20-4-20202-yyl-012.jpg

Social Distancing စည်းမျဉ်းတွေ ပြေလျော့သွားတဲ့အတွက် အလုပ်ခွင်နဲ့ လူများတဲ့နေရာတွေကို ကိုရီးယားလူမျိုးတွေ ပြန်သွားနေ

တောင်ကိုရီးယားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ဆက်လက်ကျဆင်းသွားပြီး လူတွေနဲ့ခပ်ခွာခွာနေရမယ့်စည်းမျဉ်းတွေ ပြောလျော့သွားတဲ့အတွက် တောင်ကိုရီးယားလူမျိုးတွေက အလုပ်ခွင်၊ လူများတဲ့ ဈေးဝယ်စင်တာ၊ ပန်းခြံနဲ့ စားသောက်ဆိုင်တွေကို ပြန်သွားနေကြပြီလို့ သိရပါတယ်။ တချို့ကုမ္ပဏီတွေကလည်း Work from Home အစီအစဉ်ကိုလည်း အဆုံးသတ်လိုက်ပါပြီ။ ရက်တစ်ပတ်တော်တော်ကြာ…

20-4-20202-yyl-001.jpg

အင်ဒိုနီးရှားနိုင်ငံရဲ့ ရွာတစ်ရွာမှာ အင်ဒိုနီးရှားလူမျိုးတွေကို အိမ်ထဲကနေ အိမ်ပြင်မထွက်အောင် သရဲတွေနဲ့ ခြောက်လှန့်

အင်ဒိုနီးရှားနိုင်ငံက Kepuh ရွာမှာ နေထိုင်တဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့အတွက် သရဲတွေနဲ့ ခြောက်လှန့်တဲ့နည်းကို သုံးခဲ့ကြပါတယ်။ အိမ်အပြင်ထွက်လာတဲ့သူတွေကို အဖြူရောင်ဝတ်ရုံနဲ့သရဲတွေက ခြောက်လှန့်နေတာဖြစ်ပါတယ်။ Kepuh ရွာက ဂျာဗာကျွန်းပေါ်မှာ တည်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကနေ လူတွေကို ဝေးဝေးနေဖို့နဲ့ အိမ်အပြင်မထွက်ဖို့အတွက်…

15-4-2020-yyl-033.jpg

ကားပစ္စည်းအစိတ်အပိုင်းတွေနဲ့ အသက်ရှုစက်ပြုလုပ်ဖို့ ကြိုးစားနေတဲ့ ဆယ်ကျော်သက်လူငယ်တစ်စု

လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ COVID-19 ကြောင့် ဆေးရုံသုံးပစ္စည်းတွေ လိုအပ်လျက်ရှိပါတယ်။ အဲဒီလိုလိုအပ်ချက်တွေရှိနေတဲ့အတွက် လူတော်တော်များများဟာ တစ်ဖက်တစ်လမ်းကနေ ကူညီတဲ့အနေနဲ့ ကိုယ်တိုင်ပြုလုပ် ဖန်တီးပေးနေကြပါတယ်။ အခုလည်း အာဖဂန်နစ္စတန်နိုင်ငံက ဆယ်ကျော်သက်လူငယ်တစ်စုက ကားပစ္စည်း အစိတ်အပိုင်းတွေနဲ့ အသက်ရှုစက်ပြုလုပ်ဖို့ ကြိုးစားနေကြပါတယ်။…

06intl.jpg

အမေရိကန်နိုင်ငံမှာ တစ်လအတွင်း အလုပ်လက်မဲ့ဖြစ်သူ သန်း(၂၀) ရှိလာ

COVID-19 ကူးစက်ပျံ့နှံ့လို့ အမေရိကန်နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုတွေ လုပ်ထားရပြီး စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရလို့ ပြီးခဲ့တဲ့တစ်ပတ်က အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၅.၂ သန်း ရှိခဲ့ပါတယ်။ အဲဒီအတွက် ပြီးခဲ့တဲ့လအတွင်း အမေရိကန်နိုင်ငံ အလုပ်သမားရေးရာဌာနကို အလုပ်လက်မဲ့ ခံစားခွင့် လာရောက်လျှောက်ထားသူ…

05intl.jpg

ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဆိုးရွားလာတဲ့အတွက် ဂျပန်နိုင်ငံမှာ နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာလိုက်ပါပြီ။ နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာလိုက်လို့ ဒေသဆိုင်ရာ အစိုးရအဖွဲ့တွေက လူတွေကို အိမ်ထဲမှာ နေကြဖို့ တိုက်တွန်းနိုင်မှာဖြစ်ပေမဲ့ ပြစ်ဒဏ်ပေးနိုင်လောက်တဲ့ စည်းမျဉ်း ဒါမှမဟုတ် ဥပဒေအရ…

