9.12.2021yyl14.jpg

ဆောင်းတွင်းကာလ ဉီးရေပြားဗောက်မထအောင် ဘယ်လိုကာကွယ်မလဲ

ဗောက်ထလို့ စိတ်ညစ်နေလား။ ဗောက်ထတာက အဖြစ်များဆုံးဉီးရေပြားပြဿနာတွေထဲက တစ်ခုဖြစ်ပေမဲ့ ဉီးရေပြားမှာ ဗောက်ထတာကို မြင်နေရတာ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဆောင်းရာသီရောက်တာနဲ့ ဉီးရေပြားဗောက်ထတာကို လူတော်တော်များများ ကြုံတွေ့ကြမှာပါ။ ဆောင်းရာသီက အစိုဓာတ်ကို ဆုံးရှုံးစေတဲ့အတွက် အသားရေနဲ့ ဆံသားကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဉီးရေပြားခြောက်သွေ့ခြင်းရဲ့ရလဒ်က…

3.12.2021yyl15.jpg

ဆောင်းတွင်းကာလ အသားရေထိန်းသိမ်းနည်း

တစ်ရာသီနဲ့တစ်ရာသီ ပြောင်းလဲလာတာနဲ့ ကျွန်မတို့အသားရေကို ဂရုစိုက်ဖို့ လိုပါတယ်။ ဆောင်းရာသီလည်း ရောက်လာပြီဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့အသားရေက ခြောက်သွေ့ပြီး မွဲခြောက်ခြောက်ဖြစ်လာမှာဖြစ်ပါတယ်။ ဆောင်းရာသီလေက အသားရေရဲ့အစိုဓာတ်ကို ခြောက်သွေ့သွားစေပြီး အသားရေနူးညံ့မှုကို သွားသက်ရောက်စေနိုင်ပါတယ်။ ဆောင်းရာသီမှာ အသားရေက နီမြန်းတာ၊ အက်ကွဲတာတွေဖြစ်လာပြီး အလွန်အမင်းခြောက်သွေ့တာမျိုးတွေဖြစ်လာတတ်ပါတယ်။…

25-11-2021yyl10.jpg

ကိုရီးယားကင်မ်ချီက ပေးစွမ်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

အခုဆိုရင် ကိုရီးယားအစားအစာတွေက ကမ္ဘာတစ်ဝှမ်းမှာ နေရာယူနေပါပြီ။ ကိုရီးယားအစားအစာတွေက အရသာရှိရုံသာမက ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့အတွက်ကြောင့်ပါ။ ကိုရီးယားအစားအစာတွေရဲ့သက်ရောက်မှုက အတော်လေးကောင်းပါတယ်။ ကိုရီးယားအစားအစာတွေထဲကမှ လူအများစု ကြိုက်နှစ်သက်လာကြတာတော့ ကင်မ်ချီပါပဲ။ ကိုရီးယားစားသောက်ဆိုင်၊ ကိုရီးယားအသားကင်ဆိုင်တွေထိုင်လိုက်တာနဲ့ ကင်မ်ချီက မပါမဖြစ် ချပေးလေ့ရှိကြပါတယ်။ အချဉ်ကြိုက်တဲ့သူတွေကတော့…

25-11-2021yyl4.jpg

အသားရေကို ပျက်စီးစေနိုင်တဲ့ မနက်ခင်းအလေ့အထတွေက ဘာတွေဖြစ်မလဲ

ပုံမှန်အသားရေထိန်းသိမ်းတဲ့အလေ့အထက သင့်အသားရေလိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး အံဝင်ခွင်ကျဖြစ်နိုင်ပေမဲ့ သင် သတိမထားမိဘဲ လုပ်လိုက်မိတဲ့ အမှားတချို့က သင့်အသားရေကို ပျက်စီးမိသလိုဖြစ်စေပါတယ်။ နေ့တိုင်း အစားအစာတမျိုးတည်းကိုပဲ မနက်စာအဖြစ် စားတာကစလို့ အပြင်ရောက်တဲ့အခါမှသာ နေလောင်ဒဏ်ကာကွယ်တဲ့ခရင်မ်လိမ်းတာတွေအထိပါပဲ။ သတိမထားမိပဲ လုပ်လိုက်မိတဲ့ မနက်ခင်းအလေ့အထတချို့က ဝက်ခြံပေါက်တာ၊…

22-11-2021yyl13.png

သက်တမ်းကုန်နေတဲ့ နှုတ်ခမ်းနီက ဖြစ်စေတဲ့ ဆိုးကျိုးတွေ

နှုတ်ခမ်းနီသက်တမ်းကုန်သွားပြီလားဆိုတာ မကြည့်ဘဲ ဆက်ပြီးသုံးနေမိပြီလား။ အဲဒီလို လုပ်မိနေတယ်ဆိုရင် သက်တမ်းကုန်နေတဲ့ နှုတ်ခမ်းနီတွေက သင့်ကို နေမကောင်းဖြစ်စေနိုင်တဲ့အတွက် အသုံးပြုနေတာ ရပ်တန့်လိုက်ပါ။ မိတ်ကပ်ပစ္စည်းတွေလိုပဲ နှုတ်ခမ်းနီမှာလည်း ဘယ်လောက်ပဲအသုံးပြုရမယ်ဆိုတဲ့ သက်တမ်းပါတယ်ဆိုတာ လူတိုင်းသိထားကြမှာပါ။ ကပ်ရောဂါကာလအတွင်းမှာ နှုတ်ခမ်းနီ မဆိုးဖြစ်ကြတဲ့ သူတွေများပါတယ်။…

