9-4-2020-yyl-042.jpg

COVID-19 ရောဂါပိုးရှိသူနဲ့ ထိတွေ့မိရင် အချက်ပြပေးနိုင်မယ့် နည်းပညာကို ဖုန်းတွေမှာထည့်သွင်းဖို့ Apple နဲ့ Google ပူးပေါင်းလုပ်ဆောင်

COVID-19 ရောဂါပိုးရှိသူနဲ့ ထိတွေ့မိခဲ့ရင် အသုံးပြုသူတွေထံ အချက်ပြပေးနိုင်မယ့် နည်းပညာကို စမတ်ဖုန်း ပလက်ဖောင်းတွေမှာ ထည့်သွင်းဖို့အတွက် Apple နဲ့ Google ကုမ္ပဏီက ရှားရှားပါးပါး ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ထိတွေ့မှုခြေရာခံခြင်း(contact-tracing)လို့ လူသိများတဲ့ နည်းပညာဟာ COVID-19 ရောဂါပိုးရှိသူနဲ့…

intl0405.jpg

အထူးကြပ်မတ်ခန်းကနေ ပြန်ထွက်ခွင့်ရပြီးနောက် ဇနီးလောင်းဆီ ဖုန်းဆက်ခဲ့တဲ့ ဘောရစ်ဂျွန်ဆင်

COVID-19 ရောဂါကူးစက်ခံရပြီး ရောဂါလက္ခဏာပြင်းထန်လာလို့ အထူးကြပ်မတ်ခန်း(ICU)မှာ ကုသမှု ခံယူခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ICU ကနေ ထွက်လာနိုင်ပြီဖြစ်ပေမဲ့ ဆေးရုံမှာ ကုသမှု ဆက်လက်ခံယူနေတယ်လို့ ဒေါင်းနင်းလမ်းနေအိမ်က ပြောပါတယ်။ ဘောရစ်ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတည်းက လန်ဒန်မြို့ စိန့်သောမတ်စ်ဆေးရုံမှာ…

intl0404.jpg

အမေရိကန်မှာ အိမ်ငှားနေထိုင်သူ ၃ ပုံ၊ ၁ ပုံက ဧပြီလအတွက် အိမ်ငှားခမပေးနိုင်

အမေရိကန်နိုင်ငံမှာ အိမ်ငှားနေထိုင်သူ ၃ ပုံ၊ ၁ ပုံလောက်က ဧပြီလအတွက် အိမ်ငှားခပေးခဲ့ခြင်းမရှိပါဘူး။ အိမ်ခန်းငှားရမ်းမှုဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့(National Multifamily Housing Council)က အခုလို ကိန်းဂဏန်းအချက်အလက်တွေ ဖော်ပြခဲ့တာပါ။ ပြီးခဲ့တဲ့မတ်လအတွင်း အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ခံစားခွင့်…

intl0403.jpg

Lockdown လုပ်ထားချိန်မှာ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ အဖမ်းခံရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တောင်အာဖရိကနိုင်ငံတစ်ဝန်း လူစုလူဝေးမလုပ်ဖို့ တားမြစ်ပိတ်ပင်ထားချိန်မှာ မင်္ဂလာဆောင် ကျင်းပခဲ့လို့ သတို့သား၊ သတို့သမီးနဲ့ မင်္ဂလာပွဲ တက်ရောက်သူပရိသတ်အားလုံး ထိန်းသိမ်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကွာဇူးလူးနာတယ်မြို့မှာ ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်ကို ရဲတွေ ရောက်ရှိလာပြီး ပူပူနွေးနွေး ဇနီးမောင်နှံနှစ်ယောက်နဲ့…

intl0402.jpg

COVID-19 ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက် အသားစားဖို့ မွေးမြူနိုင်တဲ့ တိရစ္ဆာန်စာရင်းမူကြမ်းကို တရုတ်အစိုးရ ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေချိန်မှာ အသားစားဖို့ မွေးမြူနိုင်မယ့် တိရစ္ဆာန်အမျိုးအစားစာရင်း မူကြမ်းကို တရုတ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ ပင်လယ်စာဈေးကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တယ်လို့ ထင်မှတ်နေကြပါတယ်။ COVID-19 ကူးစက်ပျံ့နှံ့မှုဖြစ်ပွားပြီးနောက်မှာတော့ သားရဲတိရစ္ဆာန်ရောင်းချမှုအားလုံးကို တရုတ်နိုင်ငံက…

intl0401.jpg

ကမ္ဘာတစ်ဝန်းမှာ COVID-19 ရောဂါကနေ ပြန်သက်သာလာသူ ၃၅၀၀၀၀ ကျော် ရှိ

ကမ္ဘာတစ်ဝန်းမှာ COVID-19 ရောဂါကနေ ပြန်သက်သာလာသူ ၃၅၀၀၀၀ ကျော် ရှိနေတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြပါတယ်။ ဒီနေ့အချိန်အထိ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရသူ ၁.၆ သန်းကျော် ရှိနေပြီး သေဆုံးသူ ၉၆၀၀၀ ကျော်…

