တောမီးလောင်မှုကနေ ဇီးကွက်တစ်ကောင်ကို မီးသတ်သမားတွေ ကယ်တင်ခဲ့ရ

yyl-029-1.jpg

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ နေရာတော်တော်များများမှာ တောမီးလောင်မှုတွေ ဖြစ်ပွားနေတာကြောင့် မီးသတ်သမားတွေ အချိန်မီငြိမ်းသတ်ပေးနေရပါတယ်။ အခုလည်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဘင်တုရာမြို့ရဲ့တောင်ထိပ်မှာ လောင်ကျွမ်းနေတဲ့ မာရီယာမီးကို မီးသတ်သမားတွေက ငြိမ်းသတ်နေရင်းနဲ့ Great Horned မျိုးနွယ်ဇီးကွက်တစ်ကောင်ကို ကယ်တင်ခဲ့ရပါတယ်။ အဲဒီဇီးကွက်က မြောက်အမေရိကမှာ မြင်တွေ့ဆုံးဇီးကွက်တွေထဲက တစ်ကောင်ဖြစ်ပြီး သစ်တောတွေထဲမှာ အတွေ့ရဆုံးဖြစ်ပါတယ်။

ဘင်တုရာမြို့မှာ အကြီးအကျယ်ဖျက်ဆီးနေတဲ့ မာရီယာမီးလောင်ကျွမ်းနေတဲ့ အနီးနားမှာ အဲဒီဇီးကွက်ကို မီးသတ်သမားတွေက တွေ့ခဲ့တာပါ။ မီးသတ်သမားတွေက အဲဒီဇီးကွက်ကို တွေ့တာက နေ့လည်ခင်းမှာဖြစ်ပြီး အိမ်ပြန်လမ်းပျောက်နေတဲ့ပုံပါပဲ။ တောမီးလောင်နေတာဖြစ်တာကြောင့် အဲဒီဇီးကွက်က နားခိုရာနေရာရှာမရဖြစ်နေတာပါ။

ဇီးကွက်ကို ရှာတွေ့ခဲ့တဲ့ မီးသတ်သမားတွေက အဲဒီဇီးကွက်ဟာ မလှုပ်မရက်နဲ့ ပြာတော့ထဲမှာရှိနေခဲ့ပြီး သူ့ကို ထိခိုက်ဒဏ်ရာရတာကနေ ကာကွယ်ပေးဖို့အတွက် ဂျာကင်နဲ့ ပတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို ပြန်လည်သက်သာလာဖို့အတွက် အကျိုးအမြတ်မယူတဲ့ Camarillo Wildlife ကို ခေါ်သွားမှာဖြစ်ပြီး သူ့ရဲ့အခြေအနေစိတ်ချရပြီးဆိုမှ သူနားခိုရာနေရာကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

“အရမ်းလှတဲ့Great Horned ဇီးကွက်ရဲ့ဘဝကို ကယ်တင်ပေးခဲ့တဲ့ အလုပ်ကြိုးစားကြတဲ့ မီးသတ်သမားတွေကို ကျေးဇူးတင်ပါတယ်။ သူ့ကို ပြာတောထဲမှာ တွေ့ခဲ့ရပြီး အခိုးအငွေ့တွေကို ရှုရှိုက်မိတဲ့ဒဏ်ကို ခံစားနေရပါတယ်။ အပြည့်အဝသက်သာလာပြီးဆိုမှ သူ့ရဲ့နေရပ်ကို ပြန်ပို့ပေးမှာပါ” လို့ Camarillo Wildlife က သူတို့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ ရေးသားခဲ့ပါတယ်။

တောမီးလောင်မှုကို ငြိမ်းသတ်ပေးနေတဲ့ မီးသတ်သမားတွေကို ကျေးဇူးတင်ရမှာပါ။ အခုဆိုရင် အဲဒီမီးသတ်သမားတွေက မာရီယာမီးကို ထိန်းချုပ်ဟန့်တားထားနိုင်ခဲ့ပါပြီ။

Ref: Owl Gets Rescued From Fire, Looks Angry As Hell And People Say It’s Funny

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top