67589693_2509681049062800_2384871610050936832_n.jpg

အာဆင်နယ်ဂျာစီဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ လိုင်လီတိုက်စစ်မှူး ပီပီ

အာဆင်နယ်ဟာ လိုင်လီတိုက်စစ်မှူး နီကိုလက်စ်ပီပီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၇၂) သန်းနဲ့ ခေါ်ယူလိုက်ပြီလို့ ထုတ်ပြန်ကြေညာဖို့ နီးစပ်နေပါပြီ။ နီကိုလက်စ်ပီပီဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ နံနက်ပိုင်းက လန်ဒန်မြို့မှာ ဆေးစစ်မှုခံယူခဲ့ပြီးနောက် အာဆင်နယ်နဲ့ (၅) နှစ်စာချုပ်ချုပ်ဆိုဖို့ ရှိနေပါတယ်။ အာဆင်နယ်အသင်းရဲ့…

67406254_2509680542396184_2728237353259761664_n.jpg

ဆေးစစ်မှုမအောင်ခဲ့တဲ့ ဒါလျံဝှိုက်ကို WBC ဟဲဗီးဝိတ်ချန်ပီယံခါးပတ် စိန်ခေါ်သူအဖြစ်ကနေ ဆိုင်းငံ့

ဆေးစစ်မှုမအောင်မြင်ခဲ့တာကို စုံစမ်းစစ်ဆေးနေချိန်အတွင်း ဟဲဗီးဝိတ်လက်ဝှေ့သမား ဒါလျံဝှိုက်ကို WBC ဟဲဗီးဝိတ်ချန်ပီယံခါးပတ် စိန်ခေါ်သူအဖြစ်ကနေ ဆိုင်းငံ့ထားတယ်လို့ WBC က ကြေညာခဲ့ပါတယ်။ အခုလအစောပိုင်းက အော်စကာရီဗက်စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ ဗြိတိန်နိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအေဂျင်စီက ဒါလျံဝှိုက်ကို တားမြစ်ဆေး သုံးစွဲမှု…

67732495_2509679732396265_3012481136472358912_n.jpg

ခြေစမ်းပွဲမှာ ရော်နယ်ဒို မကစားခဲ့လို့ တောင်ကိုရီးယားပရိသတ်တွေ တရားစွဲဖို့ ပြင်ဆင်နေ

ပြီးခဲ့တဲ့တစ်ပတ်က ဆိုးလ်မြို့မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဂျူဗင်တပ်အတွက် ရော်နယ်ဒို ပါဝင်ကစားခဲ့ခြင်းမရှိလို့ တောင်ကိုရီးယားဘောလုံးပရိသတ်တွေက ပွဲစီစဉ်သူတွေကို တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ ကေလိဂ်အောစတားအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အတွက် ရော်နယ်ဒိုက အနည်းဆုံး ပွဲချိန်တစ်ပိုင်း ပါဝင်ဖို့ စာချုပ်ချုပ်ထားတယ်လို့ ပွဲစီစဉ်တဲ့…

67424614_2508490422515196_1933170895963029504_n.jpg

လက်ဝှေ့ပွဲကရတဲ့ဒဏ်ရာကြောင့် အာဂျင်တီးနားလက်ဝှေ့သမား သေဆုံး

အာဂျင်တီးနားလက်ဝှေ့သမား ဆန်တီလန်ဟာ လက်ဝှေ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။ အသက် (၂၃) နှစ်ရှိတဲ့ ဆန်တီလန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က အဘရူနဲ့ ထိုးသတ်ခဲ့တဲ့ (၁၀) ချီပွဲစဉ်အပြီး ဆေးရုံရောက်ခဲ့ပါတယ်။ ဆန်တီလန်နဲ့ အဘရူတို့ရဲ့ပွဲစဉ်ကတော့ သရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။…

