yyl-017-5.jpg

တိုက်လေယာဉ်ပျက်ကျချိန်မှာ ခုန်ထွက်ခဲ့တဲ့လေယာဉ်မှူးက မဟာဓာတ်အားလိုင်း ဓာတ်ကြိုးပေါ် ချိတ်မိနေ

ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဘယ်လ်ဂျီယံလေတပ်ရဲ့ F-16 တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ထဲကနေ ခုန်ထွက်လာတဲ့ လေယာဉ်မှူးတစ်ယောက်ကတော့ ဗို့အားပြင်းတဲ့ ဓာတ်ကြိုးပေါ် ချိတ်မိနေခဲ့လို့ ကယ်တင်ခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံ ဘရစ်တနီဒေသမှာရှိတဲ့ လိုရီယန့်မြို့နားမှာ တိုက်လေယာဉ်ထဲကနေ လေယာဉ်မှူး ၂ ယောက်လုံး…

yyl-016-6.jpg

အိပ်မက်ယောင်ပြီး လက်ထပ်လက်စွပ်ကို မျိုချမိတဲ့ အမျိုးသမီး ခွဲစိတ်မှုခံယူခဲ့ရ

အမေရိကန်အမျိုးသမီးတစ်ယောက်ဟာ အိပ်မက်ယောင်ပြီး လက်ထပ်လက်စွပ်ကို မျိုချမိခဲ့လို့ ခွဲစိတ်မှုလုပ်ခဲ့ရပါတယ်။ အသက်(၂၉)နှစ်ရှိတဲ့ ဂျင်နာအီဗန်ဟာ ခင်ပွန်းလောင်း ဘော်ဘီနဲ့အတူ အမြန်ရထားစီးနေတုန်း လူဆိုးတွေနဲ့ကြုံရချိန်မှာ လက်ထပ်လက်စွပ် အလုမခံရအောင်လို့ မျိုချလိုက်တယ်ဆိုပြီး အိပ်မက်မက်ခဲ့ပါတယ်။ အိပ်မက်က နိုးလာချိန်မှာ သူ့လက်က လက်စွပ်မရှိတော့ပါဘူး။ အဲဒီအချိန်မှာ…

yyl-019-4.jpg

အန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှုဖြစ်နေပေမဲ့ စင်ကာပူဂရင်းပရီပြိုင်ပွဲကို ပုံမှန်အတိုင်း ဆက်ကျင်းပဖို့ရှိ

စင်ကာပူနိုင်ငံရဲ လေထုညစ်ညမ်းမူပမာဏက အန္တရာယ်ရှိတဲ့ အဆင့် ရောက်နေပေမဲ့ အခုတစ်ပတ်အတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ စင်ကာပူဂရင်းပရီပြိုင်ပွဲကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပသွားဖို့ ဖော်မြူလာဝမ်းပြိုင်ပွဲ အရာရှိတွေက မျှော်လင့်နေပါတယ်။ စင်ကာပူနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သစ်တောမီးရှို့မှုကြောင့် စင်ကာပူနိုင်ငံမှာ (၃)နှစ်ကျော်ကာလအတွင်း…

yyl-018-5.jpg

ဟန်ဆောင်လှဲချမှုတွေ ဖြေရှင်းဖို့ VAR စနစ် အသုံးပြုဦးမှာမဟုတ်

ဟန်ဆောင်လှဲချမှုက ပရီးမီးယားလိဂ်မှာ ပြဿနာတစ်ရပ်ဖြစ်နေပေမဲ့ ဂိုးဧရိယာအတွင်း ဟန်ဆောင်လှဲချမှုတွေကို ဖြေရှင်းဖို့အတွက် VAR (ဗီဒီယိုလက်ထောက်ဒိုင်စနစ်)အသုံးပြုမှာမဟုတ်ဘူးလို့ ဘောလုံးလောကရဲ့ စည်းမျဉ်းရေးဆွဲသူတွေက ပြောပါတယ်။ အင်္ဂါနေ့နံနက်ပိုင်းက ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်းတို့ ပွဲစဉ်မှာ ဟန်ဆောင်လှဲချတဲ့ဖြစ်ရပ် တော်တော်များများရှိခဲ့ပါတယ်။ ဝက်စ်ဟမ်းဘက်မှာ မက်ခ်နိုဘယ်၊…

yyl-017-3.jpg

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်က အေစီမီလန်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေ

