ဝိုင်သောက်ခြင်းနဲ့ ကျန်းမာရေး

drinking-wine-brain-health-ft-blog0517.jpg

ဝိုင်ကြိုက်တဲ့ ကိုကို၊ မမတွေအတွက်တော့ ဝမ်းနည်းစရာပါပဲ။ တစ်ပတ်ကို ဝိုင် (၁၀) ခွက်နဲ့အထက်သောက်သုံးခြင်းဟာ သင်မျှော်မှန်းထားတဲ့အသက်ထက် (၂) နှစ်ပိုစောပြီး သေဆုံးစေနိုင်တယ်လို့ မှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် “စိတ်ချရတဲ့ ပမာဏထက် ပိုလို့သောက်သုံးမယ်ဆို စီးကရက်လိုမျိုးပဲ တစ်ယူနစ်တိုင်းမှာ သင့်ကိုအသက် (၁၅) မိနစ် တိုစေနိုင်ပါတယ်” လို့ The Daily Telegraph ရဲ့ သိပ္ပံပညာရပ် အယ်ဒီတာ ဆာရာ နတ်ပ်တွန် (Sarah Knapton) ကဆိုပါတယ်။

Cambridge တက္ကသိုလ်နဲ့ British Heart ဖောင်ဒေရှင်းတို့ရဲ့. သတိပေးချက်တွေကလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ၎င်းတို့ရဲ့ လေ့လာတွေ့ရှိချက်အရ အယ်လ်ကိုဟောကို တစ်ပတ် (၁၂.၅) ယူနစ် တနည်းအားဖြင့် ဝိုင် (၅) ခွက်နှုန်း (သို့) ဘီယာပိုင့်တွေနဲ့ သောက်သင့်တယ်လို့ Lancet က ဖော်ပြထားပါတယ်။ ဒီထက် ပိုသောက်မယ်ဆိုရင်တော့ အဝလွန်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်ပြီး အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိတောင် ဖြစ်နိုင်တယ်လို့ The Guardian က တင်ပြထားပါတယ်။

Cambridge တက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်သူ ဒေးဗစ် စပီဂယ်လ်ဟောကာ (Dvid Spiegelhalter) ဆိုသူက “တစ်နေ့ (၂) ယူနစ်အထက် သောက်မယ်ဆိုရင်တော့ ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်ချေက တဖြည်းဖြည်းမြင့်တက်လာမှာပဲ” လို့ပြောကြားခဲ့ပါတယ်။ နိုင်ငံ (၁၉) ခုမှာရှိတဲ့ အရက်သောက်တတ်သူ (၆၀၀,၀၀၀) နီးပါးရဲ့ ကျန်းမားရေး ဆေးစစ်ချက်ကို ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ တစ်နည်းအားဖြင့်လည်း အယ်လ်ကိုဟော သောက်သုံးခြင်းဟာ သင့်ကျန်းမာရေးကို ကောင်းစေနိုင်တယ်ဆိုပြီး တွေ့ရှိခဲ့ကြပါတယ်။

(၂၀၁၆) ခုနှစ်ရဲ့ Britain lowered guidelines မှာတော့ ဆေးပညာဌာနရဲ့အကြီးအကဲမှုးဖြစ်တဲ့ ဒိန်း စရေးလ် ဒေးဗစ် (Dame Sally Davies) ဆိုသူက “ယောက်ျားလေးရော၊ မိန်းကလေးရော တစ်ပတ်ကို အယ်လ်ကိုဟော (၁၄) ယူနစ်ထက် ပိုမသောက်သင့်ဘူးလို့ ဆိုပါတယ်။ ဒီ လေ့လာတွေ့ရှိချက်က အယ်လ်ကိုဟောကို ချင့်ချိန် သောက်သုံးပေးရင် နှလုံးနဲ့ နှလုံးသွေးကြောရောဂါတွေအတွက် အထောက်အကူဖြစ်စေနိုင်တယ်ဆိုတဲ့ တွေ့ရှိထားချက်ကို စိန်ခေါ်သလို ဖြစ်သွားပြီလို့လည်း ဆိုပါတယ်။