04intl.jpg

တောင်ကိုရီးယားလွှတ်တော်ရွေးကောက်ပွဲမှာ မြောက်ကိုရီးယားပြည်ပြေးတစ်ဦး အမတ်အဖြစ် ရွေးကောက်ခံရ

မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးလာတဲ့ သဲယွန်ဟိုဟာ တောင်ကိုရီးယားလွှတ်တော်ရွေးကောက်ပွဲမှာ အမတ်အဖြစ် ရွေးကောက်ခံရတဲ့ ပထမဆုံးပြည်ပြေး ဖြစ်လာခဲ့ပါတယ်။ သဲယွန်ဟိုဟာ တစ်ချိန်တုန်းက ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်မှာတော့ သူ့ရဲ့မိသားစုနဲ့အတူ ထွက်ပြေးတိမ်းရှောင်ခဲ့သူပါ။ သူဟာ မြောက်ကိုရီးယားနိုင်ငံကနေ…

03intl.jpg

COVID-19 ကြောင့် မိခင်ဖြစ်သူ သေဆုံးခဲ့ပေမဲ့ မွေးကင်းစကလေးငယ် ကျန်းကျန်းမာမာရှိ

COVID-19 ရောဂါ ကူးစက်ခံရပြီးနောက် လူချစ်လူခင်ပေါတဲ့ သူနာပြုတစ်ဦး သေဆုံးခဲ့ပေမဲ့ သူ့ရဲ့မွေးကင်းစ ကလေးငယ်ကတော့ ကျန်းကျန်းမာမာ ရှိနေတယ်လို့ ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဗြိတိန်နိုင်ငံရဲ့ လူတန်အန်ဒန်စတေဘယ်တက္ကသိုလ်ဆေးရုံမှာ ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၂၈…

02intl.jpg

ခရူဂျာဥယျာဉ်ကို ဧည့်သည်တွေ မလာလို့ ခြင်္သေ့အုပ်စုလိုက် လမ်းပေါ်တက်အိပ်နေ

တောင်အာဖရိကနိုင်ငံရဲ့ ခရူဂျာအမျိုးသားဥယျာဉ်ဟာ သားရဲတိရစ္ဆာန်တွေ စုံလင်လို့ ပုံမှန်အားဖြင့် ဧည့်သည်တွေနဲ့ စည်ကားနေလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာ ကန့်သတ်ထားရချိန်မှာ ခရူဂျာအမျိုးသားဥယျာဉ် ကိုလည်း မတ်လ ၂၅ ရက်ကတည်းက ပိတ်ထားရပါတယ်။ ခြင်္သေ့တစ်အုပ်ကတော့ ဧည့်သည်တွေ မလာတာကို…

01intl.jpg

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့စေခဲ့တဲ့ စည်းဝေးပွဲလုပ်လို့ မွတ်စလင်ခေါင်းဆောင်ကို လူသေမှုဖြင့် စွဲချက်တင်

အိန္ဒိယနိုင်ငံရဲ့ မွတ်စလင် အဖွဲ့ခေါင်းဆောင်တစ်ယောက်ဟာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့စေခဲ့တဲ့ စည်းဝေးပွဲလုပ်ခဲ့လို့ လူသေမှုဖြင့် စွဲချက်တင်ခံထားရပါတယ်။ တာဘလီဂီဂျာမတ်အဖွဲ့ ခေါင်းဆောင် ခန်ဒါဝီဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ စည်းဝေးပွဲ စလုပ်ခဲ့ပြီး အိန္ဒိယတစ်နိုင်ငံလုံး ပိတ်ဆို့မှု…

Picture1.png

ကမ္ဘာကျော်အဆိုတော်များစွာပါဝင်သည့် ONE World : Together At Home အွန်လိုင်းဂီတပွဲ တိုက်ရိုက်ထုတ်လွှင့်မည်

ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် ဧပြီလ ၁၆ ရက်အထိ ကမ္ဘာတစ်ဝှမ်း ရောဂါပိုးကူးစက်ခံရသူ ၂ ဒသမ ၁ သန်းနီးပါးရှိသွားခဲ့ပြီဖြစ်ပြီး သေဆုံးသူအရေအတွက်က ၁၃၄၆၁၆ ဦးရှိနေပါပြီ။ ကမ္ဘာ့ နိုင်ငံတိုင်းလိုလိုက ဒီရောဂါကပ်ဆိုးကြီးကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့…