မိုက်ကယ်ဂျက်ဆင်အဖြစ် သူ့ရဲ့တူအရင်းပါဝင်သရုပ်ဆောင်ထားတဲ့ “Michael” ဇာတ်ကား
ပေါ့ပ်ဘုရင်မိုက်ကယ်ဂျက်ဆင်ရဲ့ဂီတအတ္ထုပ္ပတ္တိဇာတ်ကားဟာ ပိတ်ကားထက်ကို နောက်နှစ်ထဲရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ကားရဲ့တရားဝင်ဇာတ်ကားနမူနာဟာဆိုရင် ကြာသပတေးနေ့က ထွက်ရှိလာခဲ့ပြီး မိုက်ကယ်ဂျက်ဆင်အဖြစ် သူ့ရဲ့တူအရင်း ဂျာဖာ ဂျက်ဆင်က ပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ဂျာဖာဂျက်ဆင်က မိုက်ကယ်ဂျက်ဆင်ရဲ့ အစ်ကိုအရင်းဖြစ်သူ ဂျာမိန်းဂျက်ဆင်ရဲ့သားဖြစ်ပါတယ်။ ဂျာဖာက သူ့ဦးလေး မိုက်ကယ်ရဲ့စတိုင်ပုံစံအတိုင်း ပြီးပြည့်စုံအောင်သရုပ်ဆောင်ထားပါတယ်။ သူ့ကို…