11-11-2021yyl9.jpg

မျက်ကွင်းညိုပြီး မျက်အိတ်ဖောင်းတာကြောင့် စိတ်ညစ်နေလား

မျက်လုံးအောက်က ကျွန်မတို့ခန္ဓာကိုယ်ရဲ့အလွန်နူးညံ့တဲ့နေရာဖြစ်သလို ပါးလွှားဆုံးအရေပြားလည်းဖြစ်ပါတယ်။ အဲဒီနေရာမှာပဲ မျက်ကွင်းညိုတာ၊ မျက်အိတ်ဖြစ်တာတွေ ကြုံတွေ့နေရပါတယ်။ မျက်လုံးအောက် မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖြစ်စေတဲ့ အကြောင်းအရင်းတော်တော်များများရှိပါတယ်။ အိပ်ရေးပျက်တာ၊ ရေဓာတ်ကုန်ခန်းတာ၊ အရက်အလွန်အကျွံသောက်တာ၊ ကျန်းမာရေးနဲ့ညီညွှတ်စွာ မစားသောက်တာတွေက မျက်ကွင်းညိုတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတချို့ပါပဲ။ အဲဒါတွေအပြင်…

29-10-2021yyl13.jpg

ဆံပင်အရှည်မြန်စေတဲ့ ရိုးရှင်းလွယ်ကူတဲ့ ခေါင်းလိမ်းဆီပြုလုပ်နည်း

တချို့လူတွေအတွက် ဆံပင်ရှည်တာမြန်ပေမဲ့ တချို့လူတွေအတွက်တော့ ဆံပင်ရှည်လာဖို့ အချိန်တော်တော်ယူရပါတယ်။ ဆံပင်အရှည်မမြန်လို့ စိတ်ညစ်နေတဲ့သူတွေရှိကြလား။ အဲဒီလိုဖြစ်နေတဲ့သူတွေအတွက် ဆံပင်အရှည်မြန်ချင်တယ်ဆိုရင်တော့ အခြေခံဆံသားဂရုစိုက်နည်းတချို့ကို လုပ်ဆောင်ပေးရပါမယ်။ ဒါပေမဲ့ အခြေခံဆံသားဂရုစိုက်နည်းတွေလုပ်ရုံနဲ့မရပါဘူး။ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ ခေါင်းလိမ်းဆီလည်း လိမ်းပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဆံပင်အရှည် ပိုင်ဆိုင်ချင်သူတွေအတွက်…

4-10-2021yyl06.jpg

ထောပတ်သီးရဲ့အလှအပနဲ့ ကျန်းမာရေးကောင်းကျိုးတွေ

ထောပတ်သီးက လူတော်တော်များများစားရတာကြိုက်ကြတဲ့ အသီးပါပဲ။ ဒီအသီးကို ဖျော်ရည်လုပ်ပြီး သောက်သုံးကြတာများပါတယ်။ ထောပတ်သီးက အာဟာရဓာတ်များစွာပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ် ၂၀ ကျော်ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပရိုတင်းဓာတ်နဲ့ အဆီဓာတ်လည်း မြင့်မားစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့…

actress.png

ဘောလိဝုဒ်မင်းသမီးတစ်လက်မျှဝေထားတဲ့ ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်တဲ့နည်းလမ်း

တာမန်နာချ် ဘာတီးယား (Tamannaah Bhatia) ဟာ သဘာဝအလှတရားရှိတဲ့ ဘောလိဝုဒ်မင်းသမီးတစ်လက်ပါ။ သူ့ရဲ့ပြီးပြည့်စုံတဲ့အသားရေနဲ့ဆံပင်ကို မိန်းကလေးတွေ အားကျနေကြရပါတယ်။ တာမန်နာချ်က သူ့ရဲ့အသားရေနဲ့ဆံပင်ကို ထိန်းသိမ်းဖို့အတွက် အိမ်တွင်းနည်းလမ်းတွေကို အသုံးပြုရတာ ကြိုက်နှစ်သက်ပါတယ်။ စာဖတ်ပရိသတ်တွေကို အခုမျှဝေပေးချင်တာက သူ့ရဲ့လှပတဲ့ဆံပင်အတွက် လျှို့ဝှက်ချက်ပါပဲ။…

unnamed-4.png

ဆံပင်အဖျားနှစ်ခွဖြစ်တာကို သက်သာသွားစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းများ

ဆံပင်အဖျားနှစ်ခွဖြစ်တာကို မိန်းကလေးတိုင်း ကြုံတွေ့ကြရပါတယ်။ ဆံပင်အဖျားနှစ်ခွတွေက သင့်ဆံသားကို ခြောက်သွေ့ကြမ်းတမ်းပြီး ရှုပ်ပွစေတဲ့အပြင် ဆံပင်သန်စွမ်းတာကိုလည်း ရပ်တန့်စေပါတယ်။ အိမ်မှာ ကိုယ်တိုင်ပြုလုပ်တဲ့ ဆံပင်ပေါင်းတင်ဆေးတွေက ဆံပင်အဖျားနှစ်ခွဖြစ်ပြီး ပျက်စီးတာကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်အဖျားနှစ်ခွဖြစ်တာကို သက်သာသွားစေနိုင်ဖို့အတွက် အိမ်တွင်းနည်းလမ်းတချို့နဲ့ လုပ်ကြည့်ဖို့…