တောမီးလောင်မှုမှာ အသက်ပေးသွားကြတဲ့ မီးသတ်သမားတို့ရဲ့ အိမ်ပြန်ခရီး

56595443_1309767392508337_2147132663272570880_n.jpg

မတ်လ (၃၁) ရက်နေ့က တရုတ်နိုင်ငံအရှေ့ပိုင်း၊ စီချွမ်ပြည်နယ်မှာ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ တောမီးလောင်မှုမှာ လေပြင်းတိုက်ခိုက်မှုပါ ပေါင်းစပ်သွားတဲ့အတွက် မီးငြိမ်းသတ်ဖို့ရာ မီးသတ်သမားအင်အား (၁၀၀၀) လောက် သုံးခဲ့ရပါတယ်။

တောမီးလောင်မှုမှာ လေပြင်းတိုက်ခိုက်မှုပါ ပေါင်းစပ်သွားတဲ့အတွက် မီးငြိမ်းသတ်ဖို့ရာ မီးသတ်သမားအင်အား (၁၀၀၀) လောက် သုံးခဲ့ရပါတယ်

ပြည်သူ့အကျိုးအတွက် အသက်ပေးဆပ်သွားခဲ့သူတွေထဲမှာတော့ မီးသတ်သမား (၂၇) ယောက် ပါသွားခဲ့ပါတယ်။

ပြည်သူ့အကျိုးအတွက် အသက်ပေးဆပ်သွားခဲ့သူတွေထဲမှာတော့ မီးသတ်သမား (၂၇) ယောက် ပါသွားခဲ့ပါတယ်

အဲဒီမီးသတ်သမားတွေရဲ့ အရိုးပြာကို မီးလောင်ပြင်ကနေ ဇာတိမြို့ဆီ ပြန်လည် သယ်ဆောင်လာခဲ့ပြီး တရုတ်သင်္ချိုင်းကန်တော့တဲ့ရက်မှာ သဂြိုဟ်ခဲ့ပါတယ်။ ဂန်ဆုပြည်နယ်က မီးသတ်သမား (၄) ဦးနဲ့ ချန်းဒူပြည်နယ်က မီးသတ်သမား (၃) ဦးကိုတော့ စစ်သင်္ချိုင်းမှာ မြှုပ်နှံခဲ့ပါတယ်။

ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ဒေသခံတွေက သင်္ချိုင်းကိုလာရောက်ပြီး အရိုအသေပေးခဲ့ကြပါတယ်
ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ဒေသခံတွေက သင်္ချိုင်းကိုလာရောက်ပြီး အရိုအသေပေးခဲ့ကြပါတယ်

ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ဒေသခံတွေက သင်္ချိုင်းကိုလာရောက်ပြီး အရိုအသေပေးခဲ့ကြပါတယ်။ သေဆုံးသူတွေကိုတော့ တိုင်းပြည်အကျိုးအတွက် အသက်ပေးသွားခဲ့သူတွေအဖြစ် အာဏာပိုင်တွေက တရားဝင်ကြေညာပေးခဲ့ပါတယ်။

Ref: CGTN ” Remain of firefighters who perished in forest fire return home”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top