27.10.23-yyl-2.jpg

၃၉၉ ပေါင် အလေးချိန်ရှိတဲ့ ရွှေဖရုံသီးပေါ်မှာ တေလာဆွစ်ဖ်ပုံရေးဆွဲခဲ့တဲ့ ပန်းချီပညာရှင်

လွန်ခဲ့တဲ့ ၃၅ နှစ်အတွင်း ဂျင်းနက် ပါရက်စ်ဆိုသူ ပန်းချီပညာရှင်က ရွှေဖရုံသီးကြီးတွေပေါ်မှာ နာမည်ကြီးပုဂ္ဂိုလ်ပုံတွေ ရေးဆွဲလာခဲ့တာပါ။ အခုနှစ်မှာတော့ သူဟာ ၃၉၉ ပေါင် အလေးချိန်ရှိတဲ့ ရွှေဖရုံသီးကြီးပေါ်မှာ တေလာဆွစ်ဖ်ပုံကို ရေးဆွဲခဲ့ပါတယ်။ ဧရာမရွှေဖရုံသီးကြီးမှာ တေလာဆွစ်ဖ်ရဲ့မျက်နှာရေးဆွဲထားတာကို ပုံမှာ…

27.10.23-yyl-1.jpg

ရိုက်ကွင်းမှာ အောက်ပိုင်းအကြောသေသွားခဲ့တဲ့ သူ့ရဲ့စတန့်သမားအကြောင်း မှတ်တမ်းရုပ်ရှင် ထုတ်လုပ်ထားတဲ့ ဒန်နီရယ် ရက်ကလစ်ဖ်

ဟယ်ရီပေါ်တာအဖြစ် နာမည်ကြီးတဲ့ ဒန်နီရယ် ရက်ကလစ်ဖ်ဟာ ရိုက်ကွင်းမှာ အကြောသေသွားတဲ့ စတန့်သမားဒေးဗစ်ဟုမ်းစ်အကြောင်း မှတ်တမ်းရုပ်ရှင်ထုတ်လုပ်ထားပါတယ်။ ဒေးဗစ်ဟုမ်းစ်က ဒန်နီရယ်နဲ့အတူ ဟယ်ရီပေါ်တာစီးရီးတွေမှာ အနီးကပ်အတူရိုက်ကူးခဲ့ရတာပါ။ ဒေးဗစ်ဟုမ်းစ်က ၂၀၀၉ ခုနှစ် ဇန်နဝါရီမှာ The Deathly Hollows: Part…

25.10.23-yyl-၄-1.jpg

တန်ချိန် ၃၀၀၀၀ လေးလံတဲ့ အဆောက်အအုံကို ၉၄၄ ပေ ရွှေ့ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ဖူးတဲ့ တရုတ်အင်ဂျင်နီယာများ

တရုတ်အင်ဂျင်နီယာတွေဟာ တန်ချိန် ၃၀၀၀၀ လေးလံတဲ့ ယာဉ်ရပ်နားစခန်းတစ်ခုကို ၂၈၈ မီတာ ( ၉၄၄ ပေ) ရွှေ့ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ဖူးပါတယ်။ ဟူရှီလောင်းယာဉ်ရပ်နားစခန်းဟာ ဖူကျင်းပြည်နယ်၊ ရှားမန်မြို့၊ ကျီမိုင်ခရိုင်မှာ တည်ရှိပါတယ်။ လွန်ခဲ့တဲ့ ၄…

25.10.23-yyl-2.jpg

မွေးနေ့လက်ဆောင်အဖြစ် အခြားလက်ဆောင်တွေထက် မွေးနေ့အလှူလုပ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ၁၀ နှစ်သားလေး

အသက် ၁၀ နှစ်အရွယ် အဲလက်စ် ဘိတ်ကာဆိုတဲ့ ကလေးလေးဟာ ပြီးခဲ့တဲ့လက ၁၀ နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲခဲ့တာပါ။ သူ့အမေက သူ့ကို မွေးနေ့လက်ဆောင်အနေနဲ့ ဘာလိုချင်လဲမေးတော့ သူ့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ အခြားသူတွေကို အကျိုးပြုစေမယ့်အရာကို တောင်းဆိုခဲ့တာပါ။ သူ့မှာ လိုအပ်တဲ့အရာမှန်သမျှရှိတယ်လို့…

25.10.23-yyl-1.jpg

ဩစတြေးလျမှာ သည်းထိတ်ရင်ဖိုဇာတ်ကားရိုက်ကူးရင်း လှူဒါန်းမှုတစ်ခုလုပ်ခဲ့တဲ့ နစ်ကိုလက်စ် ကေ့ချ်

Ghost Rider မင်းသားကြီး နစ်ကိုလက်စ် ကေ့ချ်ဟာ သည်းထိတ်ရင်ဖိုဇာတ်ကားအသစ် The Surfer ရိုက်ကူးနေတဲ့အတွက် ဩစတြေးလျမှာ ရှိနေပါတယ်။ သူက နာမည်ကြီးကမ်းခြေမြို့ Yallingup မှာ ဇာတ်ကားရိုက်ကူးနေရင်း ကလေးတွေအတွက် ပရဟိတလုပ်ငန်းတွေကို အကျိူးပြုနေတဲ့ Channel…

