17-12-2020-yyl37.jpg

ပြင်သစ်သမ္မတ မက်ခရွန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရလို့ သူနဲ့ထိတွေ့ခဲ့တဲ့ ဥရောပခေါင်းဆောင်တွေ သီးသန့်ခွဲခြားနေထိုင်

ပြင်သစ်သမ္မတ မက်ခရွန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်မှာတော့ ဥရောပနိုင်ငံတွေရဲ့ ခေါင်းဆောင်တော်တော်များများ သီးသန့်ခွဲခြား နေထိုင်လျက်ရှိပါတယ်။ အသက် ၄၂ နှစ်ရှိတဲ့ မက်ခရွန်ဟာ အိမ်ကနေ ရုံးမတက်ဘဲ အလုပ်လုပ်မှာဖြစ်ပြီး ၇ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်မယ်လို့…

17-12-2020-yyl29.jpg

အမေရိကန်နိုင်ငံမှာ နှင်းမုန်တိုင်းကြောင့် လူသန်း ၆၀ ကျော်အတွက် မိုးလေဝသ သတိပေးချက် ထုတ်ပြန်ထား

အမေရိကန်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းဒေသတွေမှာ နှင်းမုန်တိုင်းကြောင့် ကစဉ့်ကလျားဖြစ်မယ့် အခြေအနေ ရှိနေပြီး မိုးလေဝသသတိပေးချက်ထုတ်ပြန်မှုဟာ လူသန်း ၆၀ ကျော်နဲ့ သက်ဆိုင်နေပါတယ်။ နှင်းမုန်တိုင်းဟာ ကော်လိုရာဒိုပြည်နယ်ကနေ မိန်းပြည်နယ်အထိ တိုက်ခတ်မယ်လို့ ခန့်မှန်းထားပြီး ပြည်နယ် ၁၄ ခုမှာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။…

17-12-2020-yyl17.jpg

ကိုဗစ်-၁၉ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ WHO ရဲ့ နိုင်ငံတကာသိပ္ပံပညာရှင်အဖွဲ့က ဝူဟန်မြို့ကို သွားမယ်

ကိုဗစ်-၁၉ ရောဂါရဲ့ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ လာမယ့်ဇန်နဝါရီလမှာ နိုင်ငံတကာသိပ္ပံပညာရှင် ၁၀ ယောက် ပါဝင်တဲ့အဖွဲ့က တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ပြောပါတယ်။ အစောပိုင်းမှာ တရုတ်အစိုးရက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ခွင့်ပေးဖို့…

16-12-2020-yyl16.jpg

တရုတ်နိုင်ငံရဲ့ သတို့သမီးလူကုန်ကူးမှုပြဿနာ

” ကျွန်မသူငယ်ချင်းက သူနဲ့အတူ တရုတ်ပြည်မှာ အလုပ် လိုက်လုပ်ဖို့ ခေါ်တယ်။ အလုပ်ကောင်းရင် လိုက်လုပ်မယ်လေဆိုပြီး ကျွန်မလည်း လက်ခံလိုက်တယ်” ။ ဒါကတော့ အန္တရာယ်ကို ကြိုမမြင်နိုင်ခဲ့တဲ့ ကချင်အမျိုးသမီးငယ်လေးတစ်ယောက် လူကုန်ကူးခံရပြီး တရုတ်နိုင်ငံမှာ အတင်းအကျပ် အိမ်ထောင်ပြုခဲ့ရတဲ့…

16-12-2020-yyl09.jpg

အိန္ဒိယနည်းပညာသိပ္ပံက သခွားသီးအခွံကနေ အစားအစာထုပ်ပိုးပစ္စည်းတွေ ထုတ်လုပ်

ခါရဂပူရ်မြို့ အိန္ဒိယနည်းပညာသိပ္ပံရဲ့ သုတေသီတွေက သခွားသီးအခွံတွေကို အသုံးပြုပြီး ဂေဟစနစ်နဲ့ ကိုက်ညီမယ့် အစားအစာထုပ်ပိုးရေးပစ္စည်းတွေ တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ သခွားသီးအခွံတွေဟာ တခြားအခွံတွေထက် ဆယ်လူလို့စ်ပါဝင်မှု ပိုများပါတယ်။ အခွံတွေကနေ ရရှိလာတဲ့ ဆယ်လူလို့စ်အမှုန်ငယ်လေးတွေကို သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးနိုင်ပြီး အောက်ဆီဂျင်စိမ့်ဝင်နိုင်စွမ်းနည်းပါးတဲ့ အစားအစာထုပ်ပိုးပစ္စည်းတွေ…

