Clickbait တွေ၊ ထိတ်လန့်ခြောက်ခြားစရာပို့စ်တွေနဲ့ မှတ်သားလောက်စရာတစ်ခုတလေမပါတဲ့ပို့စ်မှန်သမျှကို အသုံးပြုသူတွေရဲ့ News Feed မှာပေါ်မလာအောင် ဖျောက်ထားတော့မယ်လို့ Facebook က ကြေညာလိုက်ပါပြီ။ အသုံးပြုသူတွေအနေနဲ့ အသုံးမဝင်၊ မလိုလားအပ်တဲ့အကြောင်းအရာ (Spam) တွေကို News Feed မှာမမြင်ရတော့စေဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ် လို့လည်း Facebook က ပြောခဲ့ပါတယ်။
အခြားသူတွေရဲ့ News Feed မှာ အသုံးမဝင်၊ မရောရာတဲ့အကြောင်းအရာတွေရောက်လာစေအောင် လုပ်ဆောင်နေသူတွေလို့ ယူဆရတဲ့ သုံးစွဲသူတစ်စုကိုလေ့လာမှုပြုခဲ့ရာမှာ အသုံးမဝင်၊ မရောရာတဲ့ပို့စ်တွေမျှဝေနေတဲ့သူတွေဟာလည်း ပို့စ်ပေါင်းများစွာကို နေ့စဉ်မျှဝေတတ်တဲ့ဒီလူတွေပဲဖြစ်နေတာကို သိခဲ့ရပါတယ်။
အခုကျင့်သုံးသွားမယ့်မူအသစ်ဟာ သတင်းပုံစံပို့စ်တွေနဲ့ပဲသက်ဆိုင်ပြီး ဒိုမိန်းတွေ၊ စာမျက်နှာတွေ၊ ဓာတ်ပုံတွေနဲ့ check-in တွေအတွက်တော့ အကျိုးသက်ရောက်စေမှာမဟုတ်ပါဘူး။ မူအသစ်ကြောင့် အသုံးပြုသူတွေမြင်ရမယ့် အကြောင်းအရာအားလုံး က အဓိပ္ပာယ်ပြည့်ဝတာတွေချည်းဖြစ်လာလိမ့်မယ်လို့ Facebook က ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ Facebook က ထုတ်ကုန်အမှတ်တံဆိပ်တွေ၊ chatbot တွေကို ရှာဖွေဆက်သွယ်ရာမှာ ပိုလွယ်ကူမြန်ဆန်လာအောင် Messenger အတွက်”Discover”ဆိုတဲ့ tab အသစ်တစ်ခုဖန်တီးထားကြောင်းကိုလည်း အသိပေးခဲ့ပြီး ဒီ Tab ကြောင့် Messenger သုံးစွဲသူတွေအနေနဲ့ ဈေးလာရောင်းနေတဲ့ကြော်ငြာတွေကို ထပ်ခါတလဲလဲမြင်လာကြရဖို့ရှိနေပါတယ်။
Ref: Independent “Facebook will start hiding spam public posts from users sharing VAST AMOUNTS PER DAY”
TH (ရိုးရာလေး)