လက်မရှိပေမဲ့ မိခင်ဘဝကို မစွန့်လွှတ်ခဲ့တဲ့ အာဂ မိခင်

19-6-2020-yyl-026.jpg

ကျွန်တော်တို့မှာ လက်နှစ်ဖက်လုံး မရှိဘူးလို့ တွေးကြည့်လိုက်ပါ။ ဒါဆို နေ့စဉ် ကျွန်တော်တို့ လုပ်ဆောင်နေကျ အလုပ်တွေဖြစ်တဲ့ အဝတ်အစားဝတ်တာ ၊ ထမင်းစားတာ ၊ အလှပြင်တာ ၊သူငယ်ချင်းဆီ မက်ဆင်ဂျာကနေ စာရိုက်ပြီး ပြောတာ အစရှိတာတွေကို ကိုယ်တိုင် ဘယ်လိုဆောင်ရွက်ကြမလဲ။

ဒါပေမဲ့ လက်နှစ်ဖက်ဆုံးရှုံးလို၊့ မျက်စိအမြင်ဆုံးရှုံးလို့ဆိုပြီး ဘဝကို အလျှော့မပေးတဲ့ လူသားတွေ အများကြီးပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတောင် လက်နှစ်ဖက်မရှိပေမဲ့ ခြေထောက်နဲ့ရေးဖြေပြီး ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူး ၄ ဘာသာ ထွက်တဲ့ မစုပုံချစ်တို့လို ဘာမထီတွေက သာဓကပေါ့ဗျာ။

အခုကျွန်တော်ပြောပြချင်တာက မျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့် လက်နှစ်ဖက်စလုံးမပါဘဲ မွေးဖွားလာသူ လင်ဒါ ဘန်နွန် (Linda Bannon) အကြောင်းပါ။ သူ့ရဲ့ ရောဂါက နှလုံးကိုသွားထိပြီး အရိုးတွေက မူမမှန်ပါဘူး။ အသက် ၁၂ နှစ်အထိ သူက လက်အတုပဲ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒါက သူ့အတွက် အထောက်အကူမပြုဘဲ အနှောင့်အယှက်ဖြစ်စေတာကြောင့် လက်အတုကို စွန့်လွှတ်ခဲ့ပါတယ်။

လင်ဒါကခြေထောက်ကိုပဲ အသုံးပြုပြီး သူ့ရဲ့ဆောင်ရွက်စရာတွေကို ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်ခဲ့ပါတယ်။ သူက ရေကူးနိုင်တယ် ၊ အပ်ချုပ်နိုင်တယ်၊စာရေးပြီးတော့ ဂစ်တာတီးတာကိုပါ ကောင်းကောင်းလုပ်နိုင်ပါတယ်။

လူတစ်သိန်းမှာ တစ်ယောက်ပဲဖြစ်တတ်တဲ့ ဒီအခြေအနေဆိုးက ဘဝကို အရှုံးပေးခွင့်မပြုခဲ့ပါဘူး။ အိမ်မှုကိစ္စအဝဝကို သူပဲတာဝန်ယူခဲ့ပြီး ခင်ပွန်းသည် Rick ကိုခိုင်းတာဆိုလို့ ကားမောင်းတာပဲရှိပါတယ်။ ဒါကလည်း အန္တရာယ်ကင်းဝေးဖို့ အကြောင်းရင်းကြောင့်ပါ။

ရစ်က် (Rick) နဲ့ Gym သွားရင်း တွေ့ခဲ့ကြတာ ဖြစ်ပြီး နှစ်ဦးသားချစ်ကြိုက်ပြီးတဲ့နောက် ပထမဆုံးချိန်းတွေ့ခဲ့တဲ့ စားသောက်ဆိုင်မှာပဲ လင်ဒါ့ကို ရစ်က် က ချစ်ခွင့်ပန်ခဲ့ပါတယ်။လက်ထပ်ပြီး သိပ်မကြာခင် ကလေးယူဖို့ စဉ်းစားခဲ့ကြပေမယ့် မွေးလာမယ့် ကလေးက ဒီရောဂါကို ဆက်ခံနိုင်ချေ ၅၀ ရာခိုင်နှုန်း အနိမ့်ဆုံးရှိတယ်ဆိုတဲ့ ကံကြမ္မာကိုလည်း လက်ခံခဲ့ရပါတယ်။

ကံကောင်းစွာနဲ့ သားလေး တင်မီ (Timmy) ကို မွေးဖွားချိန်မှာ မိဘဆွေမျိုးတွေရဲ့ ထောက်ပံ့ အားပေးမှုတွေ အများကြီး ရခဲ့ပါတယ်။ ကလေးကြီးပြင်းလာချိန်ထိ သူ့လိုမျိုး အလားတူ ပြုစုပျိုးထောင်ပေးဖို့လည်း လင်ဒါက အဆင်သင့်ပါပဲ။

ပတ်ဝန်းကျင်က ဘယ်လိုပဲ လျစ်လျူရှုမှုတွေကိုတော့ သူမရင်ဆိုင်ရမှာဖြစ်ပေမယ့် သူမကတော့ မိခင် တစ်ယောက်ရဲ့ ဝတ္တရား ကျေပွန်ပြီး သားလေးကို စောင့်ရှောက်ဖို့ အသင့်ဖြစ်နေပါပြီ။

 

Ref: fabiosa.guru/being-born-with-no-arms-hasn’t-stopped-Linda-b…/

May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top