5-4-2020-yyl-004.jpg

သဘာဝကိုယ်ခံအားစနစ် ကို အားဖြည့်ပေးမယ့် အစားအစာ (၆) မျိုး

ရောဂါပိုးတွေက စုံလင်လာတဲ့ဒီဘက်ခေတ်မှာ ဘယ်လိုနည်းနဲ့ ကိုယ့်ကိုယ်ကိုကာကွယ်ရမလဲ အမြဲရှာဖွေကြိုးစားကြည့်ကြမှာပါပဲ။ နှာခေါင်းစည်းတွေဝယ်တပ်ရမလား၊ အားဆေးတွေပဲ ဝယ်သောက်ရမလား၊ နှစ်မိနစ်တစ်ခါ လက်ဆေးရမလား၊ လက်သန့်ဆေးရည်ဘူး တကိုင်ကိုင်နဲ့ နေရမှာလားနဲ့ စိုးရိမ်မကင်းဖြစ်နေတတ်တာပေါ့။ တကယ်တော့ ဘယ်အခြေအနေမှာဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က အဓိကကျတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ကာကွယ်မှုအလေ့အထတွေ…

bon-lone.jpg

ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်

ရေစပ်နားမှာပေါက်နေတဲ့ ဗုံလုံပင်မှ အသီးကလေးတွေ ရေပေါ်ကြွေရာတဲ့အခါ ငါးကဟပ်လိုက် ရေရိုက်ခတ်တဲ့အခါ ရေအောက်ကနေ ရေပေါ်သို့ပြန်ပေါ်လာလိုက်၊ ငါးပျံကတစ်လှည့် ခုန်မြောက်လိုက်ဟပ်လိုက်နဲ့ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်နဲ့ မြုပ်ချည်ပေါ်ချည်ဖြစ်နေခြင်းကို ဆိုလိုတာပဲဖြစ်ပါတယ်။ အမြဲတသမတ်တည်း မတည်တံ့တဲ့ နိမ့်ချည်၊ မြင့်ချည်၊ ကျချည်၊ တက်ချည်…

air-pollution-concept-young-person-with-breathing-8BFHLDD.jpg

သင်လုပ်မိနေတဲ့ ဒီအမူအကျင့်အမှား (၆)ခုကြောင့် အသက်ရှူလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်

အသက်ရှူလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဘာလဲ။ အဲဒါက အအေးမိ၊နှာစေး ဖြစ်ဖူးသူတွေ သိပြီးသားဖြစ်မယ့် အဖြစ်များတဲ့ရောဂါဖြစ်စဉ်ပါ။ ဒါပေမယ့် အသက်ရှုူလမ်းကြောင်းဆိုတာမှာ ခန္ဓါဗေဒအရ အထက်ပိုင်းနဲ့အောက်ပိုင်းနှစ်မျိုးခွဲခြားထားပါတယ်။ ကူးစက်လွယ်တဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းရက်တိုဝေဒနာ(URI)တွေက နှာခေါင်း၊လည်ချောင်း၊လေပြွန်၊လည်ချောင်းဝနဲ့ အသံအိုးတို့လို အသက်ရှူလမ်းကြောင်းအထက်ပိုင်းမှာရောဂါပိုးဝင်တာဖြစ်ပါတယ်။ နှာစေးနှာပိတ်နဲ့လည်ချောင်းနာတို့လို အအေးမိလက္ခဏာတွေဆိုရင်တော့ အဖြစ်များဆုံး URIတွေဆိုတာသေချာပါတယ်။…

attractive-lady-touching-face-while-applying-cream-WVYZ4DL.jpg

ရောဂါဘယ ကင်းဝေးအောင် မျက်နှာကို လက်နဲ့ မထိအောင်ရှောင်

လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ကိုယ့်မျက်နှာကို တစ်နာရီအတွင်း အနည်းဆုံး ၁၆ ကြိမ်ခန့် ထိတွေ့ပွတ်သပ်နေတယ်ဆိုတာ သင် သတိထားမိပါသလား။ ဒါကတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသန်းပေါင်းများစွာမှာ တွေ့ရတတ်တဲ့ အကျင့်တစ်ခုပါ။ ကိုယ့်မျက်နှာကို ထိတာပဲ၊ ဘာမှ ပြဿနာ…

