ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ဟာမီလ်တန်အစား ဆာခိရ်ဂရင်းပရီမှာ ဂျော့ရပ်ဆဲလ် မောင်းနှင်ခွင့်ရရှိ

2-12-2020-yyl-027.jpg

ကမ္ဘာ့ချန်ပီယံဆုကို ပူပူနွေးနွေး ဆွတ်ခူးထားတဲ့ ဖော်မြူလာဝမ်း ကားမောင်းသမား ဟာမီလ်တန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့တဲ့အတွက် ဒီဇင်ဘာလ ၆ ရက်ကျရင် ကျင်းပမယ့် ဆာခိရ်ဂရင်းပရီပြိုင်ပွဲမှာ ဟာမီလ်တန်အစား အသက် ၂၂ နှစ်အရွယ်ရှိတဲ့ အင်္ဂလန်ပြိုင်ကားမောင်းသမား ဂျော့ရပ်ဆဲလ်က မာစီးဒီးစ်အသင်းအတွက် မောင်းနှင်ခွင့် ရရှိခဲ့ပါတယ်။


ဟာမီလ်တန်ဟာ နိုဝင်ဘာလ ၂၉ ရက်က ဘာရိန်းဂရင်းပရီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး နောက်တစ်ရက်မှာတော့ သူ့မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တယ်လို့ မာစီးဒီးစ်အသင်းက အတည်ပြုခဲ့တာပါ။ ဟာမီလ်တန်ဟာ ဘာရိန်းဂရင်းပရီပြိုင်ပွဲမတိုင်ခင် ဆေးစစ်မှု ၃ ကြိမ် လုပ်ခဲ့ပြီး ၃ ကြိမ်လုံး Negative ရလဒ် ထွက်ပေါ်ခဲ့တာပါ။

ဒါပေမဲ့ ဘာရိန်းကို ရောက်မလာခင် သူနဲ့ထိတွေ့ခဲ့သူတစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ပြီး သူကိုယ်တိုင်လည်း ရောဂါလက္ခဏာ အနည်းငယ် ခံစားရလို့ နောက်တစ်ကြိမ် ဆေးစစ်ချိန်မှာ Positive ရလဒ် ထွက်ခဲ့တာပါ။ နောက်တစ်ကြိမ် ထပ်စစ်တော့လည်း Positive ရလဒ်ပဲ ထွက်ခဲ့တယ်လို့ မာစီးဒီးစ်အသင်းက အတည်ပြုပါတယ်။

Ref: Dailymail ” George Russell will drive for Mercedes in place of Lewis Hamilton in Sakhir Grand Prix this weekend after world champion tested positive for Covid-19″

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top