ပင်လယ်သမုဒ္ဒရာထဲကိုစီးဆင်းနေတဲ့ ပလတ်စတစ်မြစ်ကြောင်း
နွေရာသီမှာ စည်းမဲ့ကမ်းမဲ့ လွှင့်ပစ်ချင်တိုင်းလွှင့်ပစ်လိုက်တဲ့အမှိုက်သရိုက်တွေက မိုးတွင်းရောက်တဲ့အခါ ဒုက္ခလှလှကြီးပေးပါတယ်။ ရေမြောင်းတွေပိတ်ဆို့ပြီး ရေလျှံမှုတွေ ဖြစ်ပွားသလို မြစ်ရေစီးကြောင်းကနေတဆင့် ပင်လယ်သမုဒ္ဒရာထဲရောက်သွားပြီး ရေနေသတ္တဝါများစွာကို ဒုက္ခဖြစ်စေပါတယ်။ ပလတ်စတစ်တွေဆွေးမြေ့ဖို့ဆိုတာ နှစ်ရာနဲ့ချီကြာနိုင်တာမို့ ပင်လယ်ရေအောက်ထဲမြုပ်သွားရမယ့်အစား ရေပေါ်တက်လာပြီး လူသားတွေကို ပြန်လည်ဒုက္ခပေးတတ်ပါသေးတယ်။ အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းစုလေးတွေမှာဆိုရင်…