နျူကလီးယား နဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ရပ်တန့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ပြော
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က သူအနေနဲ့ နျူကလီယား စမ်းသပ်တဲ့နေရာကို ချက်ချင်း ပိတ်ပစ်မှာဖြစ်သလို ဒုံးကျည်စမ်းသပ်မှုအားလုံးကို ဆိုင်းငံမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဧပြီ ၂၁ ရက်နေ့ကစပြီး မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားစမ်းသပ်မှု နဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်လုပ်ဆောင်နေမှုတွေကို ရပ်တန့်သွားမယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

