins) ဟာ ဒေါ်လာ ၁၆.၅ ဘီလျံရှိတဲ့ သူ့ရဲ့ကြွယ်ဝချမ်းသာမှုအားလုံးကို လှူဒါန်းပေးဝေတော့မယ်လို့ သတင်းထွက်ရှိလာခဲ့ပါတယ်။မယ်လနင်က တက်တူးစပရေးရောင်းချတဲ့လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပေမဲ့…

3-3-2022-yyl24.jpg

NFTs တွေ ရောင်းချရာကနေ ပေါင်သိန်းချီ ကြွယ်ဝလာတဲ့ ၁၂ နှစ်အရွယ် ကျောင်းသားလေး

၁၂ နှစ်အရွယ် ကျောင်းသားလေးဟာ အစားထိုးမရတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု ( NFTs) တွေ ရောင်းချရာကနေ လပိုင်းအတွင်း ပေါင် ၇၅၀,၀၀၀ ရရှိခဲ့ပါတယ်။ ဘင်ယာမင်အာမတ်လို့ အမည်ရတဲ့ ကျောင်းသားလေးဟာ ၅ နှစ်သားအရွယ်ကတည်းက ဖခင်ဖြစ်သူထံကနေ ကုဒ်ရေးနည်းတွေ…

3-3-2022-yyl23.jpg

ရုရှားရဲ့ကျူးကျော်စစ်အတွင်း ယူကရိန်းမှာ အင်တာနက်သုံးနိုင်အောင် Starlink ကို အဆင့်မြှင့်မယ့် အီလွန်မက်စ်

စွမ်းအင်သုံးစွဲမှုကို အကြီးအကျယ် လျှော့ချနိုင်ပြီး ကားထဲက စီးကရက်မီးညှိတဲ့ ပလပ်ခေါင်းနဲ့ အားသွင်းနိုင်အောင် SpaceX ရဲ့ Starlink အင်တာနက်ဝန်ဆောင်မှုကို အဆင့်မြှင့်တင်နေတယ်လို့ အီလွန်မက်စ်က ပြောပါတယ်။ ဆော့ဖ်ဝဲလ်ကို အဆင့်မြှင့်တင်မှာဖြစ်လို့ Mobile roaming ( အင်တာနက်လိုင်း…

3-3-2022-yyl20.jpg

ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ မာရီယာပိုမြို့မှ အရပ်သား ၂ သိန်းကို မရွှေ့ပြောင်းပေးနိုင်သေး

ရုရှားတပ်ဖွဲ့တွေ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေတဲ့ မာရီယာပိုမြို့မှာ ပိတ်မိနေသူ ၂၀၀,၀၀၀ ကို ရွှေ့ပြောင်းပေးမယ့်အစီအစဉ်ကတော့ ပျက်ပြယ်ခဲ့ပါတယ်။ မာရီယာပိုမြို့မှာ ရေမရ၊ မီးမရ၊ မိလ္လာစနစ် မရ၊ အစားအစာနဲ့ သောက်ရေ ပြတ်လပ်တဲ့ အခြေအနေကြုံနေရတာ ၅ ရက်…

3-3-2022-yyl19.jpg

ဒီနေ့ကစပြီး သေဆုံးရသူအားလုံးက ခင်ဗျားတို့ကြောင့်ပဲ” လို့ နေတိုးအဖွဲ့ကို ဇီလင်စကီး ဝေဖန်

” ဒီနေ့ကစပြီး သေဆုံးရသူအားလုံးက ခင်ဗျားတို့ကြောင့်ပဲ။ ခင်ဗျားတို့ရဲ့ ပျော့ကွက်၊ ခင်ဗျားတို့ရဲ့ မညီညွတ်မှုတွေကြောင့် သေရတာ” လို့ ယူကရိန်းသမ္မတ ဇီလင်စကီးက နေတိုးအဖွဲ့ကို ဝေဖန်သွားခဲ့ပါတယ်။ ယူကရိန်းဝေဟင်ကို လေကြောင်းမပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးဖို့ နေတိုးက ငြင်းဆန်ခဲ့ပြီးနောက်မှာ ဇီလင်စကီးက…