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်က အေစီမီလန်အသင်းကို ပေါင်သန်း ၈၉၀ နဲ့ ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဘားနက်ဒ်အာနော့(Bernard Arnault)ဟာ နာမည်ကျော်ဖက်ရှင်ကုမ္ပဏီ လူးဝစ်ဗစ်တန်(Louis Vuitton)၊ ရှန်ပိန်ကုမ္ပဏီ ဒွန်ပီရစ်နန်နဲ့ တခြားကုန်အမှတ်တံဆိပ် ၆၈ မျိုးကို ပိုင်ဆိုင်သူပါ။…

yyl-016-4.jpg

ဂရစ်ဇ်မန်းကြောင့် အိမ်ကွင်းပိတ်ပင်ခံရဖွယ်ရှိနေတဲ့ ဘာစီလိုနာ

အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခွင့်ပြုချက်မရခင် ကြိုတင်သဘောတူညီချက် ရယူခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရင် ဘာစီလိုနာအသင်းအနေနဲ့ နျူးကမ့်ကွင်းကို ပိတ်ပစ်ရတဲ့အထိ အပြစ်ပေးခံရဖို့ ရှိနေတယ်လို့ စပိန်သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အက်သလက်တီကိုအသင်းနဲ့ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်အရ သူ့ရဲ့ ထွက်ခွာခွင့်လျော်ကြေးကို…

yyl-015-4.jpg

ခါဘီနဲ့ UFC ဥက္ကဋ္ဌက ပရဟိတဖောင်ဒေးရှင်းကို ဒေါ်လာ ၂ သန်း လှူဒါန်း

UFC လိုက်ဝိတ်ချန်ပီယံ ခါဘီနာမာဂိုမီဒေါ့ဗ်နဲ့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်တို့က သူတို့ရဲ့ကတိအတိုင်း အမေရိကန်သိုင်းပေါင်းစုံ ကစားသမား ဒက်စတင်ပိုရာရဲ့ The Good Fight Foundation အတွက် အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ လှူဒါန်းပေးခဲ့ပါတယ်။ ရုရှားသိုင်းပေါင်းစုံ ကစားသမား…

yyl-014-4.jpg

ဒဏ်ရာကို သွေးထွက်နည်းအောင် လုပ်ပေးခဲ့တဲ့ ကြိုးဝိုင်းအကူလူကို တိုင်ဆန်ဖျူရီ ဆုချီးမြှင့်

ဆွီဒင်လက်ဝှေ့သမား အော့တိုဝယ်လင်နဲ့ပွဲမှာ တိုင်ဆန်ဖျူရီ အနိုင်ရခဲ့တယ်ဆိုပေမဲ့ သူ့အခြေအနေက စိုးရိမ်စရာဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ တတိယအချီမှာကတည်းက အော့တိုဝယ်လင်ရဲ့ ပါဝါလက်သီးချက်ကြောင့် တိုင်ဆန်ဖျူရီ ညာဘက်မျက်ခုံးကွဲသွားခဲ့လို့ ကြိုးဝိုင်းဆရာဝန်ကို ပြခဲ့ရပါတယ်။ ဒီပွဲကို တိုင်ဆန်ဖျူရီ အနိုင်ရခဲ့တဲ့ အဓိကအကြောင်းရင်းတစ်ရပ်ကို ပြောရမယ်ဆိုရင် အကူလူ…

yyl-041-2.jpg

ရောမမြို့မှာ မွှေးပျံ့ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဈေးသည်တစ်ယောက်ရဲ့ ရိုးသားမှု

”ရိုးသားမှုလောက် ချမ်းသာကြွယ်ဝတဲ့အမွေမရှိ”လို့ ဝီလျံရှိတ်စပီးယားက ပြောခဲ့ဖူးပါတယ်။ ရောမမြို့မှာနေထိုင်တဲ့ (၂၃) နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားက ဒီစကားကို သက်သေထူခဲ့ပါတယ်။ ရောမမြို့မှာ (၇) နှစ်ကြာနေထိုင်ခဲ့တဲ့ မိုဆန်ရာဆယ်က အောက်ခြေလူတန်းစားတစ်ဦးပါ။ ရောမမြို့လယ်မှာဈေးဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အသက်မွေးဝမ်းကြောင်းနေသူပါ။ မိုဆန်ရာဆယ်ဟာ ပြီးခဲ့တဲ့သောကြာနေ့က ရောမမြို့…

yyl-037-2.jpg

မျှဝေခံစားခြင်းအစ စာသင်ကျောင်းက

ယနေ့ခေတ်တွင် ပုဂ္ဂလိက စာသင်ကျောင်း(Private School)အလျှိုလျို ပေါ်ထွန်းလာသည်။ ခေတ်၏ လိုအပ်ချက်အရ ဖြစ်ပေါ်လာသည့် ပုဂ္ဂလိက စာသင်ကျောင်းများ၏ ကောင်းခြင်း၊ ဆိုးခြင်းကို ဇာမချဲ့လို။ ယေဘုယျပြောရသော် ငွေကြေးတတ်နိုင်သူများ၊ ပညာရေးစနစ်၏ ဟာကွက်များကို မလိုလားသူများ၊ အချိန်မပေးနိုင်သည့်မိဘများက သားသမီးများကို…