2-6-2020-yyl-009.jpg

အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် တန်ဖိုးရှိတဲ့ အမ်ဖက်တာမင်းဆေးတွေ သိမ်းဆည်းရမိ

အီတလီရဲတပ်ဖွဲ့ဟာ ကမ္ဘာ့စံချိန်တင် မူးယစ်ဆေးဝါး သိမ်းဆည်းရမိမှုအဖြစ် အမ်ဖက်တာမင်း ၁၄ တန် သိမ်းဆည်းရမိခဲ့ပါတယ်။ IS အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးဖို့ ရည်ရွယ်ပြီး အဲဒီဆေးတွေကို ဆီးရီးယားနိုင်ငံမှာ ထုတ်လုပ်ခဲ့တာဖြစ်မယ်လို့ ယူဆနေကြပါတယ်။ အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံ တန်ဖိုးရှိတဲ့…

1-7-2020-yyl-030.jpg

ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းဝတ်စုံသစ်

ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ဝတ်ဆင်မယ့် အိမ်ကွင်းဝတ်စုံသစ်ကို ဝက်စ်ဟမ်းနဲ့ပွဲမှာ ဝတ်ဆင်ပြသသွားမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ယိုကိုဟားမားတာယာကုမ္ပဏီ ချုပ်ဆိုထားတဲ့ ပေါင်သန်း ၂၀၀ တန် စပွန်ဆာစာချုပ် သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ စပွန်ဆာအမှတ်တံဆိပ် အပြောင်းအလဲ ရှိလာပါတယ်။ ချဲလ်ဆီးအသင်းရဲ့ စပွန်ဆာကုမ္ပဏီသစ်ကတော့ Three…

1-7-2020-yyl-029.jpg

အင်စတာဂရမ်က သူ့ရဲ့ဝတ်လစ်စလစ် ဓာတ်ပုံကို ဖယ်ရှားလိုက်လို့ MMA အားကစားမယ် ဒေါသထွက်နေ

အင်စတာဂရမ်ပေါ်မှာ တင်ထားတဲ့ သူ့ရဲ့ဝတ်လစ်စလစ်ဓာတ်ပုံ ဖယ်ရှားခံရတာဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပိတ်ပင်ရာရောက်တယ်ဆိုပြီး MMA အားကစားမယ်ဟောင်း ဂီနာကာရာနိုက ဒေါသထွက်နေပါတယ်။ အသက် ၃၈ နှစ်ရှိတဲ့ ဂီနာကာရာနိုဟာ MMA မကစားခင်တုန်းက မွေထိုင်းကစားခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ သရုပ်ဆောင်မင်းသမီး၊…

1-7-2020-yyl-028.jpg

အဲဗာတန်က ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်စွမ်းရှိလာလိမ့်လို့ အန်စလော့တီ ပြော

သိပ်မဝေးတော့တဲ့ အနာဂတ်ကာလမှာ အဲဗာတန်အသင်းက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ဝါရင့်နည်းပြ အန်စလော့တီက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မာကိုဆေးလ်ဗားကို နည်းပြရာထူးက ထုတ်ပယ်ပြီး အန်စလော့တီကို အစားထိုးခန့်အပ်ချိန်မှာ အဲဗာတန်အသင်းက တန်းဆင်းဇုန်နဲ့ ၄ မှတ်ပဲ ကွာဝေးတဲ့နေရာမှာ…

1-7-2020-yyl-027.jpg

ချန်ပီယံလိဂ် ပွဲမတိုင်ခင် နေ့မှာ မိုးလင်းပေါက် ပါတီပွဲ ဆင်နွှဲခဲ့ဖူးတဲ့ ရှနိုက်ဒါ

ချန်ပီယံလိဂ် ပွဲမတိုင်ခင်နေ့မှာ မိုးလင်းပေါက် ပါတီပွဲ ဆင်နွှဲခဲ့ပေမဲ့ ပွဲကစားချိန်မှာ တစ်ဂိုးသွင်းပြီး တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့တယ်လို့ အင်တာမီလန်ကစားသမားဟောင်း ရှနိုက်ဒါက သူ့ရဲ့ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိစာအုပ်သစ်မှာ ရေးသားထားပါတယ်။ ဟော်လန်ကွင်းလယ်လူဟောင်း ရှနိုက်ဒါဟာ ဝါဒါဘရီမင်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်နေ့မှာ ဂျော့ကလိုနေး၊ မီဂန်ဖောက်တို့နဲ့အတူ…