2-4-2020-yyl-037.jpg

အပြင်က ပြန်ရောက်တာနဲ့ အဝတ်အစားလဲသင့်လား

COVID-19 ကြောင့် ကျွန်တော်တို့တွေက အိမ်ထဲမှာ နေ နေရပေမဲ့ ပစ္စည်းဝယ်စရာရှိလို့၊ အရေးကြီးကိစ္စရှိလို့ အပြင်ထွက်ရတဲ့အချိန်တွေ ရှိနေပါသေးတယ်။ အခုဆိုရင် လက်သန့်ရှင်းရေးအလေ့အထနဲ့အတူ အပြင်က ပြန်ရောက်တာနဲ့ အဝတ်အစားလဲသင့်လားဆိုပြီး မေးခွန်းထုတ်စရာရှိနေပါပြီ။ COVID-19 ဗိုင်းရပ်စ်က အဝတ်အစားတွေမှာ ကပ်ညှိနေနိုင်လားဆိုတာနဲ့…

2-4-2020-yyl-026.jpg

ဒန့်သလွန်သီး စားပေးပါ

ချဉ်ရည်ဟင်းပဲချက်စားစား၊ ငါးနဲ့ပဲချက်ချက်၊ မီးကင်ပြီး ဟင်းခါးပဲချက်သောက်သောက် အဆင်ပြေပြီး စားကောင်းတဲ့အသီးလေးတစ်ခုပေါ့။ ဟင်းရဲ့ ရနံ့ကိုလည်း တိုးစေလို့ တော်တော်များများကြိုက်ကြပါတယ်။ ဒန့်သလွန်သီးရဲ့ အစွမ်းသတ္တိက ဒီလောက်နဲ့ပဲပြီးသွားတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးပေးပါသေးတယ်။ ဒန့်သလွန်ပင်က အိန္ဒိယ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်တို့မှာပေါက်ရောက်ကြပါတယ်။ အပူပိုင်းဒေသမှာပေါက်ရောက်ရှင်သန်တဲ့ အပင်တစ်မျိုးပါ။ တစ်ပင်လုံးနီးပါးဆေးဖက်ဝင်ပါတယ်။…

older-woman-and-hypertension-PY3CHFN-scaled.jpg

သွေးတိုးရောဂါအတွက် လေ့ကျင့်ခန်းလမ်းညွှန်

သွေးတိုးခြင်းအတွက် လေ့ကျင့်ခန်းအကြံပေးချက်တွေကဘာတွေလဲ လေ့ကျင့်ခန်းလုပ်ခြင်းကသင့်ရဲ့သွေးတိုးကိုကျစေပါတယ်။ လေ့ကျင့်ခန်းကသင့်ကိုခွန်အားတွေပေးတဲ့အပြင်သင့်ရဲ့စိတ်ဖိစီးမှုတွေကိုကျော်လွန်ပြီးနေလို့ကောင်းစေပါတယ်။ သင်ကလောလောဆယ်လှုပ်ရှားမှုသိပ်မရှိဘူးဆိုရင်သင့်ဆရာဝန်နဲ့အရင်တွေ့ပါ။ သူကသင့်ကိုလေ့ကျင့်ခန်းလုပ်ဖို့အဆင်သင့်ဖြစ်အောင်ကူညီပေးပါလိမ့်မယ်။ လှုပ်လှုပ်ရှားရှားနေခြင်းကသင်သွေးတိုးအတွက်ကောင်းစေတဲ့အတွက်သင့်ဆရာဝန်ကအားကြိုးမာန်တက်ကူညီပါလိမ့်မယ်။ သင်ကြိုက်တဲ့လှုပ်ရှားမှုကိုလုပ်နိုင်ပြီးဒီအတွက် Gym သွားဖို့မလိုပါဘူး။ သင်လှုပ်ရှားနေပြီးနှလုံးခုန်အနည်းငယ်မြန်စေပြီးနည်းနည်းမောနေရင်အဆင်ပြေပါတယ်။ ဒါတွေထဲမှာအမြန်လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊စက်ဘီစီးခြင်း၊အလေးမခြင်းနဲ့ခြံအလုပ်လုပ်ခြင်းတွေပါဝင်ပါတယ်။ သင့်အတွက်လှုပ်ရှားမှုရွေးချယ်ဖို့ကသင့်ကိုယ်ကိုပြန်မေးရမယ့်မေးခွန်းနှစ်ခုရှိပါတယ်။ ဘာကပျော်စရာကောင်းလဲ တစ်ယောက်တည်းလေ့ကျင့်ခန်းလုပ်မှာလား ။ အဖွဲ့နဲ့လုပ်မှာလား။ ဘယ်လိုလေ့ကျင့်ခန်းမျိုးကအကောင်းဆုံးလဲ။…

