yyl-3-9-012.jpg

စံချိန်တင်စျေးနှုန်းဖြင့် လေလံအောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရှေးဟောင်းမြေပုံ

ရှေးဟောင်းမြေပုံစုဆောင်းသူတွေ အာသာငမ်းငမ်း လိုချင်နေကြတဲ့ မြေပုံတစ်ချပ်ဟာ စံချိန်တင်စျေးနှုန်းအဖြစ် ပေါင် ၂၆၀,၀၀၀ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ နှစ်သက်တမ်း ၃၀၀ နီးပါးရှိတဲ့ ဖိလစ်ပိုင်မြေပုံကို ၁,၇၃၄ ခုနှစ်မှာ စပိန်နိုင်ငံသား မြေပုံရေးဆွဲသူ မူရီလိုဗီလာဒီက ရေးဆွဲခဲ့တာပါ။ စပိန်နိုင်ငံက…

yyl-3-9-011-1.jpg

အန္တာတိကတိုက် ရေခဲပြင်မှ ရေခဲတန်ချိန် ၃၁၅ ဘီလျံပါတဲ့ ရေခဲတောင်အပိုင်းအစတစ်ခု ပဲ့ထွက်

အန္တာတိကတိုက်ရဲ့ အမ်မရီရေခဲပြင်ကနေ ရေခဲတန်ချိန် ၃၁၅ ဘီလျံပါဝင်တဲ့ ရေခဲတောင်အပိုင်းအစတစ်ခု ပဲ့ထွက်သွားခဲ့တယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေမှာ ဖော်ပြထားပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့က ပဲ့ထွက်သွားခဲ့တဲ့ ရေခဲတောင်အပိုင်းအစဟာ စတုရန်းကီလိုမီတာ ၁,၆၃၆ ကျယ်ဝန်းပြီး စကော့တလန်နိုင်ငံရဲ့ နာမည်ကျော် စကိုင်းကျွန်းငယ်ထက်…

yyl-3-9-010-1.jpg

ကိုမိုဒိုနဂါးတွေရှိတဲ့ကျွန်းကို ခရီးသည်တွေအတွက် ဆက်ဖွင့်ပေးမယ်

ကိုမိုဒိုနဂါး(komodo Dragon)လို့ အမည်ပေးထားတဲ့ ဖွတ်တွေကျက်စားရာကျွန်းကို ခရီးသည်တွေ လာရောက်ကြည့်ရှုနိုင်အောင် ဆက်လက်ဖွင့်လှစ်ပေးထားမှာဖြစ်ပေမဲ့ လာရောက်ကြည့်ရှုလိုသူတွေက အဖွဲ့ဝင်ကြေး အမေရိကန်ဒေါ်လာ ၁၀၀၀ ပေးရမယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ ကိုမိုဒိုဖွတ်နဂါးတွေနဲ့ သူတို့ရဲ့ စားကျက်တွေကို ကာကွယ်ဖို့အတွက် ၂၀၂၀ ပြည့်နှစ်…

yyl-3-9-009-1.jpg

နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကလေးစက်ရုံကနေ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၉ ယောက်ကို ကယ်တင်

နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့မှာရှိတဲ့ ကလေးစက်ရုံ(Baby Factories)တွေကနေ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁၉)ယောက်ကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။ အသက်(၁၅)နှစ်ကနေ (၂၈)နှစ်ကြားအရွယ်ရှိတဲ့ အမျိုးသမီးတွေကို အလုပ်ရမယ်လို့ မက်လုံးပေးပြီး နိုင်ဂျီးရီးယားနိုင်ငံ ဒေသအနှံ့အပြားကနေ လာဂို့စ်မြို့ကို ခေါ်ဆောင်လာခဲ့တာပါ။ လာဂို့စ်မြို့ကို ရောက်လာချိန်မှာတော့ အဆောက်အအုံတွေထဲမှာ…

yyl-3-9-004-1.jpg

ရေငုပ်သင်္ဘောကနေ ဒုံးကျည်ပစ်လွှတ်နိုင်လို့ အန္တရာယ် ပိုများလာတဲ့ မြောက်ကိုရီးယား

ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်သစ်တစ်မျိုးကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက အတည်ပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့ နျူကလီးယားကင်းစင်ရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်မယ်လို့ ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာပဲ မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ ပြီးခဲ့တဲ့မေလနောက်ပိုင်း တာတိုပစ်ဒုံးကျည်တွေ စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်မှုတွေထဲမှာ စောင့်ကြည့်စရာအကောင်းဆုံး…