16-12-2020-yyl01.jpg

၉၄ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တဲ့ Moderna ကာကွယ်ဆေးကို အမေရိကန် FDA ခွင့်ပြုပေးဖွယ် ရှိနေ

Moderna ကုမ္ပဏီရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးက ဘေးဥပဒ်ကင်းရှင်းပြီး ၉၄.၁ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA)က ပြောပါတယ်။ ဒီဆေးကို အရေးပေါ်အခြေအနေအတွက် အသုံးပြုခွင့်ပေးဖွယ်ရှိနေပြီး အမေရိကန်နိုင်ငံမှာ ခွင့်ပြုချက်ရရှိတဲ့…

15-12-2020-yyl23.jpg

မဲကိုယ်စားလှယ်တွေရဲ့ တရားဝင်မဲရလဒ်အရ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဂျိုးဘိုင်ဒင်ကို ရုရှားသမ္မတ ပူတင် ဂုဏ်ပြုစကားဆို

မဲကိုယ်စားလှယ်တွေရဲ့ တရားဝင် မဲပေးမှုရလဒ်အရ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကို ရုရှားသမ္မတ ပူတင်က ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ မဲကိုယ်စားလှယ်တွေက (၃၀၆ မဲ – ၂၃၂ မဲနဲ့) ဂျိုးဘိုင်ဒင်ကို သမ္မတရွေးကောက်ပွဲ…

15-12-2020-yyl14.jpg

ဂျပန်နိုင်ငံမှ တွစ်တာလူသတ်သမားကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်

လူ ၉ ယောက်ကို တွစ်တာကနေ ဆက်သွယ်ပြီး သတ်ဖြတ်ခဲ့တဲ့ ဂျပန်အမျိုးသားကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါပြီ။ ” တွစ်တာလူသတ်သမား”လို့ ခေါ်ဆိုကြတဲ့ ရှီရာအီရှီဟာ သူ့ရဲ့တိုက်ခန်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တွေ့ရှိခဲ့လို့ ၂၀၁၇ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။…

15-12-2020-yyl06.jpg

မဲကိုယ်စားလှယ်တွေရဲ့ တရားဝင်မဲရလဒ်အရ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် အနိုင်ရကြောင်း အတည်ပြု

သမ္မတရွေးကောက်ပွဲ အနိုင်ရပြီလို့ မဲကိုယ်စားလှယ်တွေက အတည်ပြုခဲ့ပြီးနောက်မှာတော့ ပြည်သူ့ဆန္ဒက လွှမ်းခြုံအောင်နိုင်ခဲ့ပြီလို့ ဂျိုးဘိုင်ဒင်က ကြွေးကြော်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ မဲပေးမှုစနစ်အရ မဲဆန္ဒရှင်ပြည်သူတွေက မဲကိုယ်စားလှယ်တွေကို ရွေးချယ်ရတာဖြစ်ပြီး မဲကိုယ်စားလှယ်တွေက သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေကို မဲပေးတာဖြစ်ပါတယ်။ လူဦးရေအချိုးအစားအလိုက် ပြည်နယ်တစ်ခုချင်းစီမှာ မဲကိုယ်စားလှယ်…

15-12-2020-yyl05.jpg

ဒီလကစပြီး စင်ကာပူမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ် ထိုးနှံပေးမယ်

စင်ကာပူနိုင်ငံသားအားလုံးနဲ့ ကာလရှည် နေထိုင်သူတွေကို အခမဲ့ ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။ စင်ကာပူနိုင်ငံက Pfizer-BioNTech ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးထားပြီး ဒီဇင်ဘာလထဲမှာ ပထမအသုတ်အဖြစ် ကာကွယ်ဆေး စတင်ထိုးနှံသွားမှာပါ။ ” တခြားကာကွယ်ဆေးတွေလည်း မှာထားပါတယ်။…