nutrition01.jpg

အာဟာရဓာတ်ပြည့်ဝရေးကို ဦးစားပေးခြင်းက လူနာတွေအတွက် ဘယ်လောက်အရေးပါသလဲ

အာဟာရဓာတ်လုံလောက်စွာရရှိတာက ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး ရှုထောင့်အားလုံးမှာ အလွန်အရေးပါသော်လည်း လူအများစုက အာဟာရဓာတ်ကိုအလေးမထားဘဲ လျစ်လျူရှုထားတတ်ကြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ အာဟာရဓာတ်ပြည့်ဝဖို့အတွက် ဘယ်လိုအလေးထားဆောင်ရွက်ရမလဲဆိုတာကို ဖော်ပြရာမှာ လိုအပ်ချက်များစွာရှိနေတဲ့အတွက် လူနာတွေကို စောင့်ရှောက်ကုသရာမှာ အခက်အခဲတွေဖြစ်ပေါ်စေပါတယ်။ ၃ ပုံ ၁ ပုံရှိတဲ့…

1-4-2020-yyl-020.jpg

အသွားအလာကန့်သတ်မှုနဲ့ ငွေကြေးသုံးစွဲမှုအလေ့အထကောင်း

အခုလက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကြောင့် တချို့နေရာတွေမှာ အသွားအလာကန့်သတ်မှုတွေလုပ်ထားကြရပါတယ်။ အသွားအလာကန့်သတ်လိုက်တာနဲ့ ကျွန်တော်တို့တွေ အိမ်ထဲကနေ အိမ်ပြင်ထွက်ရတော့မှာမဟုတ်ပါဘူး။ တချို့လူတွေအတွက် အသွားအလာကန့်သတ်တာဟာ အခက်အခဲတစ်ခုလိုဖြစ်နေပါတယ်။ တကယ်တော့ အပြင်မသွားရဘဲအိမ်ထဲမှာပဲ နေတာက ကောင်းတဲ့အရာတစ်ခုလို့ပြောနိုင်ပါတယ်။ ကျွန်တော်တို့ခါတိုင်းလုပ်နေကြဖြစ်တဲ့ အပြင်ထွက်မုန့်ဝယ်စားတာ၊ လျှောက်လည်တာ၊ ဈေးဝယ်ထွက်တာတွေမရှိတော့တဲ့အတွက်…

1-4-2020-yyl-018.jpg

အဆုတ်ကို ကျန်းမာစေမည့် ဆေးဖက်ဝင်အပင်များ

အဆုတ်ကိုကျန်းမာအောင်နေထိုင်ခြင်းဖြင့် အသက်ရှုလမ်းကြောင်းတစ်ခုလုံးကို ကျန်းမာအောင်ထိန်းသိမ်းနေထိုင်ရန်မှာ အလွန် အရေးကြီးပါသည်။ အမှန်အားဖြင့် အဆုတ်ကို ကျန်းမာလာစေရန် စတင်ပြုလုပ်နိုင်သော နည်းလမ်းများစွာရှိသည့်အနက် ယခုဖော်ပြမည့် ဆေးဖက်ဝင်အပင်များလည်း အပါအဝင်ဖြစ်ပါသည်။ ဆေးဖက်ဝင်အပင်များသည် အဆုတ်ကျန်းမာရေးကို ဘယ်လို မြှင့်တင်ပေးနိုင်သလဲ။ ကျွန်ုပ်တို့ အဆုတ်သည် နေ့စဉ်နှင့်…