ဂျပန်ကုမ္ပဏီတစ်ခုက ကာစတန်တစ်ဦးရဲ့မှာယူမှုကြောင့် ဖန်တီးဖြစ်ခဲ့တဲ့ ပေါင် ၁၈၇၀၀ တန် ဝံပုလွေဝတ်စုံ

30-12-2022-yyl-135.jpg

အခုနှစ်အစောပိုင်းမှာ တိုကိုဆိုတဲ့ အမျိုးသားအတွက် ပေါင် ၁၂၀၀၀ ကျော်တန် ခွေးဝတ်စုံဖန်တီးပေးခဲ့တဲ့ Zeppet Workshop ကုမ္ပဏီက အခုတစ်ခေါက်မှာလည်း ကာစတန်မာတစ်ဦးရဲ့မှာယူမှုကြောင့် ဝံပုလွေဝတ်စုံဖန်တီးပြုလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီက ဖန်တီးပြုလုပ်တဲ့ဝတ်စုံတွေရဲ့ရလဒ်က အံ့မခန်းပါပဲ။ ဝတ်စုံက လူတစ်ယောက်ကို တကယ့်တိရစ္ဆာန်တစ်ကောင်လိုဖြစ်သွားအောင် ပြောင်းလဲပေးနိုင်ပါတယ်။

အမည်မဖော်လိုသူကာစတန်မာတစ်ဦးက ကုမ္ပဏီကို ဝံပုလွေဝတ်စုံလုပ်ပေးဖို့ တောင်းဆိုမှာယူခဲ့တာပါ။ ကုမ္ပဏီကလည်း ကာစတန်မာရဲ့အလိုကျအတိုင်း ဖန်တီးပေးဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ဝဘ်ဆိုက်မှာ အမည်မဖော်လိုသူကာစတန်မာရဲ့ပြောစကားကို ရေးသားထားပါတယ်။

“ကလေးဘဝကတည်းက တိရစ္ဆာန်တွေကို ချစ်မြတ်နိုးတဲ့အတွက်ကြောင့်ရော တီဗီမှာ လက်တွေ့ဆန်တဲ့တိရစ္ဆာန်ဝတ်စုံတချို့ကို မြင်ဖူးခဲ့တာကြောင့်ပါ တစ်နေ့ တိရစ္ဆာန်ဝတ်စုံဝတ်ရဖို့ အိပ်မက်မက်ခဲ့တာပါ။ ဝံပုလွေဝတ်စုံကို ဝတ်ကြည့်တဲ့အချိန်မှာ ပြောင်းလဲသွားတဲ့ ကျွန်တော်ရဲ့အသွင်အပြင်ကြောင့် အံ့အားသင့်မိခဲ့ပါတယ်။ ကျွန်တော့်အိပ်မက် အမှန်တကယ်ဖြစ်လာခဲ့တဲ့ အခိုက်အတန့်ပါပဲ။ ဒီဝတ်စုံအတွက် အချိန် (၃) ရက်ပဲ ယူခဲ့ရပေမဲ့ အဲဒီ (၃) ရက်က အရမ်းကြာသလို ခံစားခဲ့ရတယ်။ ဒီလိုစိတ်လှုပ်ရှားမှုမျိုးမခံစားခဲ့ရတာ ကြာလှပြီ။ တကယ့်ဝံပုလွေတစ်ကောင်နဲ့တူဖို့အတွက် ကျွန်တော်ရဲ့မှာယူမှုက ခက်ခဲတယ်ဆိုပေမဲ့ ဝတ်စုံတစ်ခုလုံးက ကျွန်တော်စိတ်ကူးထားတဲ့အတိုင်း တစ်ထပ်တည်းပါပဲ”လို့ ဆိုပါတယ်။ ဒီဝံပုလွေဝတ်စုံရဲ့တန်ဖိုးက ပေါင် ၁၈၇၀၀ ဖြစ်ပါတယ်။

Ref: Company which turned man into dog for £12,480 has made a more expensive wolf costume

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top