5-9-2020-yyl-016.jpg

သစ်ကြံပိုးခေါက်ကို ဘယ်လိုလူမျိုးတွေက သတိထားစားပေးသင့်လဲ

သစ်ကြံပိုးခေါက်က ကျန်းမာရေးနဲ့ညီညွှတ်တဲ့ဂုဏ်သတ္တိများစွာပါဝင်တဲ့အတွက် ဟင်းလျာတွေနဲ့ မုန့်အမျိုးမျိုးလုပ်တဲ့အခါမှာလည်း အသုံးပြုကြပါတယ်။ အာဟာရဓာတ်နဲ့ဗီတာမင်ဓာတ်တွေပါဝင်ပြီး သင့်တင့်တဲ့ပမာဏလောက် စာသုံးပေးမယ်ဆိုရင် သင့်ကို ကျန်းမာရေးကောင်းအောင်ကူညီပေးပြီး နာတာရှည်ရောဂါတွေဖြစ်နိုင်ချေကို ကာကွယ်ပေးပါတယ်။ ယေဘုယျအားဖြင့်ဆိုရင် သစ်ကြံပိုးခေါက်အမှုန့်နဲ့ ဖြည့်စွက်စာတွေက စားသုံးဖို့အတွက် အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ ချင့်ချိန်မစားသုံးဘူးဆိုရင် တချို့လူတွေအတွက်…

1-10-2020-yyl-018.jpg

အစာစားရင် မြန်မြန်မစားဖို့ အလျင်စလိုမစားဖို့ ပြောရတဲ့အကြောင်းအရင်း

“ထမင်းကို ဖြည်းဖြည်းစားပါ…နောက်က ကျားလိုက်မလာပါဘူး” လို့ စာဖတ်ပရိသတ်တွေ အပြောခံရဖူးတယ်မလား။ မနက်စာ၊ နေ့လည်စာ၊ ညစာစားတဲ့အချိန်မှာ အလျင်စလိုမစားဖို့၊ ဖြည်းဖြည်းစားဖို့ ပြောရတာက သင့်အတွက် ကောင်းစေချင်လို့ပါ။ ကျွန်တော်တို့အများစုက အလုပ်များတာကြောင့်၊ အရေးတကြီးလုပ်စရာရှိတာကြောင့် မနက်စာနဲ့ နေ့လည်စာကို မြန်မြန်ဆန်ဆန်စားပြီး…

1-10-2020-yyl-007.jpg

အသားရေနဲ့ဆံသားအတွက် ဗီတာမင်အီးကို ဘယ်လိုအသုံးပြုမလဲ

ဗီတာမင်အီးကို အသားရေမှာ အသုံးပြုမယ်ဆိုရင် အရေပြားအစွန်းရောက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး အရေပြားရဲ့သဘာဝအရေးအကြောင်းတွေကို ဖြစ်ပေါ်စေသောအကြောင်းရင်း (Free Radical)တွေကို တိုက်ဖျက်ပေးတဲ့အပြင် အသားရေကိုလည်း ရေဓာတ်ထိန်းပေးပါတယ်။ အဲဒီလို ဗီတာမင်အီးရဲ့အကျိုးကျေးဇူးတွေက ကြည်လင်တဲ့အသားရေကို သင့်ကို ပေးစွမ်းမှာဖြစ်ပါတယ်။ ဆယ်လီတွေတောင် သူတို့ရဲ့တစ်နေ့တာမှာ ဗီတာမင်ဓာတ်တွေကို…

30-9-2020-yyl-009.jpg

မိန်းကလေးတွေမှာဖြစ်တတ်တဲ့ အဖြူဆင်းတာကို သက်သာသွားစေမယ့် နည်းလမ်းတချို့

အဖြူဆင်းတာက အမျိုးသမီးတွေကြားမှာ အဖြစ်များတဲ့ပြဿနာတစ်ခုပါပဲ။ ဒါပေမဲ့ ဆယ်ကျော်သက်မိန်းကလေးတွေက ဒီပြဿနာကို အများဆုံးကြုံတွေ့ကြရပါတယ်။ အဖြူဆင်းတာနည်းတယ်ဆိုရင်တော့ ပြဿနာမဟုတ်ပါဘူး။ အဖြူဆင်းတာအရမ်းများရင်တော့ ဂရုစိုက်ရမယ့်ကိစ္စဖြစ်လာပါပြီ။ အဆက်မပြတ် အဖြူဆင်းတာက အားနည်းတာကြောင့်ရော၊ ဘတ်တီးရီးယားကူးစက်တာကြောင့်ရော ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဖြူဆင်းတာကို ကုသပေးဖို့ အရေးကြီးပါတယ်။…

28-9-2020-yyl-034.jpg

ကမ္ဘာတစ်ဝှမ်းမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူဦးရေ (၁) သန်းကျော်ရှိသွားပြီ

တရုတ်နိုင်ငံဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ အခုထိမပြီးဆုံးသေးဘဲ ဆက်လက်ဖြစ်ပွားနေခဲ့ရာ အခုဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးသူဦးရေ (၁) သန်းကျော်သွားခဲ့ပါပြီ။ ကမ္ဘာတစ်ဝှမ်းမှာ လူသန်းပေါင်း (၃၃.၅) သန်းကျော်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်သစ်ကြောင့်ဖြစ်တဲ့ COVID-19 ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုကနေတဆင့် ရောဂါအတွက်…

