Lockdown ချထားချိန်မှာ အထီးကျန်နေတဲ့ သက်ကြီးရွယ်အိုတွေကို အွန်လိုင်းကနေ စိတ်အပန်းပြေအောင်လုပ်ပေးခဲ့တဲ့ မက် သျူးမက်ကောနေ
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ကမ္ဘာတစ်ဝှမ်းကလူတွေရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ဗိုင်းရပ်စ်ထိန်းချုပ်ဖို့အတွက် အစိုးရတွေက ဝင်ထွက်သွားလာမှုတွေကိုမဖြစ်မနေ ပိတ်ထားရမှာဖြစ်တာကြောင့် ပြည်သူတွေက အိမ်မှာပဲ နေထိုင်ကြရပါတယ်။ လူတော်တော်များများဟာ အိမ်မှာ တစ်နေ့တာလုပ်ငန်းဆောင်တာတွေ လုပ်နိုင်ဖို့အကောင်းဆုံးနည်းလမ်းတွေ ရှာဖွေနေကြတုန်းပါပဲ။ အခုအချိန်မှာ မိမိတို့ရဲ့ကိုယ်ပိုင်အိမ်ထက် လုံခြုံစိတ်ချရတဲ့နေရာ…