yyl-2-10-007.jpg

အသင်းဖော်ရဲ့နာရီခိုးယူခဲ့တဲ့ ကစားသမားကို နိစ်အသင်း စာချုပ်ဖျက်သိမ်း

အသင်းဖော် ကက်စ်ပါဒိုဘာ့ဂ်ရဲ့နာရီကို ခိုးယူခဲ့တဲ့ လူငယ်ကစားသမား ဒီယာဘီဖာဒီဂါကို လီဂူး-၁ ကလပ် နိစ်အသင်းက စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ စက်တင်ဘာလ ၁၆ ရက်က အသင်းအဝတ်လဲခန်းထဲမှာ သူ့ရဲ့တန်ဖိုးကြီးနာရီ ပျောက်ဆုံးသွားတဲ့အတွက် ဒေါသထွက်သွားတဲ့ ကက်စ်ပါဒိုဘာ့ဂ်က ရဲကို တိုင်ကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာတော့…

yyl-2-10-006.jpg

ဆာလာနဲ့ ပြဿနာကို အတိတ်မှာ ချန်ခဲ့လိုက်ပြီလို့ မာနေး ပြော

ဆာလာနဲ့ အငြင်းပွားခဲ့တဲ့ကိစ္စကို အတိတ်မှာ ချန်ထားခဲ့လိုက်ပြီလို့ လီဗာပူးအသင်းဖော် မာနေးက ပြောပါတယ်။ သြဂုတ်လ ၃၁ ရက်က ဘန်လေကို (၃)ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆာလာက ဂိုးသွင်းဖို့ အသင့်နေရာယူထားတဲ့ မာနေးကို ဘောလုံးထိုးမပေးခဲ့ဘဲ တစ်ကိုယ်ကောင်းဆန်ဆန် ကန်သွင်းခဲ့ရာမှာ…

yyl-2-10-005.jpg

မေဝယ်သာနဲ့ စိတ်မကျေပွဲထိုးဖို့ ဆွေးနွေးနေပြီလို့ ပက်ကွီအို အတည်ပြု

ပွဲတိုင်းနိုင် လက်ဝှေ့သမား မေဝယ်သာနဲ့ စိတ်မကျေပွဲထိုးဖို့ ဆွေးနွေးနေပြီလို့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုက ပြောပါတယ်။ ပက်ကွီအိုဟာ ၂၀၁၅ ခုနှစ် မေလက ”ရာစုနှစ်ရဲ့ အကောင်းဆုံးလက်ဝှေ့ပွဲ”လို့ တင်စားကြတဲ့ လက်ဝှေ့ပွဲမှာ မေဝယ်သာကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး…

yyl-2-10-004.jpg

ဆောင်းရာသီအတွက် အဝါရောင်ဘောလုံးကို ပြောင်းလဲအသုံးပြုမယ့် ပရီးမီးယားလိဂ်

ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဆောင်းရာသီအတွက် ဖန်တီးထားတဲ့ အဝါရောင်ဘောလုံးကို ပြောင်းလဲအသုံးပြုတော့မှာ ဖြစ်ပါတယ်။ Nike ကုမ္ပဏီက ထုတ်လုပ်တဲ့ Hi-Vis Merlin ဘောလုံးဟာ အဝါရောင်ဖြစ်လို့ ဆောင်းတွင်းမှာ မြင်နိုင်စွမ်း ပိုကောင်းပါတယ်။ ဒီရာသီအတွက် ဖန်တီးထားတဲ့ Hi-Vis…

yyl-2-10-003.jpg

အူစိန်ဘော့ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ အမျိုးသမီး

ကမ္ဘာ့အမြန်ဆုံးလူသားလို့ တင်စားခံခဲ့ရတဲ့ တာတိုအပြေးသမား အူစိန်ဘော့ရဲ့ စံချိန်ကို အမျိုးသမီးတစ်ယောက်က ချိုးဖျက်နိုင်ခဲ့ပါတယ်။ အမေရိကန် အိုလံပစ်တာတိုအပြေးမယ် အလီဆန်ဖီးလစ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကျား-မ မီတာ ၄၀၀ လက်ဆင့်ကမ်းအသင်းနဲ့အတူ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီရွှေတံဆိပ်က သူ့အတွက် (၁၂)ခုမြောက်…