12-5-2020-yyl-006.jpg

အိမ်ဖြူတော်ဝန်ထမ်းတွေကို နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားထားပေမဲ့ ဒေါ်နယ်ထရမ့် နှာခေါင်းစည်းတပ်မှာမဟုတ်

အိမ်ဖြူတော်ရဲ့ အနောက်ဆောင်ကို ဝင်ရောက်တဲ့အခါ နှာခေါင်းစည်းတပ်ထားဖို့ ဝန်ထမ်းတွေကို ညွှန်ကြားထားပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တခြားသူတွေနဲ့ ခပ်ဝေးဝေးနေလို့ နှာခေါင်းစည်းတပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ” ကျွန်တော်ကတော့ နှာခေါင်းစည်းမတပ်ချင်ဘူး။ ကျွန်တော်က သမ္မတတွေ၊ အာဏာရှင်တွေ၊ ဘုရင်တွေ၊ ဘုရင်မတွေနဲ့…

11-5-2020-yyl-039.jpg

ဒီကပ်ကြီးထဲမှာသတိတရားကို ကိုင်ဆုပ်ပြီးအမုန်းစိတ်ကို လွှတ်ချလိုက်ပါ

(၁) ဂွာတာနာမိုအကျဉ်းထောင်ရဲ့ အရေးအကြီးဆုံးအကျဉ်းသားလို့ သတ်မှတ်ခံခဲ့ရဖူးတဲ့ အကျဉ်းသား ဆာလာဟီက ပြောဖူးတယ်။ ” လူတွေက ကြောက်ရွှံ့တဲ့အခါ ကိုယ်က ကိုယ်မဟုတ်တော့ဘူး။ ကလေးတစ်ယောက်လို ဖြစ်သွားတတ်ကြတယ်တဲ့”။ ဂျော်ဒန်နိုင်ငံမှာ ထိန်းသိမ်းခံရတုန်းက သူ့မျက်စိကို အဝတ်စည်းပြီး ပြင်ပအသံမကြားရအောင် နားကြပ်တပ်လိုက်ချိန်မှာ…

11-5-2020-yyl-026.jpg

အီရန်ရေတပ်သင်္ဘောအချင်းချင်း မှားယွင်းပစ်ခတ်မိလို့ သင်္ဘောတစ်စင်း နစ်မြုပ်ပြီး သင်္ဘောသားတွေ သေဆုံးခဲ့တယ်လို့ သတင်းထွက်ပေါ်

အီရန်ရေတပ်သင်္ဘောအချင်းချင်း ပစ်ခတ်မိလို့ သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီး သင်္ဘောသား ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ တရားဝင်မဟုတ်တဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့(IRGC)ရဲ့ စစ်သင်္ဘော ဂျာမာရန်က သင်္ဘောဖျက်ဒုံးကျည်သစ်ကို စမ်းသပ်နေချိန်မှာ ထောက်/ပို့သင်္ဘော ကိုနာရက်ကို ပစ်ခတ်မိခဲ့တာလို့ ဒေသခံဂျာနယ်လစ်တွေက ပြောပါတယ်။…

11-5-2020-yyl-021.jpg

မန်စီးတီးကို ငြင်းပယ်ပြီး လီဗာပူးကို ရွေးချယ်ခဲ့တဲ့အကြောင်းကို ဗန်ဒိုက်ဂျ် ထုတ်ပြော

ဆောက်သမ်တန်ကနေ ထွက်ခွာလာချိန်မှာ မန်စီးတီးကို ငြင်းပယ်ပြီး လီဗာပူးကို ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းရင်းကို ဟော်လန်နောက်ခံလူ ဗန်ဒိုက်ဂျ်က ထုတ်ပြောခဲ့ပါတယ်။ ဗန်ဒိုက်ဂျ်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ခံစစ်မှူးတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၇၅ သန်းနဲ့ လီဗာပူးအသင်းကို…

11-5-2020-yyl-020.jpg

လာလီဂါနဲ့ ဆီဂန်ဒါကစားသမား ၅ ယောက်မှာ COVID-19 ရောဂါပိုးတွေ့ရှိ

စပိန်နိုင်ငံ ထိပ်တန်းဘောလုံးလိဂ်ပြိုင်ပွဲ ၂ ခုဖြစ်တဲ့ လာလီဂါနဲ့ ဆီဂန်ဒါပြိုင်ပွဲတွေမှာ ကစားသမားအားလုံးကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ကစားသမား ၅ ယောက်မှာ ရောဂါပိုးရှိနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ရာသီ ပြန်လည်စတင်ရေးနဲ့…

