6-7-2020-yyl-017.jpg

လိဂ်ပြိုင်ပွဲမှာ အဝေးကွင်း ၃ ပွဲဆက်ရှုံးနိမ့်မှု ကြုံတွေ့ခဲ့တဲ့ မန်စီးတီး

ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ မန်စီးတီးနည်းပြ ဂွာဒီယိုလာအတွက် မှတ်တမ်းဆိုးတစ်ရပ် ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဂွာဒီယိုလာဟာ နည်းပြဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လိဂ်ပြိုင်ပွဲမှာ အဝေးကွင်းပွဲစဉ် ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းပိုင်ဆိုင်ခဲ့တာပါ။ မန်စီးတီးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပြိုင်ပွဲတွေ မရပ်နားခင် မန်ချက်စတာဒါဘီပွဲမှာ…

6-7-2020-yyl-015.jpg

သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင် ချင်တယ်လို့ ကင်းန်ဝက်စ် ပြော

အမေရိကန် ရက်ပ်အဆိုတော် ကင်းန်ဝက်စ်က သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်လို့ ပြောခဲ့ပါတယ်။ ” ဘုရားကို ယုံကြည်၊ ကျွန်တော်တို့အမြင်တွေကို စုစည်းပြီး ကျွန်တော်တို့ အနာဂတ်ကို တည်ဆောက်မယ်ဆိုတဲ့ အမေရိကရဲ့ကတိစကားကို ကျွန်တော်တို့ နားလည်လက်ခံရမယ်။ ကျွန်တော်က အမေရိကန်သမ္မတ ရွေးကောက်ပွဲ…

6-7-2020-yyl-014.jpg

ဗြိတိန်နိုင်ငံရဲ့ စူပါမားကတ်ထဲမှာ အဆိပ်သင့်ဖားတစ်ကောင် တွေ့ရှိ

တောင်အမေရိကနိုင်ငံမှာ တွေ့ရလေ့ရှိတဲ့ အဆိပ်သင့်ဖားတစ်ကောင်ကို ဗြိတိန်နိုင်ငံရဲ့ စူပါမားကတ်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ လာနယ်လီမြို့ရဲ့ Asda စူပါမားကတ်မှာ မျက်စိလျင်တဲ့ ဝန်ထမ်းတစ်ယောက်က ငှက်ပျောဖီးတွေကြားက လက်မအရွယ်အစားရှိတဲ့ ဖားတစ်ကောင်ကို တွေ့ခဲ့တာပါ။ ကိုလံဘီယာနိုင်ငံဟာ ငှက်ပျောသီးတန်ချိန်သိန်းချီ စိုက်ပျိုးပြီး ဗြိတိန်နိုင်ငံကို နှစ်စဉ်…

6-7-2020-yyl-013.jpg

ဖလော်ရီဒါပြည်နယ်မှာ ဦးနှောက်စား အမီးဘားပိုး ကူးစက်မှုဖြစ်ပွား

ဖလော်ရီဒါပြည်နယ်မှာ ဦးနှောက်ကို စားသောက်တတ်တဲ့ ရှားပါးအမီးဘားပိုး ကူးစက်ခံမှုဖြစ်ပွားခဲ့တယ်လို့ အရာရှိတွေက အတည်ပြုခဲ့ပါတယ်။ ဟေးဘရော့ဂျ်ကောင်တီမှာ နေထိုင်သူတစ်ယောက်ဟာ ဦးနှောက်စား အမီးဘားပိုးဖြစ်တဲ့ နာဂလီရီယာဖောလာရီ (Naegleria fowleri) ကူးစက်ခံခဲ့ရတာလို့ ဖလော်ရီဒါပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အရမ်းသေးငယ်ပြီး ဆဲလ်တစ်မျိုးပဲပါတဲ့…

3-7-2020-yyl-049.jpg

ပြင်သစ်ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်

ပြင်သစ်ဝန်ကြီးချုပ် အီဒေါက်ဖီးလစ်ဟာ ရာထူးကနေ နုတ်ထွက်ဖို့ သမ္မတမက်ခရွန်ဆီ စာတင်ထားပါတယ်။ သမ္မတ မက်ခရွန်ထက် လူကြိုက်ပိုများတယ်လို့ သတ်မှတ်ခံထားရတဲ့ အီဒေါက်ဖီးလစ်ဟာ ပြင်သစ်အစိုးရအဖွဲ့ကို ၃ နှစ်ကြာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့အားလပ်ရက်က ကျင်းပခဲ့တဲ့ ဒေသခံရွေးကောက်ပွဲမှာတော့ အာဏာရပါတီ (La…