9-4-2020-yyl-017.jpg

COVID-19 ဖြစ်ပွားချိန်အတွင်းမှာ သမီးဖြစ်သူ သူနာပြုမလေးကို မိခင်ဖြစ်သူက အိပ်ရာခင်းခြုံပေးပြီး ပွေ့ဖက်ခဲ့ရ

လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းက တိုက်ဖျက်ပေးနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ မိသားစုတွေကိုတောင် တွေ့ခွင့်မရကြပါဘူး။ အဲဒီလိုပဲ ချာရီ နောတန် ဆိုသူအမျိုးသမီးက ICU သူနာပြုမလေးဖြစ်သူ သူ့ရဲ့သမီးနဲ့ လွန်ခဲ့တဲ့လကတည်း ခပ်ခွာခွာနေခဲ့ရပါတယ်။ ကယ်ဆေး ကာ ဟာ သူ့ရဲ့လူနာတွေအတွက်…

9-4-2020-yyl-015.jpg

ပါကစ္စတန်ဈေးတွေမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်က တိရစ္ဆာန်လေးတွေ သေဆုံးခဲ့

ပါကစ္စတန်နိုင်ငံမှာ မြို့ကြီးတော်တော်များများကို ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကြောင့် lockdownချထားရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် မြန်မြန်ဆန်ဆန်ပိတ်ထားခဲ့ရတဲ့ အိမ်မွေးတိရစ္ဆာန်ရောင်းချတဲ့ဈေးအတွင်းမှာ ရာပေါင်းများစွာသော ကြောင်တွေ၊ ခွေးတွေ၊ ယုန်လေးတွေ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ထွက်ရှိလာတဲ့သတင်းတွေအရ သိရပါတယ်။ တိရစ္ဆာန်ကယ်ဆယ်သူတွေက အာဏာပိုင်တွေကို ကရာချိမြို့ရဲ့Empress Market အတွင်း…

8-4-2020-yyl-033.jpg

Lockdown ချထားချိန် လိုအပ်နေတဲ့လူတွေ ယူလို့ရအောင် ပစ္စည်းစင်ကို အိမ်ရှေ့မှာချပေးထားတဲ့ မိသားစု

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများမှာ အစိုးက Lockdown ချထားတဲ့အတွက် အရင်လို ဈေးဝယ်ထွက်လို့မရကြပေမဲ့ တချို့လူတွေက အခြားသူတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေရရှိနိုင်စေမယ့် နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။ အခုချိန်မှာ ကိုယ်ကျိုးကိုယ်မငဲ့ဘဲ အခြားသူတွေရဲ့စားဝတ်နေရေးအတွက် ကိုယ်ချင်းစာပေးကြတဲ့ သူတွေလည်းရှိပါတယ်။ အကျပ်အတည်းရောက်နေချိန်မှာ စိတ်ဓာတ်ကောင်းကောင်းထားပြီး…

8-4-2020-yyl-021.jpg

COVID-19 ဖြစ်ပွားနေတဲ့အတွက် ဂျပန်ကျောင်းသား/သူတွေအစား စက်ရုပ်တွေကို ဘွဲ့တက်ယူစေခဲ့

ဂျပန်နိုင်ငံမှာ နွေဦးရာသီအချိန် ကျင်းပလေ့ရှိတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားတွေကို ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့အတွက် ဖျက်သိမ်းလိုက်ရပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့တက္ကသိုလ်တစ်ခုက ကျောင်းသား/သူတွေကတော့ အိမ်မှာပဲ သူတို့ရဲ့ကိုယ်စား ဘွဲ့တက်ယူပေးမယ့် စက်ရုပ်တွေကို ထိန်းချုပ်ရင်းနဲ့ ဘွဲ့ယူနိုင်ခဲ့ပါတယ်။ တိုကျိုမြို့က Business Breakthrough University မှာ…