57190371_2336129943084579_9023737734983843840_n.jpg

နော်တာဒိန်းဘုရားကျောင်း မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့က နော်တာဒိန်းဘုရားကျောင်း မီးလောင်ကျွမ်းခဲ့တာ ဝါယာရှော့ခ်ကြောင့် ဟုတ်၊ မဟုတ်ဆိုတာကို ပဲရစ်မြို့ အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က မီးလောင်ကျွမ်းမှုကြောင့် နှစ်သက်တမ်း (၈၅၀) ရှိတဲ့ ဂေါ့သစ်လက်ရာ ဘုရားကျောင်းရဲ့ အစိတ်အပိုင်း တော်တော်များများ…

57614898_2336129763084597_4990185968507027456_n.jpg

သေပြီးနောက် (၄) နာရီအကြာမှာ ဝက်ဦးနှောက်တွေကို တစ်စိတ်တစ်ပိုင်းလှုပ်ရှားအောင်လုပ်နိုင်ခဲ့

အမေရိကန်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ အသတ်ခံခဲ့ရတဲ့ ဝက်တွေရဲ့ ဦးနှောက်တွေကို (၄) နာရီအကြာမှာ တစ်စိတ်တစ်ပိုင်း နိုးထလာအောင် လုပ်နိုင်ခဲ့ပါတယ်။ သားသတ်ရုံက ဝက် (၃၂) ကောင်ရဲ့ ဦးနှောက်တွေကို ယူလာပြီး (၄) နာရီအကြာမှာ ယေးလ်တက္ကသိုလ်က အဖွဲ့တစ်ဖွဲ့…

57798875_2336129603084613_6509189289761308672_n.jpg

အသားကင်စားရာကနေ တောမီးအကြီးအကျယ်လောင်ခဲ့လို့ ယူရို (၁၃) သန်းကျော် လျော်ကြေးပေးခဲ့ရသူ (၂) ယောက်

အီတလီနိုင်ငံ ကိုမိုဒေသက တောမီးအကြီးအကျယ်လောင်ကျွမ်းမှုအတွက် အပြစ်ရှိတဲ့ ကျောင်းသား (၂) ယောက်ဟာ တစ်ဦးကို ယူရို (၁၃.၅) သန်းစီ ဒဏ်ငွေချမှတ်ခံခဲ့ရပါတယ်။ အသက် (၂၂) နှစ်အရွယ်ရှိတဲ့ တက္ကသိုလ်ကျောင်းသား (၂) ယောက်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ…

56986797_1509009022565563_825154275163242496_n.jpg

မြစ်ဆုံကို သဘာဝအတိုင်းရှိစေချင်သည့် အောင်လအန်ဆန်

ONE Championship ၏ ဝိတ်တန်းနှစ်ခုကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်အနေဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားရှိ မေခ မေလိခ မြစ်ဆုံကို သဘာဝအလှတရားအတိုင်းသာရှိစေချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ မေခမြစ်နှင့် မလိခမြစ်တို့ဆုံဆည်ရာမြစ်ဆုံသည် အလွန်ပင်လှပသည့်နေရာတစ်ခုဖြစ်သလို မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားခံရာနေရာလည်းဖြစ်သည်။ ထို့အတူ…

RICE-LOST-IVORY-COAST-2.jpg

အိုင်ဗရီကို့စ်ဆိပ်ကမ်းမှာ ဖျက်ဆီးလိုက်တဲ့ဆန်ကိစ္စကို စုံစမ်းဖော်ထုတ်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ပြော

အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Ivory Coast (အိုင်ဗရီကို့စ်) က ကျန်းမာရေး အရာရှိတွေဟာ မြန်မာကတင်ပို့လိုက်တဲ့ဆန်တန်ချိန်များစွာကို စားသုံးရန်မသင့်ကြောင်း ကြေညာပြီး ဗုဒ္ဓဟူးနေ့က ဖျက်ဆီးခဲ့တယ်လို့ BBC Africa Live စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဖျက်ဆီးခံရတဲ့ ဆန်စပါးတွေဟာ မြန်မာနိုင်ငံမှ…

