စေတနာရှင်တစ်ဦးကြောင့်၂၄ နှစ်အကြာမှ မင်္ဂလာပွဲကျင်းပခွင့်ရတော့မယ့် အိမ်ခြေရာမဲ့စုံတွဲ

homeless-couple-surprise-wedding-rab4love-studios-fb-png__700.jpg

မင်္ဂလာပွဲအခမ်းအနားဆိုတာ စုံတွဲတွေရဲ့ဘဝမှာ အမြတ်တနိုးတန်ဖိုးထားပြီး အမှတ်ရနေမယ့် အခိုက်အတန့်တစ်ခုပါပဲ။ မင်္ဂလာပွဲကို တစ်သက်မှာ တစ်ခါပဲ ဆောင်ရတာဆိုတဲ့ စကားကိုလည်း ကြားဖူးကြမှာပါ။ တချို့စုံတွဲတွေအတွက်ကတော့ အတူနေထိုင်ခွင့်ရပေမဲ့ ဘဝပေးအခြေအနေကြောင့် မင်္ဂလာပွဲအခမ်းအနားတောင် မကျင်းပနိုင်ခဲ့ပါဘူး။ အဲဒီစုံတွဲတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံက စုံတွဲတစ်တွဲလည်းအပါအဝင်ပါပဲ။


အသက် ၅၀ အရွယ် ရိုဆာလင် ဖာရာ (Rosalyn Ferrer) နဲ့ ရွန်မယ် ဘာစ်ကို (Rommel Basco) ဆိုတဲ့ စုံတွဲဟာ အတူနေထိုင်လာခဲ့တာ (၂၄) နှစ်ရှိပါပြီ။ သူတို့က ခက်ခဲတဲ့ဘဝကို ဖြတ်သန်းနေကြပြီး Pampanga စီရင်စုရဲ့လမ်းမထက်မှာ နေထိုင်နေရတဲ့ အိမ်ရာမဲ့စုံတွဲဖြစ်ပါတယ်။ ရိုဆာလင်နဲ့ ရွန်မယ်တို့မှာ သားသမီး (၆) ဦးရှိပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ တဲကုပ်လေးတစ်ခုမှာ နေထိုင်ခွင့်ရခဲ့တာပါ။


ဘဝပေးအခြေအနေကြောင့် ရိုဆာလင်နဲ့ ရွန်မယ်တို့က မင်္ဂလာပွဲကျင်းပဖို့ မတတ်နိုင်ကြပါဘူး။ ထမင်းစားဖို့တောင် အနိုင်နိုင်ဖြစ်နေရတဲ့ဘဝမျိုးပါ။ ပလတ်စတစ်တွေကောက်ပြီး ရောင်းချကာ ငွေရှာရပါတယ်။ တစ်နေ့တာ စားသောက်ဖို့အတွက်ပဲ ငွေရှာလို့ရခဲ့တာပါ။ မကြာသေးခင်ကမှ ရိုဆာလင်နဲ့ရွန်မယ်တို့ နေထိုင်တဲ့ နေရာအနီးနားက ဆံပင်ညှပ်ဆိုင်ပိုင်ရှင် ရစ်ချက် စထရန်ဇ် (Richard Strandz) ဆိုတဲ့အမျိုးသားဟာ သူတို့စုံတွဲကို သတိထားမိခဲ့ပါတယ်။ သူတို့စုံတွဲအကြောင်းကို နားထောင်ရပြီး (၂၄) နှစ်ကျော် အတူနေထိုင်ခဲ့ရပေမဲ့ မင်္ဂလာပွဲမကျင်းပခဲ့ရဘူးဆိုတာ သိခဲ့ရတဲ့အတွက် သူတို့အတွက် တစ်ခုခုလုပ်ပေးချင်ခဲ့ပါတယ်။ ရစ်ချက်က အဲဒီစုံတွဲရဲ့သူငယ်ချင်းတွေဆီ သွားပြီး ရိုဆာလင်နဲ့ရွန်မယ်တို့အတွက် Pre Wedding ဓာတ်ပုံရိုက်ဖို့နဲ့ မင်္ဂလာပွဲတစ်ခု စီစဉ်ပေးဖို့ အကူအညီပေးနိုင်မလားဆိုပြီး အကူအညီသါားတောင်ခဲ့ပါတယ်။


ရိုဆာလင်တို့စုံတွဲလည်း ရစ်ချက်က မင်္ဂလာပွဲစီစဉ်ပေးမယ်ဆိုတာ သိတော့ အရမ်းဝမ်းမြောက်ခဲ့ရပါတယ်။ သူတို့အတွက် မင်္ဂလာပွဲစီစဉ်ပေးဖို့အတွက် အချိန်အကြာကြီးမယူခဲ့ရပါဘူး။ Pre Wedding ဓာတ်ပုံရိုက်ကူးမှုကိုတော့ အခုနှစ် Valentine’s Day နေ့မတိုင်ခင် တစ်ရက်က ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲတော့ တရားဝင်မကျင်းပရသေးပါဘူး။ ရစ်ချက်က ရိုဆာလင်နဲ့ရွန်မယ်တို့အတွ် မင်္ဂလာပွဲကိုတော့ ဘုရားကျောင်းမှာ အခုနှစ်ထဲမှာပဲ ကျင်းပပေးသွားမှာဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top