11-5-2020-yyl-019.jpg

ကင်ညာနိုင်ငံမှာ ၁၈ လကြာ ပြန်ပေးဆွဲခံခဲ့ရတဲ့ အီတလီနိုင်ငံသူ ပြန်လွတ်မြောက်လာ

၂၀၁၈ ခုနှစ် နိုဝင်ဘာလက ကင်ညာနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ အီတလီနိုင်ငံသူ ထောက်ပံ့ရေးဝန်ထမ်းဟာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး မိခင်နိုင်ငံထံ ပြန်လာနိုင်ခဲ့ပါပြီ။ ရောမမြို့ကို ရောက်ရှိလာတဲ့ ရိုမာနိုကို သူ့ရဲ့မိဘတွေနဲ့ ညီမဖြစ်သူတို့က ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပြီး အီတလီဝန်ကြီးချုပ် ဂူဆက်စပီကွန်တီ၊ နိုင်ငံခြားရေးဝန်ကြီးတို့က လာရောက်နှုတ်ဆက်ခဲ့ကြပါတယ်။…

11-5-2020-yyl-018.jpg

COVID-19 ရောဂါပိုးရှိသူတွေကို ခြေရာခံစောင့်ကြည့်ရာမှာ ပြည့်တန်ဆာတွေက အရမ်းကူညီပေးခဲ့တယ်လို့ ဇမ်ဘီယာကျန်းမာရေးဝန်ကြီး ဂုဏ်ပြု

ဇမ်ဘီယာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ နာခွန်ဒီမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်တွေ မြင့်တက်လာခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ရှိသူတွေကို ခြေရာခံစုံစမ်းရာမှာ ပြည့်တန်ဆာတွေက ကူညီပေးနေတယ်လို့ ဇမ်ဘီယာနိုင်ငံ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ နာခွန်ဒီမြို့မှာ COVID-19 လူနာသစ် ၈၅ ယောက်ရှိလာတဲ့အနက် ၇၆ ယောက်က…

11-5-2020-yyl-017.jpg

မြောက်ကိုရီးယားနယ်စပ်က တရုတ်မြို့မှာ COVID-19 လူနာ မြင့်တက်လာလို့ အသွားအလာပိတ်ဆို့

မြောက်ကိုရီးယားနယ်စပ်နားမှာရှိတဲ့ တရုတ်မြို့တစ်မြို့မှာ COVID-19 ကူးစက်ခံရသူ မြင့်တက်လာလို့ အသွားအလာပိတ်ဆို့ထားပါတယ်။ ကျီလင်းပြည်နယ်မှာရှိတဲ့ ရှူလန်မြို့မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာတော့ COVID-19 လူနာသစ် ၁၁ ယောက် ထပ်တိုးလာပါတယ်။ လူနာသစ် ၁၁ ယောက်လုံးဟာ ရောဂါပိုးရှိတဲ့ ခဝါသည်အမျိုးသမီးနဲ့ ဆက်နွှယ်နေတယ်လို့…

8-5-2020-yyl-048.jpg

ကင်ညာနိုင်ငံမှာ ရေဘေးကြောင့် လူ ၂၀၀ နီးပါး သေဆုံး

ပြီးခဲ့တဲ့လကစပြီး ကင်ညာနိုင်ငံတစ်ဝန်းမှာ မိုးသည်းသည်းမဲမဲ ရွာပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဖြစ်ပွားခဲ့လို့ လူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး နေရပ်စွန့်ခွာရသူ ၁၀၀၀၀၀ လောက် ရှိခဲ့ပါတယ်။ ကင်ညာသမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ ဟက်တာဧက ထောင်နဲ့ချီတဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေ ရေစီးထဲမျောပါခဲ့တယ်လို့…

8-5-2020-yyl-047.jpg

ဂျပန်နိုင်ငံမှာ တစ်လကျော်အတွင်း ပထမဆုံးအကြိမ် တစ်ရက်တာ ရောဂါကူးစက်ခံရသူ ၁၀၀ အောက် ကျဆင်း

ဂျပန်နိုင်ငံမှာတော့ တစ်လကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀ အောက် ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်လူနာ ၉၅ ယောက်ရှိခဲ့ပြီး သေဆုံးသူ ၆ ယောက် ရှိပါတယ်။ ဒါဟာ မတ်လ…