ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းတွေကို မြှင့်တင်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ပြောကြားခဲ့တဲ့သတင်း
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ရာသီဥတုပြောင်းလဲမှုများအရ ရေအားလျှပ်စစ်တစ်မျိုးတည်းကိုသာ ရေရှည်မှီခိုရန် မဖြစ်နိုင်သည့်အတွက် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဆိုလာစီမံကိန်းဖြစ်သည့် မင်းဘူးဆိုလာစီမံကိန်းကို ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် မာန်အောင်ကျွန်းနှင့် ကိုကိုးကျွန်းဒေသများတွင်…