28-9-2020-yyl-022.jpg

စပ်တဲ့အစားအစာတွေ စားသုံးတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုတွေ ဖြစ်လာနိုင်လဲ

စာဖတ်ပရိသတ်တွေရော စပ်တဲ့အစားအစာတွေကို ကြိုက်ကြလား။ တချို့လူတွေဆိုရင် အစပ်မပါရင်ကို ထမင်းမစားတတ်ကြပါဘူး။ တချို့ဟင်းလျာတွေက အရမ်းအစပ်များတဲ့အတွက် ချက်တဲ့စာဖိုးမှူးတွေတောင် သူတို့မျက်လုံးတွေကို ကာကွယ်ဖို့အတွက် မျက်လုံးကာကွယ်ပေးတဲ့Mask တွေကို ဝတ်ဆင်ကြရပါတယ်။ အပူအစပ်များတဲ့ အစားအစာတွေကို စားသုံးတာက ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်းရှိတယ်ဆိုတာက…

24-9-2020-yyl-019.jpg

ဆံသားတွေကို သဘာဝအတိုင်းဖြောင့်စင်းသွားစေမယ့် နည်းလမ်းတွေ

ဆံပင်တွေ ရှုပ်ပွနေလို့ ဆံသားတွေ ဖြောင့်စင်းစင်းလေးဖြစ်ဖို့ ဆံသဆိုင်သွားလုပ်လုပ်နေရတာ စိတ်ကုန်နေပြီလား။ အခုလိုအချိန်မှာ ဆံသဆိုင်တွေလည်း ပိတ်ထားတော့ ဆံသားတွေ ဖြောင့်စင်းဖို့အတွက် သွားလုပ်လို့လည်းမရတော့ဘူး။ ဒီလိုမျိုးစိတ်မကျေနပ်စရာတွေနဲ့ ကြုံတွေ့နေရတဲ့ပျိုမေတွေအတွက် ဖြေရှင်းနည်းရှိပါတယ်နော်။ အိမ်မှာပဲ ရှုပ်ပွနေတဲ့သင့်ဆံပင်တွေကို ဖြောင့်စင်းသွားအောင် လုပ်လို့ရတဲ့ သဘာဝနည်းလမ်းတွေရှိတဲ့အတွက်…

23-9-2020-yyl-012.jpg

စိတ်ဖိစီးလာတဲ့အခါတိုင်း ဒီနည်းတွေကို လိုက်လုပ်ကြည့်လိုက်ပါ

စိတ်ဖိစီးတာနဲ့ စိုးရိမ်ပူပန်တာတွေကို လူတိုင်းကြုံတွေ့ခံစားဖူးကြပါတယ်။ အခုလိုကိုဗစ်ကာလအတွင်းမှာ အဲဒီအခြေအနေက ပိုပြီးတောင် ဆိုးရွားလာစေပါတယ်။ စိုးရိမ်ပူပန်တာနဲ့ စိတ်ဖိစီးတာက သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အတော်လေး အန္တရာယ်ရှိပါတယ်။ သင့်ရဲ့စိတ်ညစ်စရာအတွေးတွေကို ဖယ်ထုတ်ပြီး စိတ်ဖိစီးမှုကနေ ကင်းဝေးစေမယ့် လွယ်ကူတဲ့နည်းလမ်းရှိပါတယ်။ အဲဒီနည်းလမ်းတွေကို သင်…

22-9-2020-yyl-016.jpg

အခုကာလမှာ လျစ်လျူရှုမထားသင့်တဲ့ အာဟာရဓာတ် (၄) မျိုး

ကမ္ဘာတစ်ဝှမ်းမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ အရေအတွက်က များလာနေတုန်းပါပဲ။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူအရေအတွက် များလာနေတဲ့အတွက် လိုအပ်တဲ့စည်းမျဉ်းတွေနဲ့ တင်းကျပ်တဲ့ Stay Home စည်းမျဉ်းတွေချမှတ်ထားရပါတယ်။ ကိုဗစ်ကုသဆေးကလည်း ဘယ်အချိန်မှာ တရားဝင်ထွက်ရှိလာမလဲဆိုတာ မသေချာမရေရာဖြစ်နေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားတာက ဗိုင်းရပ်စ်အန္တရာယ်ကနေ ရှောင်နိုင်မယ့်တစ်ခုနည်းသောနည်းလမ်းပါပဲ။…

21-9-2002-yyl-019.jpg

ဆီးချိုရောဂါအမျိုးအစား (၂) ကနေ အမျိုးအစား (၁) ကို ပြောင်းလဲဖို့ ဖြစ်နိုင်လား

ဆီးချိုရောဂါက အရှင်းပျောက်အောင် ကုသလို့မရနိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ ဆီးချိုရောဂါရှိတဲ့သူတစ်ယောက်က သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိခြင်းဖြင့် ရောဂါလက္ခဏာကို ထိန်းထားလို့သာရနိုင်ပါတယ်။ ဆီးချိုရောဂါဆေးထိုးဆေးသောက်တာနဲ့ နေထိုင်မှုပုံစံပြောင်းလဲတာက ဆိုးရွားလာမယ့် ရောဂါအခြေအနေကို ထိန်းချုပ်ဖို့နဲ့ ပျော်ရွှင်တဲ့ဘဝမှာ နေထိုင်ဖို့အတွက် အထိရောက်ဆုံးနည်း (၂) မျိုးဖြစ်ပါတယ်။…