ဆူဇီ နဲ့ လမ်းခွဲလိုက်တဲ့ လီမင်ဟို

min.jpg

ဆူဇီနဲ့ လီမင်ဟိုတို့ ချစ်သူ ဖြစ်နေခဲ့တာ ၂၀၁၅ မတ်လ ကတည်းကပါ။

အခု လက်ရှိ ကြားရတဲ့ သတင်းတွေအရတော့ သူတို့နှစ်ဦးက လမ်းခွဲလိုက်ပါပြီတဲ့။

ဆူဇီရဲ့ အေဂျင်စီဖြစ်တဲ့ JYP Entertainment က နေ သူတို့ နှစ်ဦး လမ်းခွဲလိုက်ပြီ ဆိုတဲ့ သတင်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေ အဖြစ် ဆက်လက်ရှိနေမယ်လို့လည်း JYP က ဆိုပါတယ်။

လီမင်ဟိုရဲ့ အေဂျင်စီဖြစ်တဲ့ MYM Entertainment ကတော့ လီမင်ဟိုနဲ့ ပြောဆို အတည်ပြုပြီးပြီဖြစ်ပြီး လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းက အမှန်ဖြစ်ကာ လမ်းခွဲရတဲ့ အကြောင်းရင်းနဲ့ လမ်းခွဲလိုက်တဲ့ အချိန်ကာလ ကတော့ သူတို့နှစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်တာမို့ ပြောပြနိုင်ခြင်း မရှိပါဘူး လို့ ဆိုခဲ့ပါတယ်။

အရင်တုန်းကလည်း သူတို့ နှစ်ဦး လမ်းခွဲလိုက်ပြီဆိုပြီး ကောလဟာလတွေ မကြာခဏ ထွက်လာဖူးပြီး သူတို့ကလည်း မဟုတ်ကြောင်း အကြိမ်ကြိမ် ပြန်ဖြေရှင်းခဲ့ပါသေးတယ်။ အခု တစ်ခေါက် သတင်းကရော အမှန်တကယ် ဖြစ်နေမလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top