11-9-2020-yyl-023.jpg

ရဲတပ်ဖွဲ့ကို ဒေါသထွက်ရာကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် ကိုလံဘီယာနိုင်ငံမှာ အနည်းဆုံး လူ ၇ ယောက် သေဆုံး

ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာမြို့မှာ ရဲတပ်ဖွဲ့အပေါ် ဒေါသထွက်ရာကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က မြေပြင်ပေါ်ချုပ်ထားပြီး ကျင်စက်ဖြင့် ထပ်ဖန်တလဲလဲ တို့ခဲ့တဲ့ လုပ်ရပ်ကြောင့် အမျိုးသားတစ်ယောက် သေဆုံးခဲ့ပြီးနောက်မှာ ဆန္ဒပြပွဲတွေ…

3-6-2020-yyl-004.jpg

အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ထောက်ခံကြောင်းပြသလိုက်တဲ့ ချဲလ်ဆီး

အမေရိကန်နိုင်ငံမှာ ရဲအရာရှိကြောင့် လက်နက်မဲ့ လူမည်းအမျိုးသားတစ်ယောက် သေဆုံးခဲ့တဲ့ဖြစ်ရပ်အပေါ် နာကျည်းခံပြင်းပြီး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ(Black Lives Matter)ကို အားပေးထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ချဲလ်ဆီးအသင်း ကစားသမားတွေက ကော့ဟမ်းလေ့ကျင့်ရေးကွင်းမှာ ဒူးတစ်ဖက်ထောက်တဲ့ပုံစံ သရုပ်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ချဲလ်ဆီးအသင်း…

2-6-2020-yyl-021.jpg

အန်ဖီးလ်ကွင်းလယ်စက်ဝိုင်းမှာ ဒူးတစ်ဖက်ထောက်ပြီး လူမျိုးရေးခွဲခြားမှု ဆန္ဒပြပွဲတွေကို ထောက်ခံခဲ့တဲ့ လီဗာပူးအသင်း

အမေရိကန်နိုင်ငံ မင်နီယာပိုလစ်မြို့မှာ ရဲအရာရှိကြောင့် လူမည်းအမျိုးသား သေဆုံးခဲ့တဲ့ဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ လူမျိုးရေးခွဲခြားမှု ဆန္ဒပြပွဲတွေကို ထောက်ခံအားပေးကြောင်း ပြသတဲ့အနေနဲ့ လီဗာပူးအသင်း ကစားသမားတွေက အန်ဖီးလ်ကွင်းရဲ့ ကွင်းလယ်စက်ဝိုင်း ပတ်ပတ်လည်မှာ ဒူးတစ်ဖက်ထောက်ခဲ့ကြပါတယ်။ လီဗာပူးကစားသမား ၂၉ ယောက် ဒူးတစ်ဖက်ထောက်ထားတဲ့…

2-6-2020-yyl-018.jpg

၇ ရက်ဆက်တိုက် ဆန္ဒပြပွဲတွေကို ထိန်းသိမ်းဖို့ စစ်တပ်ဖြန့်ကျက်သွားမယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

ရဲအရာရှိကြောင့် လက်နက်မဲ့လူမည်းအမျိုးသား သေဆုံးမှုအတွက် လူထုအုံကြွမှု ကြီးထွားလာတာကို ထိန်းသိမ်းဖို့ စစ်တပ်ကို ဖြန့်ကျက်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ ပြည်နယ်တွေနဲ့ မြို့တွေက ဆန္ဒပြပွဲတွေကို မထိန်းချုပ်နိုင်သလို ဒေသခံတွေကို မကာကွယ်ပေးနိုင်ဘူးဆိုရင် စစ်တပ်ကို စေလွှတ်ပြီး သူတို့ကိုယ်စား…

1-6-2020-yyl-006.jpg

ဆန္ဒပြပွဲတွေ ပြင်းထန်လာလို့ ဒေါ်နယ်ထရမ့်မိသားစုကို အိမ်ဖြူတော်ဗုံးခိုကျင်းထဲ ပို့ခဲ့ရ

ပြီးခဲ့တဲ့သောကြာနေ့ညက အိမ်ဖြူတော်အပြင်ဘက်မှာ ဆန္ဒပြသူတွေ စုရုံးရောက်ရှိလာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မိသားစုဝင်တွေကို အိမ်ဖြူတော်ရဲ့မြေအောက်ဗုံးခိုကျင်းထဲ အခိုက်အတန့်ကြာ ပို့ဆောင်ခဲ့ရတယ်လို့ အိမ်ဖြူတော်ရဲ့ အရာရှိတစ်ယောက်နဲ့ တရားဥပဒေစိုးမိုးရေး သတင်းရင်းမြစ်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ မြေအောက်ဗုံးခွဲကျင်းထဲမှာ တစ်နာရီဝန်းကျင်လောက် နေခဲ့ရပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ဇနီး…

yyl-006-15.jpg

ပါကစ္စတန်စစ်တပ်ကို အံတုပြီး ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ ဖမ်းဆီးခံရ

ပါကစ္စတန်စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်ခဲ့တယ်လို့ စွပ်စွဲတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ဦးရွက်လုပ်ခဲ့သူဟာ ပြစ်မှုမြောက်တဲ့ ပူးပေါင်းကြံစည်မှု၊ ဆူပူအုံကြွအောင် လှုံ့ဆော်မှု စတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ မန်ဆော်ပက်ရှ်တင်းဟာ ပက်ရှ်တန်းကာကွယ်ရေးလှုပ်ရှားမှု (Pashtun Protection Movement-PTM) မှာ ပါဝင်တဲ့…

yyl-004-6.jpg

အီရန်နိုင်ငံက ၂ ရက်ဆက်တိုက် ဆန္ဒပြပွဲတွေမှာ အမျိုးသမီး အများအပြား ပါဝင်

လူ ၁၇၆ ဦး လိုက်ပါလာတဲ့ ယူကရိန်းခရီးသည်တင်လေယာဉ်ကို ပစ်ချမိတယ်လို့ အီရန်စစ်တပ်က ဝန်ခံခဲ့ပြီးနောက် အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ၂ ရက်ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ကနေ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ပျံသန်းနေတဲ့လေယာဉ်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တီဟီရန်မြို့နားမှာ ပစ်ချခံခဲ့ရတာပါ။…