24.10.23-yyl-11.jpg

ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီ သေဆုံး

ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီဟာ ၃၁ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါပြီ။ ဘော်ဘီရဲ့သခင်တွေဟာ ပေါ်တူဂီနိုင်ငံအလယ်ပိုင်းက ရွာငယ်လေးမှာ နေထိုင်ကြတာပါ။ ဘော်ဘီဟာ ပေါ်တူဂီခြံစောင့်ခွေးမျိုးစိတ်ဖြစ်တဲ့ ရာဖဲရိုခွေးတစ်ကောင် ဖြစ်ပါတယ်။ ရာဖဲရိုခွေးတွေဟာ သက်တမ်း ၁၂…

24.10.23-yyl-10.jpg

လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးနဲ့ အန်ဘိုဟွန်း

ကိုရီးယားနာမည်ကျော်အဆိုအဖွဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးနဲ့ မင်းသား အန်ဘိုဟွန်းတို့ဟာ သူတို့ရဲ့ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါပြီ။ သူတို့လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းက အောက်တိုဘာ ၂၄ ရက်နေ့မှာ ထွက်ရှိလာခဲ့တာပါ။ “ဂျီဆူးနဲ့ အန်ဘိုဟွန်းတို့ရဲ့ဆက်ဆံရေးက အလုပ်အရမ်းများတာကြောင့် ဝေးကွာဖို့ဖြစ်လာခဲ့ပြီး မကြာသေးခင်ကမှ လမ်းခွဲခဲ့ကြတယ်” လို့…

24.10.23-yyl-7.jpg

ကမ္ဘာ့ပထမဆုံး ဆိုလာစွမ်းအင်သုံး လမ်းကြမ်းစီး SUV ကားကို နယ်သာလန်ကျောင်းသားတွေ ဖန်တီး

နယ်သာလန်နိုင်ငံက ကျောင်းသားတစ်စုဟာ ကမ္ဘာ့ပထမဆုံး ဆိုလာစွမ်းအင်သုံး လမ်းကြမ်းစီး SUV ကားကို တီထွင်ခဲ့ပြီး မော်ရိုကိုနိုင်ငံမှာ စမ်းသပ်မောင်းနှင်ခဲ့ကြပါတယ်။ မြေမျက်နှာသွင်ပြင် မတူညီမှုများပြီး အနိမ့်အမြင့်၊ အကွေ့အကောက်များတဲ့ မော်ရိုကိုနိုင်ငံမှာ မိုင် ၆၂၀ စမ်းသပ်မောင်းနှင်မှုအရ ဈေးကွက်ထဲမှာ ရှိပြီးသား…

24.10.23-yyl-4.jpg

ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်ပြီဖြစ်တဲ့ တရုတ်ထိပ်တန်းမင်းသမီးအလှဘုရင်မကျန်းဇီယီ

တရုတ်ထိပ်တန်းမင်းသမီးစာရင်းဝင် ကျန်းဇီယီဟာ ခင်ပွန်းဖြစ်သူ ဂီတပညာရှင် ဝမ့်ဖန်းနဲ့ ကွာရှင်းလိုက်ပါပြီ။ အသက် ၄၄ နှစ်အရွယ် ကျန်းဇီယီနဲ့ အသက် ၅၂ နှစ် အရွယ်ဝမ့်ဖန်းတို့စုံတွဲက ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ ကွာရှင်းပြတ်စဲကြောင်းကြေညာချက်ကို အောက်တိုဘာ ၂၃…

24.10.23-yyl-1.jpg

ဂျပန်တို့ရဲ့ ဂုဏ်ယူစရာ အသားမာများ

မီကိုရှီ(mikoshi) ပွဲတော်ဆိုတာ ရှင်တိုဘာသာဝင်တွေရဲ့ အရေးပါတဲ့ပွဲတော်တစ်ခုဖြစ်ပြီး အမျိုးသားတွေက ကျောင်းဆောင်တွေကို ထမ်းပိုးလှည့်လည်ကြပါတယ်။ ကျောင်းဆောင်တွေကို ထမ်းပိုးခွင့်ရတာဟာ ရှင်တိုဘာသာဝင်တွေအတွက် ဂုဏ်ယူစရာဖြစ်ပြီး တချို့တွေကတော့ နှစ်စဉ်နှစ်တိုင်း ပါဝင်လေ့ရှိကြပါတယ်။ ကျောင်းဆောင်ကို ထမ်းပိုးမယ့်သူတွေ လိုက်နာရမယ့် စည်းမျဉ်းတွေထဲမှာ ရိုးရာဝတ်စုံပဲ ဝတ်ဆင်ရမယ်၊…