မျိုးဆက်သစ်တွေနဲ့ ပုံမှန် အရက်နဲ့မပြတ်သူတွေအတွက်တော့ ဒီအရာဟာ အသက်အန္တရာယ်ကို စိုးရိမ်ရပြီး အသက်တိုစေနိုင်တာဖြစ်လို့ ဆင်ခြင်ကြဖို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဒါဆို ဝိုင်ကများ ကျန်းမာရေးအတွက် ပိုကောင်းတာလားဆိုပြီး မေးစရာရှိလာပါတယ်။ BBC Health ရဲ့ သတင်းထောက် တစ်ဦးဖြစ်သူ အဲလတ်စ် တေရီယံ (Alex Therrien) က “ဆေးဖြစ်ဝါးဖြစ် သောက်သူတွေကတော့ ဘယ်လိုမှ သေဆုံးနိုင်ချေ မမြင့်မားလာပါဘူး” လို့ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မှတ်တမ်းတွေကတော့ အယ်လ်ကိုဟောကို ချင့်ချိန် သောက်သုံးတာက ကျန်းမားရေး အကျိုးကျေးဇူး ရှိပါတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ကို စိန်ခေါ်သွားခဲ့ပါပြီ။ တေရီယံကတော့ “အယ်လ်ကိုဟော သောက်သုံးခြင်းဟာ သေစေနိုင်လောက်တဲ့ နှလုံးရောဂါကိုတောင် လျော့ချပေးနိုင်တဲ့ အစွမ်းရှိပါတယ်” လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတာမို့ သိပ္ပံပညာရှင်တွေက အဆိုပါ အကျိုးကျေးဇူးကို ထည့်မစဉ်းစားနေတော့ပါဘူး။

အချို့သိပ္ပံပညာရှင်တွေကတော့ ပြီးခဲ့တဲ့ လေ့လာတွေ့ရှိချက်အရ အနီရောင်ဝိုင်က ကျွန်တော်တို့ နှလုံးစွမ်းဆောင်ရည်အတွက် အထောက်အကူ ဖြစ်စေနိုင်တယ်ဆိုပြီး ယုံကြည်နေကြတယ်လို့ တေရီယံက ဆိုပါတယ်။ နောက်ထပ် သုတေသနပြုချက် တစ်ခုမှာဆိုရင်လည်း တစ်ပတ် သုံးကြိမ်ကနေ လေးကြိမ်အတွင်း သောက်ပေးတာက ဆီးချိုရောဂါကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပြန်ပါတယ်။ နောက်ဆုံး သုတေသန ပြုချက်ရဲ့ ရလဒ်ကိုတော့ ဘယ်သူမှ မယုံကြည်ကြသေးပါဘူး။ ဒီရလဒ်က မမှန်ကန်တဲ့ ကောလာဟလ တစ်ခု ဆိုရင်တော့ လူထုကြားကနေ အမြန် ပျောက်ကွယ်သွားသင့်တယ်လို့ The Hearlad သတင်းစာမှာ ဖော်ပြထားပါတယ်။

ယခုဆိုရင် အယ်လ်ကိုဟောက လူတော်တော်များများရဲ့ ခေတ်သစ် စိတ်အပန်းဖြေစရာတစ်ခု ဖြစ်လို့နေပါပြီ။ စိတ်ဖိစီးမှုတွေ များပြားလှတဲ့ လောကကြီးထဲ ချောကလတ်တစ်တောင့်၊ ဝိုင်တစ်ခွက်နဲ့ ဘာဂါတစ်လုံးကနေ ရလိုက်တဲ့ လောက စည်းစိမ်ကြောင့် ဘယ်လောက်စိတ်သတ်သာရသွားလဲဆိုတာကိုတော့ တိုင်းတာရ ခက်ပါတယ်လို့ ဆိုပါတယ်။

Ref: newsrepublic “Is drinking wine good or bad for your health”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top