1-7-2020-yyl-026.jpg

၂၀၁၉-၂၀၂၀ ရာသီမှာ ပေါင် ၁၆.၅ သန်းရခဲ့တဲ့ ခါဘီနာမာဂိုမီဒေါ့ဗ်

ရုရှားသိုင်းပေါင်းစုံ ကစားသမား ခါဘီနာမာဂိုမီဒေါ့ဗ်ဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ ဝင်ငွေပေါင် ၁၆.၅ သန်းရရှိခဲ့တယ်လို့ ဖို့ဘ်မဂ္ဂဇင်းက ဖော်ပြပါတယ်။ အသက် ၃၁ နှစ်ရှိတဲ့ ပွဲတိုင်းနိုင် သိုင်းပေါင်းစုံ ကစားသမား ခါဘီဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလက…

1-7-2020-yyl-025.jpg

နာမည်ကျော် လက်ပစ်မြား ကစားသမားက Amazon မှာ ပါဆယ်ပို့သူအဖြစ် အလုပ်လုပ်နေ

နာမည်ကျော် လက်ပစ်မြား ကစားသမား မာဗန်ကင်းဟာ နေ့တွက်ခ ပေါင် ၁၂၀ ယူပြီး Amazon ကုမ္ပဏီမှာ ပါဆယ်ပို့သူအဖြစ် အလုပ်လုပ်နေပါတယ်။ ကမ္ဘာ့အဆင့် ၂၂ ရှိတဲ့ လက်ပစ်မြား ကစားသမား မာဗန်ကင်းဟာ ကစားသမားဘဝမှာ ပေါင်…

1-7-2020-yyl-012.jpg

ဆာနေးကို ဘိုင်ယန်မြူးနစ်ထံ ပေါင် ၅၄.၈ သန်းနဲ့ ရောင်းချဖို့ မန်စီးတီး သဘောတူညီ

မန်စီးတီးအသင်းဟာ တောင်ပံကစားသမား လီရွိုင်းဆာနေးကို ဘိုင်ယန်မြူးနစ်အသင်းထံ ပေါင် ၅၄.၈ သန်းနဲ့ ရောင်းချဖို့ သဘောတူညီလိုက်ပါပြီ။ ဂျာမနီလက်ရွေးစင် ကစားသမား ဆာနေးအတွက် ဘိုင်ယန်မြူးနစ်က ပေါင် ၄၄.၇ သန်း ကနဦးပေးချေမှာဖြစ်ပြီး ထပ်ဆောင်းဆုကြေးခံစားခွင့်အရ ပေါင် ၁၀…

1-7-2020-yyl-011.jpg

ကစားသမားဘဝမှာ ဂိုး ၇၀၀ ပြည့်မြောက်ခဲ့တဲ့ မက်ဆီ

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ အက်သလက်တီကိုနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ကစားသမားဘဝရဲ့ ၇၀၀ မြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီဟာ (၇၀၀) မြောက်သွင်းဂိုးကို ပါနန်ကာပင်နယ်တီကန်ချက်နဲ့ သွင်းယူခဲ့တာပါ။ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ဂိုး (၆၃၀)၊ အာဂျင်တီးနားအသင်းအတွက်…

1-7-2020-yyl-010.jpg

အီရန်ပုဂ္ဂလိကဆေးရုံ ပေါက်ကွဲမှု ဖြစ်ပွားလို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံး

အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ရဲ့ ပုဂ္ဂလိကဆေးရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့တယ်လို့ အီရန်အရာရှိတွေက ပြောပါတယ်။ ဆိုင်နာအေသာဆေးရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူတော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာမလားဆိုတာ စိုးရိမ်ပူပန်နေကြပါတယ်။ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့…