ယုံကြည်မှုကို အရင်းတည်ပြီး မြန်မာနိုင်ငံရဲ့ အကောင်းဆုံး အသက်အာမခံလုပ်ငန်းဖြစ်ဖို့ ကြိုးစားနေတဲ့ Dai-ichi Life Insurance ကုမ္ပဏီ

6-8-2002-yyl-0142.jpg

ဂျပန်နိုင်ငံအခြေစိုက် Dai-ichi Life Insurance အသက်အာမခံကုမ္ပဏီဟာ နိုင်ငံပေါင်း ၉ နိုင်ငံမှာ လူ ၆၆ သန်းကို ဝန်ဆောင်မှုပေးနေတဲ့ အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာပရိသတ်တွေရဲ့ အချစ်တော် အောင်လအန်ဆန်ကိုလည်း Brand ambassador အဖြစ် ခန့်အပ်ထားပါတယ်။ Dai-ichi Life Insurance ကုမ္ပဏီက မြန်မာနိုင်ငံမှာ Dai-ichi Life Pro၊ Htar-Wa-Ra Edu Goal နဲ့ Dai-ichi Credit Life Insurance ဆိုတဲ့ ဝန်ဆောင်မှု (၃)မျိုးကို ဝန်ဆောင်ပေးနေပါတယ်။ ဒါ့အပြင် လွှမ်းခြုံနိုင်စွမ်း(Coverage) များပြားပြီး ဈေးနှုန်းချိုသာတဲ့ အာမခံဝန်ဆောင်မှုမျိုး ပေးအပ်နိုင်ဖို့လည်း ဆောင်ရွက်နေတယ်လို့ ဒေါ်ဇာခြည်တင်က ပြောပါတယ်။

လက်ရှိအချိန်အထိတော့ မြန်မာနိုင်ငံမှာ အသက်အာမခံထားသူက လူ ၁၀၀၀၀ မှာ ၂ ယောက်နှုန်းလောက်ပဲ ရှိသေးပါတယ်။ ဒါဟာ အာမခံထားရှိမှု (Insurance)၊ ကြိုတင်ကာကွယ်မှုတွေနဲ့ပတ်သက်ပြီး သိရှိမှု အားနည်းသေးတဲ့အချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အသက်အာမခံထားရှိတယ်ဆိုတာ မသေချာ၊ မရေရာတဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ချွတ်ချော်တိမ်းစောင်းမှု(Risk)တွေကို ကာကွယ်ပေးပြီး မိသားစုရဲ့အနာဂတ်ဘဝခရီးလမ်း သာယာဖြောင့်ဖြူးစေမယ့် အစီအမံတစ်ခု ဖြစ်ပါတယ်။Dai-ichi Life Insurance အသက်အာမခံကုမ္ပဏီဟာ အသက်အာမခံလုပ်ငန်းမှာ (၁၁၇)နှစ် အတွေ့အကြုံရှိတဲ့

ဂျပန်ကုမ္ပဏီဖြစ်ပြီး ဂျပန်လူမျိုးတွေရဲ့ထုံးစံအတိုင်း နှစ်ရှည်စီမံကိန်းကို တန်ဖိုးထားဆောင်ရွက်မယ့် ကုမ္ပဏီလို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေက ဂျပန်ထုတ်ကုန်ပစ္စည်းတွေဆိုရင် စိတ်ချယုံကြည်တတ်တဲ့ အစဉ်အလာရှိသလို Dai-ichi Life Insurance အသက်အာမခံကုမ္ပဏီကလည်း အဲဒီယုံကြည်မှု(Trust)ကို ဆက်လက်ထိန်းသိမ်းပြီး မြန်မာနိုင်ငံရဲ့ အကောင်းဆုံး အသက်အာမခံလုပ်ငန်းတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာလမှာ အသက်အာမခံ၊ ကျန်းမာရေးအာမခံတွေကို စိတ်ဝင်စားသူ ပိုများလာတယ်လို့ Dai-ichi Life Insurance Myanmar ရဲ့ စီအီးအို ဒေါ်ဇာခြည်တင်က ပြောပါတယ်။ Dai-ichi Life Insurance ကုမ္ပဏီကလည်း Customer တွေကို ပိုမိုထောက်ပံ့ပေးနိုင်ဖို့အတွက် Dai-ichi People First Fund ရန်ပုံငွေတစ်ရပ်ကို ငွေကျပ်သိန်း ၅၀၀ မတည်ထားပါတယ်။

Dai-ichi Life Insurance Myanmar ရဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ်သိရှိချင်ရင်တော့ https://www.facebook.com/daiichilifemm/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top