တစ်နှစ်ပျမ်းမျှ ဒင်္ဂါးဖိုး ယူရို ၁ သန်းရရှိတဲ့ ထရီဗီရေပန်း

7.4.2023-yyl-iamge-6.jpg

ရောမမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ထရီဗီရေပန်းကို လာရောက်လည်ပတ်သူတွေက တစ်နေ့ပျမ်းမျှ ယူရို ၃၀၀၀ ဖိုး၊ တစ်နှစ်ကို ယူရို ၁ သန်းဖိုးလောက် ဒင်္ဂါးပြားတွေ ပစ်ချလေ့ရှိတယ်။
အဲဒီလို ဒင်္ဂါးပြားတွေပစ်ချတာ Three Coins in the Fountain ဆိုတဲ့ ဇာတ်ကားကနေ အစပြုတယ်လို့ ဆိုကြတယ်။ ဒင်္ဂါးပြားတစ်ပြားပစ်ရင် ရောမမြို့ကို နောက်တစ်ခါ ပြန်လာရမယ်၊ ဒင်္ဂါးပြား နှစ်ပြားပစ်ရင် အီတလီသူ/သား ချောချောလှလှလေးနဲ့ ချစ်သူဖြစ်မယ်။ ဒင်္ဂါးပြား သုံးပြားပစ်ရင်တော့ သူနဲ့ အိမ်ထောင်ပြုရမယ်ဆိုတဲ့ အယူအဆပါပဲ။

ရောမမြို့ အာဏာပိုင်တွေက ရေပန်းထဲက ဒင်္ဂါးပြားတွေကို ပြန်ဆယ်ပြီး ချို့တဲ့နွမ်းပါးသူတွေကို ထောက်ပံ့ကူညီပေးနေတဲ့ ပရဟိတအဖွဲ့ထံ လှူဒါန်းပေးတာပါ။ အဲဒီအဖွဲ့က အိမ်ရာမဲ့တွေအတွက် ခိုလှုံစရာနေရာပေးတာ၊ မီးဖိုချောင်းသုံးပစ္စည်းတွေ၊ စားသောက်ဖွယ်ရာတွေ ပေးအပ်တာမျိုး လုပ်ပေးလေ့ရှိပါတယ်။

Ref: Tourists throw over €1 million into Italy’s Trevi Fountain each year. Here’s what happens to it

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top