Letwaie-1.jpg

WLC-8: KAREN SPIRIT ရဲ့တွဲဆိုင်းစာရင်းကို ထုတ်ပြန်ကြေညာ

WLC-8 ပြိုင်ပွဲမှာယှဉ်ပြိုင်ကြမယ့် တွဲဆိုင်းစာရင်းကို WLC က တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ချစ်သူမြိုင်ပန်းခြံမှာ မေလ (၅) ရက်နေ့ကျင်းပသွားမယ့် WLC-8: KAREN SPIRIT ပြိုင်ပွဲမှာ စုစုပေါင်းတွဲဆိုင်း (၈) ဆိုင်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။…

1e2921bc26b82791b8a707d0640e5120.jpg

ဒိုက်ထိုးနိုင်စွမ်းကိုကြည့်ပြီး နှလုံးရောဂါဖြစ်နိုင်ချေကို ကြိုတင်ဟောကိန်းထုတ်နိုင်

ဟားဗက်တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့လေ့လာမှုအရ ဒိုက်ထိုးခြင်းကို (၁၀) ကြိမ်ပြည့်အောင် မပြုလုပ်နိုင်သူဟာ လေသင်တုန်းဖြတ်နိုင်ခြေနဲ့ နှလုံးတိုက်ခိုက်ခံရနိုင်ချေအများဆုံးရှိနေတယ်လို့ ယူဆနိုင်ကြောင်း သိရပါတယ်။ ဒိုက်ထိုးခြင်းနဲ့ ဒိုက်ထိုးနိုင်စွမ်းကိုဆန်းစစ်ပြီး လူတစ်ယောက်အနေနဲ့ အနာဂတ်မှာ နှလုံးရောဂါဖြစ်နိုင်ချေဘယ်လောက်ရှိကြောင်း ကြိုတင်ဟောကိန်းထုတ်နိုင်ပြီဖြစ်တယ်လို့ ဟားဗက်က သုတေသီ ဂျက်စတင်ယန်း (Justin…

nm.jpg

နာမည်ကျော်လူသားတွေအကြောင်းနဲ့ ပတ်သက်တဲ့ အမှန် အမှားများ

အခုပြောပြတဲ့အချက်အလက်တွေဟာ လူများစုသိထားတဲ့ မှန်သယောင်ယောင်အချက်အလက်တွေဖြစ်ပါတယ်။ သိပြီးသူတွေရှိနိုင်ပေမဲ့လည်း မသိသေးသူတွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ ကဲ…ဘာတွေများကွာခြားနေမလဲ ကြည့်လိုက်ရအောင်ပါ။ မစ်ကီမောက်စ်ကို ဝေါ့လ်ထ် ဒစ္စနေရေးဆွဲခဲ့တယ် မစ်ကီမောက်စ်ဇာတ်ကောင်ကိုရေးဆွဲသူက ဝေါ့လ်ထ် ဒစ္စနေ (Walt Disney) လို့ပဲ အတော်များများကထင်ကြတာပါ။ ဒါပေမဲ့…

12025996-0-image-a-23_1554762368994.jpg

ကလေးလက်ဆော့လို့ အိုင်ပက် (iPad) တစ်လုံး (၄၉) နှစ်ကြာ လော့ခ်ချခံလိုက်ရ

နယူးယောက်မြို့က မစ္စတာ အော့ဇ်နို့စ် (Mr.Osnos) ရဲ့အဖြစ်ကတော့ ရှားရှားပါးပါးကြုံရတာပါပဲ။ သူ အသုံးပြုတဲ့ iPad ဟာ အချိန် (၄၉) နှစ် ကြာ လေ့ာခ်ကျသွားခဲ့ကြောင့် ကံဆိုးခဲ့ရပါတယ်။ သူ့ရဲ့ သုံးနှစ်အရွယ်သားလေးက iPad လျှို့ဝှက်နံပါတ်…

57798787_2282078875168685_1079315896981258240_n.jpg

စပါးနဲ့ လီဗာပူး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် တက်လှမ်း

မန်စီးတီးနဲ့ စပါးပွဲစဉ်မှာ မန်စီးတီးက (၄-၃)ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၄-၄)ဖြစ်ခဲ့ပေမဲ့ အဝေးဂိုးစည်းမျဉ်းကြောင့် စပါးအသင်း နောက်တစ်ဆင့် တက်ရောက်ခဲ့ပါတယ်။ (၂၁) မိနစ်အတွင်း (၅) ဂိုးသွင်းခဲ့တဲ့ အခုပွဲစဉ်ဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားမှုပေးစွမ်းနိုင်ခဲ့ပါတယ်။ ပွဲချိန် (၄)…