businesswoman-with-open-palms-of-her-hands-PPLCM5Q-e1564478344827.jpg

လက်တစ်စုံ

တစ်ခုသော တနင်္ဂနွေနေ့ကဖြစ်သည်။ ကျွန်ုပ်နှင့် သူငယ်ချင်း ကျောင်းဆရာလေးတို့လည်း အခြား သူငယ်ချင်း တစ်ယောက်၏ အိမ်သို့ အလည်အပတ် ရောက်ရှိကြလေသည်။ ထိုသူငယ်ချင်း၏ အိမ်တွင် ငယ်သူချင်း နှစ်ယောက်လည်း ရောက်နှင့်နေပြီဖြစ်ရာ ကျွန်ုပ်တို့ ငါးဦးလည်း တွေးမိတွေးရာ စကားများ…

4.jpg

မြန်မာအမျိုးသမီး ကိုယ်လုံပညာရှင် Michelle နှင့် တွေ့ဆုံခြင်း

အလှမယ် ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ယောက် ဖြစ်သလို၊ လတ်တလောမှာ မြန်မာအမျိုးသမီးတွေအတွက် ကိုယ်လုံပညာ (ကိုယ်ခံပညာ) ရပ်တွေကို သင်ကြားပေးနေတဲ့ မီရှဲလ် (Michelle) ကို ရိုးရာလေးက သွားရောက်မေးမြန်းဖြစ်ခဲ့ပါတယ်။ ကိုယ်လုံပညာကို သင်ကြားပေးရတဲ့ ရည်ရွယ်ချက်နဲ့ အတွေ့အကြုံတွေ၊ မြန်မာအမျိုးသမီးငယ်တွေမှာ…

20161027large.jpg

တစ်ဘို့ထဲပဲ ကြည့်နေမလား

ယနေ့ခေတ်ကြီးထဲမှာ ဘယ်နေရာပဲ ကြည့်ကြည့် တစ်ဦးချင်း လုပ်ဆောင်ရတာထက် အပေါင်း အစုအဖွဲ့နဲ့ လုပ်ဆောင်ရတာမျိုးဟာ အင်မတန် အရေးပါပြီး တကယ်လည်း အလုပ်ဖြစ်နေတဲ့ နည်းလမ်း ဖြစ်ပါတယ်။

yangon-myanmar-PN723D4-e1564406550709.jpg

စိတ်ရှည်သည်းခံစွာ တိုင်းပြည်တည်ဆောက်ဖို့

မတွေ့တာကြာတဲ့ သူငယ်ချင်းများနဲ့ တွေ့တော့ စကားစမြည်လေး ပြောဖြစ်ကြတယ်။ နောက်တော့ နိုင်ငံရေး အကြောင်းကို ရောက်သွားတာပေါ့။ သူတို့အားလုံးက အသေးစားစီးပွားရေး လုပ်ငန်ရှင်တွေပါ။ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ငါးသိန်းလောက်အထိ အသီးသီးရထားကြတဲ့ နည်းပညာ ကုမ္ပဏီတည်ထောင်သူများပေါ့။ နိုင်ငံရေးအကြောင်း ပြောဖြစ်တဲ့အခါ…

3913-e1564402841852.jpg

အောင်မြင်မှု နဲ့ ပျော်ရွှင်မှု

“အောင်မြင်တဲ့လူဆိုတာ မနက်အိပ်ရာထတာနဲ့ ညဘက် အိပ်ရာဝင်တာရဲ့ ကြားမှာ ကိုယ်လုပ်ချင်တာကို လုပ်နေရတဲ့သူပဲ“ – ဘော့ဘ်ဒိုင်လန် (Bob Dylan) အဆိုတော် ဘော့ဘ်ဒိုင်လန်ဟာ ဒီနှစ်အတွက် စာပေ နိုဘယ်ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ အကြောင်းအရင်းကတော့ အမေရိကန်ဂီတ…

springtime-in-the-desert-M48ADWB-e1564405512608.jpg

ခေါင်းဆောင်ကောင်းဖို့ လိုသလို နောက်လိုက်ကောင်းဖို့လည်း လိုအပ်

တစ်ရံရောအခါက လိမ္မာပါးနပ်သောလှည်းကုန်သည် ဦးစီးသည့် လှည်းငါးရာအစုသည် သဲကန္တာရကို ဖြတ်သန်းပြီး ကုန်ရောင်းထွက်ကြသည်။ ရာသီဥတုမှာ ပြင်းထန်လှသဖြင့် နေ့အချိန်တွင် နားကြပြီး ညအခါမှသာ ခရီးဆက်နိုင်သည်။ ထို့ကြောင့် ကြယ် နက္ခတ်တာရာတို့ကို ကြည့်ပြီး လမ်းကြောင်းရှာဖွေတတ်သော လမ်းပြတစ်ယောက်ကိုပါ ငှားရမ်းခဲ့သည်။…

