နောက်ထွက်လာမယ့် V7 မှာလည်း FullViewTM Display နဲ့ 24MP ကင်မရာ ပါဝင်လာမယ်လို့သိရ

V7_FullView_24MP_01.jpg

Vivo က မကြာခင် အချိန်အတွင်း ပြည်တွင်းဈေးကွက်သို့ တင်သွင်းရောင်းချလာသမယ့် ထုတ်ကုန်သစ်မှာ V7 ဖြစ်တယ် လို့သိရပါတယ်။ ဒီ V7 မှာ V7+ နည်းတူပင် FullViewTM Display ကိုပင် အသုံးပြုလာမှာ ဖြစ်တယ် လို့သိရပါတယ်။ ယခုထပ်မံဖြန့်ချိမည့် V7 သည် ယခင်က ဖြန့်ချိခဲ့သောV7+ ထက် ပိုဈေးသက်သာမယ့်လို့သိရပေမဲ့ ဈေးနှုန်းဘယ်လောက်ကွာခြားသွားမလဲဆိုတာကိုတော့ အသိအကျ မသိရသေးပါဘူး။

V7 မှာလည်း FullViewTM Display ပါဝင်လာမယ်လို့ သိရတာကြောင့် ဒီ ဖုန်းနှစ်လုံးရဲ့ အရည်အသွေးပိုင်းတော့ သိပ်ကွာမှာ မဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။ ဒါ့ အပြင် V7 ရဲ့ အရှေ့ကင်မရာ mega pixel ကလည်း 24MP Camera ပဲဖြစ်တယ် လို့သိရပါတယ်။

V7 မှာ FullViewTM Display ကို အသုံးပြုထားတာကြောင့် fingerprint scanner ကို ကျောဘက်တွင်သာ ထည့်သွင်းထားပြီး Face Accessကိုလည်း အပြောင်းအလဲမရှိ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာ V7 နဲ့ V7+ ဘယ်လောက်ဈေးကွာသွားမလဲ ဆိုတာကိုတော့ မသိရသေးဘဲ အစိတ်ပိုင်းအနည်းငယ်သာ ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Vivo သည် ၎င်းတို့၏ ထုတ်ကုန်များကို လူငယ်ကြိုက်ဖြစ်သည့် Selfie ကင်မရာ အရည်အသွေး ကောင်းမွန်မှု၊ Hi-Fi အသံထွက် ရယူနိုင်မှု၊ Game Mode စသည့် ထောက်ပံ့မှုများကို ဦးစားပေး ထုတ်လုပ်လျက်ရှိသည့် smartphone brand တစ်ခုပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top