နောက်ဖေးလမ်းကြား ဥယျာဉ်သုံးခုကို ထပ်မံဖန်တီးပုံဖော်နေ

Untitled-1.jpg

ရန်ကုန်မြို့အတွင်းက နောက်ဖေးလမ်းကြားဥယျာဉ်သစ်သုံးခုကို ထပ်မံဖန်တီးပုံဖော်ဆောင်ရွက်နေပြီး အဲဒီ ဥယျာဉ်သစ်တွေကို လာမယ့်ဒီဇင်ဘာလအတွင်းမှာ ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့အခြေစိုက် မြို့ပြ ဖွံ့ဖြိုးရေး လူမှုအကျိုးပြုလုပ်ငန်းတစ်ခုဖြစ်တဲ့ ဒို့အိမ်အဖွဲ့ကနေ သိရပါတယ်။


အခုအသစ်ထပ်မံဖွင့်လှစ်မယ့် နောက်ဖေးလမ်းကြားဥယျာဉ်သစ်သုံးခုဟာ ပုံဖော်ဖွင့်လှစ်ပြီးတဲ့ နောက်ဖေး ဥယျာဉ်ရှစ်ခုနဲ့ နီးကပ်စွာတည်ရှိတဲ့ ၃၁ လမ်းနဲ့ ၃၂ လမ်း၊ ၃၁ လမ်းနဲ့ ဗိုလ်ဆွန်ဘက်လမ်း၊ ၃၂ လမ်းနဲ့ ဆူးလေဘုရားလမ်း နောက်ဖေးလမ်းကြားတွေ ဖြစ်ပါတယ်။


”စွန့်ပစ်အမှိုက်တွေနဲ့ ပြည့်လျှံနေတဲ့ နောက်ဖေးလမ်းကြားတွေကို နေထိုင်သူတွေ စီးပွားရေးလုပ်ကိုင်သူ တွေ ပိုပြီးတန်ဖိုးထား ရေရှည်တည်တံ့လှပတဲ့ အများပြည်သူနေရာအဖြစ် ပေါ်ပေါက်လာဖို့ ဒို့အိမ်က ကြိုးစား ဆောင်ရွက်နေပါတယ်”လို့ ဒို့အိမ်မှ ဒါရိုက်တာဖြစ်သူ Emile Roell က ပြောပါတယ်။
နောက်ဖေးလမ်းကြားတွေကို ဖန်တီးပုံဖော်တဲ့ ဥယျာဉ်တွေမှာ ပုံမှန်အားဖြင့် ဆွဲဆောင်မှုရှိတဲ့ နံရံပန်းချီတွေ၊ ပြန်လည်ဖန်တီးထားတဲ့ ဆော့ကစားနိုင်မယ့် နေရာတွေ၊ စိမ်းလန်းတဲ့ ပန်းပင်တွေနဲ့ မြို့ပြလိုအပ်တဲ့ ကိရိယာပစ္စည်းတွေ ပါဝင်လေ့ရှိပါတယ်။
အခုလို နောက်ဖေးလမ်းကြားတွေကို သန့်ရှင်းတဲ့အများပြည်သူနေရာအဖြစ် ပြောင်းလဲဆောင်ရွက်တဲ့ အခါမှာ ဖန်တီးပုံဖော်မယ့်ဒီဇိုင်းတွေကို အသုံးပြုဖို့အခက်အခဲရှိနေတဲ့ ကလေးတွေ၊ လူကြီးတွေ၊ မိန်းကလေးတွေနဲ့ သေချာဆွေးနွေးပြီးတော့ အကြံဉာဏ်ရယူ ဒီဇိုင်းဆွဲတာ ဖြစ်ပါတယ်။
အသစ်ဖွင့်လှစ်မယ့် နောက်ဖေးလမ်းကြားဥယျာဉ်သုံးခုကို ဒို့အိမ်နဲ့အတူ ပန်းဘဲတန်းမြို့ ရပ်မိရပ်ဖတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်တွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
နောက်ဖေးလမ်းကြားဥယျာဉ်စီမံကိန်းကို ၂၀၁၆ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီးတော့ အမှိုက်တွေ ပြည့်လျှံ နေတဲ့ ၂၇ လမ်း အောက်ဘလောက်နေရာကို ပြန်လည်ဖန်တီးပုံဖော်ပြီး လူထုကို ပထမဆုံး ချပြခဲ့တာ ဖြစ်ပါတယ်။
Photo – Doh Eain
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top