grandfather-father-child-pasturing-cows-in-family-PS2MKHK-e1564404833164.jpg

နောက်လိုက်မှန်၍ ချမ်းသာရ… နောက်လိုက်မှား၍ ပျက်စီးရ…

ဗာရာဏသီပြည်ကြီးဝယ် ကုန်ပစ္စည်းများ ပေါကြွယ်ဝလှသဖြင့် ကုန်သည်များသည် အတိုင်းတိုင်းအပြည်ပြည် အနယ်နယ်အရပ်ရပ်သို့ လှည်းတပ်ကြီးများဖြင့်ချီကာ ကုန်ရောင်းထွက်လေ့ရှိကြသည်။ တစ်နေ့သော် လှည်းငါးရာစီရှိသော ကုန်သည်အစုနှစ်စုသည် တစ်နေ့တည်း ကုန်ရောင်းထွက်ရန် အချိန်တိုက်လို့နေသည်။ ပညာရှိ လှည်းမှူးသည် လှည်းတစ်ထောင်ဖြင့် ခရီးရှည်ကို အတူထွက်လျှင် ကန္တာရခရီးဝယ်…

young-asian-male-professional-at-desk-smiling-to-RU9HW36-e1564404185192.jpg

ရွှေ့ပြောင်း အခြေချသူများနဲ့ ကျွမ်းကျင်သူများကို ကွဲကွဲပြားပြား အသုံးပြုထားတဲ့ လူတန်းစား ခွဲခြားမှု

ကျွန်တော်ဟာ အမေရိကားကိုရောက်တော့ Kansas မြို့ငယ်လေးက အိမ်တစ်အိမ်မှာ ညစာစားဖို့ အဖိတ်ကြားခံရပါတယ်။ သူတို့ လင်မယားနှစ်ဦးကတော့ အမေရိကန်မှာ မွေးဖွားကြီးပြင်းတဲ့ အမေရိကန် စစ်စစ်တွေ ဖြစ်ပါတယ်။ စကားတွေ ဖောင်ဖွဲ့ပြောရင်းနဲ့ အမေရိကန်မှာ အချို့နေရာမှာ လူတန်းစား ခွဲခြားမှု…

golf-teach.jpg

မြန်ဖို့ထက် မှန်ဖို့လို

ဘောလုံးကန်၊ အလေးတုံးပစ်၊ ဂေါက်သီးရိုက် အစရှိသဖြင့် ခြေအား၊ လက်အားကို သုံးပြီး ဆော့ရတဲ့ အားကစားတွေ ရှိပါတယ်။ အဲ့ဒီအားကစားတွေမှာ အရေးကြီးဆုံး အချက်က ဘာလို့ထင်ပါသလဲ။ အားများရမယ်လို့ ထင်ပါသလား။ ဒါဟာ အရေးအကြီးဆုံး မဟုတ်ပါဘူး။ အရေးအကြီးဆုံးက…

monkey-a-portrait-PKRBF69-e1564403285268.jpg

မနာခံလိုသူ၊ အမျက်ကြီးသူတို့အား ဆုံးမမိသောအခါ…

တစ်နေ့သောအခါ ဟိမဝန္တာတောကြီးတွင် မိုးအဆက်မပြတ် ရွာသွန်းလို့နေသည်။ တောအုပ်ကြီးအလယ် တစ်ပင်သောသစ်ပင်တွင် သိင်္ဂါလငှက်သည် မိုးလေလုံ၍ ခိုင်ခံ့သော အသိုက်ဝယ် ချမ်းသာစွာနေ၏။ ခဏအကြာတွင် ခိုက်ခိုက်တုန်နေသော မျောက်တစ်ကောင်သည် ငှက်သိုက်အနီး သစ်ကိုင်းတစ်ကိုင်တွင် မိုးလာခိုသည်။ သိင်္ဂါလငှက်သည် ချမ်းတုန်နေသော မျောက်ကို…