3-7-2020-yyl-048.jpg

တောင်အာဖရိက စစ်သည်အယောက်၄၀ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ စစ်သည် ၄၀ ထက်မနည်းရှိတယ်လို့ တောင်အာဖရိကကာကွယ်ရေးတပ်ဖွဲ့(SANDF)က အတည်ပြုခဲ့ပါတယ်။ ကိတ်တောင်းမြို့မှာ အခြေစိုက်တဲ့ ခြေမြန်တပ်ရင်းက စစ်သည်တွေ ရောဂါကူးစက်ခံခဲ့ရတာပါ။ သူတို့ဟာ တောင်အာဖရိကနိုင်ငံမြောက်ပိုင်း လင်ပိုပိုပြည်နယ်ကို စေလွှတ်ခံခဲ့ရသူတွေဖြစ်ပါတယ်။ တောင်အာဖရိကနဲ့ ဇင်ဘာဘွေနိုင်ငံကြား နယ်စပ်လုံခြုံရေးတာဝန်ယူထားတဲ့…

3-7-2020-yyl-047.jpg

လူ့ဆံပင်နဲ့ ပြုလုပ်ထားဖွယ်ရှိတဲ့ ဆံပင်တုများကို နယူးယော့ခ် ဆိပ်ကမ်းတွင် သိမ်းဆည်း

လူ့ဆံပင် အသုံးပြုပြီး ပြုလုပ်ထားဖွယ်ရှိတဲ့ ဆံပင်တုလို အလှကုန်ပစ္စည်း အလေးချိန် ၁၃ တန် ကို နယူးယော့ခ်ဆိပ်ကမ်းမှာ အမေရိကန်နိုင်ငံ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး အရာရှိတွေက သိမ်းဆည်းခဲ့ပါတယ်။ အဲဒီအလှကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံ ရှင်ကျန်းဒေသကနေ တင်ပို့ခဲ့တာဖြစ်လို့ ရှင်ကျန်းဒေသမှာ…

3-7-2020-yyl-045.jpg

Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ မြောက်ကိုရီးယားနိုင်ငံ အောင်မြင်မှု ရခဲ့တယ်လို့ ကင်ဂျုံအန် ပြော

Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ မြောက်ကိုရီးယားနိုင်ငံက တောက်ပတဲ့အောင်မြင်မှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ချီးကျူးခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ဝင်မလာနိုင်အောင် တားဆီးကာကွယ်နိုင်ခဲ့ပြီး အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့တယ်လို့ ပေါ်လစ်ဗျူရိုအစည်းအဝေးမှာ ကင်ဂျုံအန်က ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာ…

3-7-2020-yyl-006.jpg

Covid-19 ကူးစက်ခံထားရတဲ့ ဂျိုကိုဗစ်နဲ့ ဇနီးသည်တို့ရဲ့ ဒုတိယ ဆေးစစ်မှုအဖြေ Negative ထွက်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တဲ့ ကမ္ဘာ့အဆင့်(၁) တင်းနစ်သမား ဂျိုကိုဗစ်နဲ့ ဇနီးသည် ဂျီလီနာတို့ဟာ (၉)ရက်ကြာပြီးနောက် ပြန်စစ်ဆေးချိန်မှာ ရောဂါပိုးမရှိ(Negative)လို့ အဖြေထွက်ခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ Adria Tour တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် တခြားတင်းနစ်သမားတွေဖြစ်တဲ့ ဒီမီထရော့၊ ဘော်နာကိုရစ်၊…

3-7-2020-yyl-005.jpg

ဒီဘရိုင်းက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားလို့ ဂွာဒီယိုလာ ချီးကျူး

လီဗာပူးကို ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ချီးကျူးခဲ့ပါတယ်။ ဒီဘရိုင်းဟာ ပင်နယ်တီကတစ်ဆင့် မန်စီးတီးအတွက် အဖွင့်ဂိုးသွင်းပေးခဲ့သလို တတိယဂိုးနဲ့ ချိန်ဘာလိန်ရဲ့ (OG)ဂိုးတွေဟာလည်း သူ့ရဲ့တိကျတဲ့ပေးပို့မှုတွေကြောင့် ဂိုးရခဲ့တာပါ။…