အပြောင်းအလဲအတွက် အဟောင်းတွေကိုပယ်
ဒီတစ်ပတ်အတွက် အကြောင်းအရာစဉ်းစားတဲ့အချိန်မှာ မကြာခင်ကကျင်းပပြီးခဲ့တဲ့ အကယ်ဒမီဆုပေးပွဲအကြောင်းက ခေါင်းထဲကို အလိုလိုဝင်လာခဲ့ပါတယ်။ အခုရက်ပိုင်းထဲ လူမှုကွန်ရက်ပေါ်မှာ အပြောအများဆုံးဖြစ်နေတာကလည်း ဒီအကြောင်းအရာပဲမို့ ပြန်လည်သုံးသပ် ရေးသားဖော်ပြလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် အကယ်ဒမီဆုပေးပွဲမကျင်းပခင်မှာ အကဲဖြတ်စိစစ်သူရုပ်ရှင်ပညာရှင်အဖွဲ့က ပြသခဲ့တဲ့ရုပ်ရှင်ကားပေါင်း (၈၀) ကျော်ထဲကနေ ရွေးထုတ်ထားတဲ့…

