ကန္တာရထဲက ဒုက္ခသည်စခန်းမှာ ပလတ်စတစ်အမှိုက်တွေကနေ ငွေရှာနည်းသင်ပေးနေသူ

3-5-2022-yyl16.jpg

ဆာဟာရသဲကန္တာရမြောက်ပိုင်း ဒုက္ခသည်စခန်းမှာ စွန့်ပစ် ပလတ်စတစ်ပစ္စည်းတွေကနေ ပရိဘောဂနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်နေတယ်။ အဲဒီပရောဂျက်က Precious Plastic လို့ အမည်ရတယ်။ ၂၀၁၂ ခုနှစ်က အိုင်ဟိုဗင့်ဒီဇိုင်းအကယ်ဒမီမှာ ပညာသင်ကြားခဲ့တဲ့ စက်မှုလုပ်ငန်း ဒီဇိုင်းပညာရှင် ဒေ့ဗ်ဟက်ကင်က စတင်ခဲ့တဲ့ ပရောဂျက်ပါ။

စွန့်ပစ်ထားတဲ့ ပလတ်စတစ် ဘူးတွေ၊ ခွက်တွေကို ပြောင်စင်အောင် ရေဆေးပြီး ကြိတ်စက်နဲ့ကြိတ်တယ်။ ပြီးတော့ ပလတ်စတစ်စက်ထဲမှာ အရည်ဖျော်ပြီး Mould (ပုံစံခွက်)ထဲ လောင်းထည့်လိုက်တာပါ။ မြန်မာနိုင်ငံမှာလည်း ဒီလုပ်ငန်းမျိုး လုပ်ကြတယ်။ ကော်ဆွဲတာ (သို့) ပလတ်စတစ်စက်ဆွဲတာလို့ ခေါ်ကြတယ်။ သုံးပြီးသား ပလတ်စတစ် ဘူးခွက်တွေကို ပြန်ကြိတ်ပြီး ရလာတဲ့ကော်ကို တစ်မီးကျလို့ ခေါ်တယ်။ အဓိကကွာခြားသွားတာကတော့ စက်နဲ့ Mould(ပုံစံခွက်)ပါပဲ။

နယ်သာလန်နိုင်ငံသား ဒေ့ဗ်ဟက်ကင်ရဲ့ Precious Plastic ပရောဂျက်မှာတော့ စက်တွေရော၊ Mould တွေရော ပိုအဆင်မြင့်တယ်။ ဒေ့ဗ်ဟက်ကင်က ဒုက္ခသည်စခန်းက လူတွေကို စက်တွေ လှူပေးပြီး သူတို့ကိုယ်တိုင် လုပ်တတ်အောင် သင်ပေးနေတယ်။ စွန့်ပစ ပလတ်စတစ်ပစ္စည်းတွေကနေ ပစ္စည်းပြန်ထုတ်ပြီး ငွေရှာနိုင်အောင်လို့ပေါ့။

Precious Plastic ရဲ့ ရည်ရွယ်ချက်ကတော့ စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေရဲ့ ညစ်ညမ်းမှုပြဿနာကို ကမ္ဘာတစ်လွှားက လူတွေ ပိုသတိထားမိလာပြီး သူတို့ကိုယ်တိုင် ပါဝင်ဖြေရှင်းနိုင်စေဖို့ပါပဲ။ ကမ္ဘာပေါ်မှာ စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ပြန်အသုံးပြုနိုင်သေးတယ်။

Precious Plastic က သူတို့ရဲ့နည်းပညာတွေ၊ ဒေတာတွေအကုန်လုံးကို အလွတ်ဝေမျှ(open source)ထားလို့ စိတ်ဝင်စားရင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။


https://preciousplastic.com/solutions/machines/overview.html

Ref: Good News Network ” Dutch Visionary Helps Refugee Camp Recycling All of its Plastic Trash into New Products”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top