ပူပြင်းလှတဲ့ရာသီမှာ ကိုယ့်ကိုယ်ကိုယ် ကျန်းမာစွာနေထိုင်ကြမယ်

photodune-4558722-summer-xs1.jpg@t14224626167971.jpg

ပူပြင်းလှတဲ့နွေရာသီအချိန်အခါကတော့ ဝင်ရောက်လို့လာနေပါပြီ။ တချို့ဒေသတွေမှာတော့ ပုံမှန်ထက်ပိုပြီး နွေရာသီက ပိုပူပြင်းလှပါတယ်။ ပူလွန်းလှတာကြောင့် ပင်ပန်းနွမ်းလျသလို ခံစားရနိုင်တဲ့အပြင် ရောဂါတွေလည်း သယ်ဆောင်လာနိုင်ပါတယ်။ တချို့ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေက ပူပြင်းရင် ပိုပြီး လျင်လျင်မြန်မြန်ပျံ့နှံ့တတ်ကြပါတယ်။ နွေရာသီမှာ အဖြစ်များဆုံးကတော့ ရေဓာတ်ကုန်ခန်းတာပါပဲ။ အရေပြားနေလောင်တာ၊ အပူလျှပ်တာ၊ အရေပြားနီမြန်းရောင်ရမ်းတာတွေကလည်း နွေရာသီမှာ အဖြစ်များတဲ့ပြဿနာတွေပါပဲ။ ကိုဗစ်ရောဂါပိုးကလည်း ရှိနေဆဲဖြစ်တဲ့အတွက် နွေရာသီမှာ ဖျားနာမှုတွေမဖြစ်အောင် သင်ကိုယ်တိုင်ရော၊ သင့်မိသားစုပါ နှစ်ဆဂရုစိုက်ဖို့ အရေးကြီးပါတယ်။ နွေရာသီမှာ ကျန်းမာဘေးကင်းစွာ နေထိုင်နိုင်ဖို့ဆိုရင်

ကောင်းကောင်းအိပ်စက်ပါ – အိပ်ရေမဝဘူးဆိုရင် ဆာလောင်မွတ်သိပ်မှုများတာ၊ သွေးအတွင်း သကြားဓာတ်မြင့်မားတာ၊ အာရုံစူးစိုက်မှုအားနည်းတာ၊ မကြာခဏဖျားနာတာတွေဖြစ်လာနိုင်ပါတယ်။ နွေရာသီမှာ ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် အနည်း (၇) နာရီပြည့်အောင် အိပ်စက်ပေးပါ။ မအိပ်ခင် ရေချိုးပေးတာကလည်း ကောင်းကောင်းအိပ်ပျော်စေဖို့ အကူအညီပေးပါတယ်။

ရေဓာတ်ပြည့်ဝစွာနေထိုင်ပါ – နွေရာသီမှာ ရေက ရေဓာတ်ပြည့်ဝစေဖို့နဲ့ စားချင်သောက်ချင်စိတ်ဖြစ်စေတဲ့ အရာပါပဲ။ ရေလုံလုံလောက်လောက်သောက်ပေးပါ။ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်တွေကိုလည်း သောက်သုံးပေးလို့ရပါတယ်။

အမျှင်ဓာတ်ပါဝင်အောင် စားသုံးပါ – ဟင်းသီးဟင်းရွက်၊ အသီး၊ အစေ့အဆံတွေကလည်း အမျှင်ဓာတ်ကြွယ်ဝပါတယ်။ နွေရာသီမှာ အမျှင်ဓာတ်ပါဝင်အောင် စားသုံးပေးသင့်ပါတယ်။

အရက်၊ ဘီယာလျော့သောက်ပါ – အရက်အများကြီးသောက်သုံးတာက မလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ နွေရာသီက အလွန်ပူပြင်းတဲ့အတွက် အရက်ဘီယာတွေကို လျော့သောက်ပေးတာအကောင်းဆုံးပါပဲ။

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top