၁၀ နှစ်အရွယ်မှာ ကုမ္ပဏီ ၂ ခုပိုင်တဲ့ သြစတြေးလျကျောင်းသူလေး

15-2-2022-yyl8.jpg

သြစတြေးလျနိုင်ငံက မူလတန်းကျောင်းသူလေးဟာ ၁၀ နှစ်သမီးအရွယ်မှာတင် ကုမ္ပဏီ ၂ ခု ပိုင်ဆိုင်ထားပြီး အသက် ၁၅ နှစ်ကျရင် သန်းကြွယ်သူဋ္ဌေးဘဝနဲ့ အနားယူနိုင်ဖို့ ရှိနေပါတယ်။

ပစ်ဇီကာတစ်ဟာ သူ့မိခင် ဂျာဆန်ကိုရဲ့ အကူအညီနဲ့အတူ Pixie’s Fidgets အရုပ်ကုမ္ပဏီကို တည်ထောင်ခဲ့တာဖြစ်ပြီး အခုချိန်မှာ အမြတ်အစွန်း တော်တော်ရနေပါပြီ။ မနှစ်တုန်းက Pixie’s Fidgets ကုမ္ပဏီကို စတင်တည်ထောင်ပြီး ၄၈ နာရီအတွင်းမှာပဲ အရုပ်အားလုံး ရောင်းကုန်သွားခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ပစ်ဇီကာတစ်ဟာ ဆံပင်အသုံးအဆောင်ပစ္စည်း ကုမ္ပဏီ Pixie’s bows ကိုလည်း ပိုင်ဆိုင်ပါတယ်။ အဲဒီကုမ္ပဏီကတော့ ပစ်ဇီကာတစ် ကလေးဘဝကတည်းက သူ့အမေ တည်ထောင်ထားခဲ့တာပါ။ အဲဒီကုမ္ပဏီ ၂ ခုဟာ ကလေးအသုံးအဆောင်ပစ္စည်းနဲ့ ဂိမ်းတွေ ထုတ်လုပ်ရောင်းချတဲ့ Pixie’s Pix ကုမ္ပဏီရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

” သူသာ ဆန္ဒရှိရင် ၁၅ နှစ်အရွယ်မှာတင် အနားယူလို့ ရပါပြီ။ ကျွန်မမိသားစုကတောင် ရယ်စရာ ပြောကြတယ်။ ‘နင်က အသက် ၁၀၀ အထိ အလုပ်လုပ်ရမယ်၊ ပစ်ဇီက ၁၅ နှစ်နဲ့ နားရလိမ့်တဲ့’။ ဘယ်သူက ပိုဉာဏ်ကောင်းလဲဆိုတာ ကျွန်မ သိတာပေါ့” လို့ ဂျာဆန်ကိုက ပြောပါတယ်။

ဂျာဆန်ကိုဟာ Sweaty Betty PR ကုမ္ပဏီအပါအဝင် စီးပွားရေးလုပ်ငန်း တော်တော်များများရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ ပစ်ဇီက စီးပွားရေးလောကမှာ အောင်မြင်နေပေမဲ့ ကုမ္ပဏီအတွက် အလုပ်လုပ်ရမယ်ဆိုတဲ့ ဖိအားမျိုး မဖြစ်စေချင်ဘူးလို့ ဂျာဆန်ကိုက ဆိုပါတယ်။

Ref: BusinessInsider “A 10-year-old girl already owns 2 companies, and could retire at 15 as a multimillionaire”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top