67448019_2508487055848866_1779692198145556480_n.jpg

ဒီယွန်တေးဝှိုက်ဒါနဲ့ တိုင်ဆန်ဖျူရီရဲ့ စိတ်မကျေပွဲ ကြန့်ကြာဖို့ရှိ

WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဒီယွန်တေးဝှိုက်ဒါနဲ့ စိတ်မကျေပွဲ ပြန်ထိုးချင်တဲ့ တိုင်ဆန်ဖျူရီရဲ့ ဆန္ဒအတွက် အတားအဆီးတွေ ရှိလာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုရင် ဟဲဗီးဝိတ်တန်းမှာ ရွှေခါးပတ်အားလုံး သိမ်းပိုက်ပြီး အငြင်းပွားစရာမရှိ ချန်ပီယံဖြစ်လာချင်တဲ့ ဒီယွန်တေးဝှိုက်ဒါရဲ့ ရည်မှန်းချက်ကြောင့်ပါပဲ။ ဒီယွန်တေးဝှိုက်ဒါဟာ တိုင်ဆန်ဖျူရီနဲ့ စိတ်မကျေပွဲ…

67277669_2508487415848830_5435239816977448960_n.jpg

စတာလင်ကို လူမျိုးရေးခွဲခြားခဲ့လို့ ချဲလ်ဆီးအသင်းက ပရိသတ်တစ်ယောက်ကို ပွဲကြည့်ခွင့် ရာသက်ပန်ပိတ်ပင်

မန်စီးတီးတိုက်စစ်မှူး စတာလင်ကို လူမျိုးရေးခွဲခြားခဲ့တဲ့ ပရိသတ်တစ်ဦးကို ချဲလ်ဆီးအသင်းက ပွဲကြည့်ခွင့် တစ်သက်တာ ပိတ်ပင်လိုက်ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့က မန်စီးတီးကို (၂) ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင်ချဲလ်ဆီးအသင်း ပရိသတ်တွေက…

67425469_2508487152515523_5673204459992252416_n.jpg

မက်ဂရီဂေါ်နဲ့ အိမ်နီးနားချင်းဖြစ်လာတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ စပိန်နိုင်ငံ မာဘယ်လာမြို့မှာ ပေါင် (၁.၃) သန်းတန် အားလပ်ရက်အပန်းဖြေစံအိမ် ဝယ်ယူလိုက်တဲ့အတွက် MMA ကစားသမား မက်ဂရီဂေါ်နဲ့ အိမ်နီးနားချင်း ဖြစ်လာခဲ့ပါပြီ။ ရော်နယ်ဒို ဝယ်ယူလိုက်တဲ့ အပန်းဖြေစံအိမ်မှာ အိပ်ခန်း (၄) ခန်းပါဝင်ပြီး ရေကူးကန်၊…

67498569_2508487372515501_910440974063239168_n.jpg

ရီးရဲလ်ကိုရောက်လာချိန်မှာ အဝလွန်နေတဲ့ ဟာဇက်

နွေရာသီ အပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးကနေ ရီးရဲလ်ကို ပြောင်းရွှေ့လာတဲ့ ဟာဇက်က အဝလွန်နေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြပါတယ်။ အသက် (၂၈) နှစ်ရှိတဲ့ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်က ကနဦးပြောင်းရွှေ့ကြေး ပေါင် (၈၈.၅) သန်းပေးခဲ့ရပြီး…

67406683_2499761490054756_8662558194008064_n.jpg

ယူအေအီးနိုင်ငံမှာ ကုလားအုတ်ချေးခြောက်သုံးပြီး ဘိလပ်မြေစက်ရုံကိုစွမ်းအင်ပေး

ယူအေအီးနိုင်ငံမှာ ကုလားအုတ်ချေးခြောက်ကိုအသုံးပြုပြီး ဘိလပ်မြေစက်ရုံကိုစွမ်းအင်ပေးနေပါတယ်။ ယူအေအီးနိုင်ငံမြောက်ပိုင်း ရက်စ်အယ်ခိုင်မာမြို့က လယ်သမားတွေဟာ အစိုးရရဲ့ စီမံချက်အရ ကုလားအုတ်ချေးတွေကို သိုလှောင်ရေးစခန်းတွေမှာသွားပုံရပါတယ်။ ကုလားအုတ်ချေးတွေကို ကျောက်မီးသွေးနဲ့ ရောနယ်ပြီး ဘိလပ်မြေစက်ရုံကဘွိုင်လာအိုးတွေကို စွမ်းအင်ပေးနေပါတယ်။ ကုလားအုတ်ချေး (၂) တန်သုံးရင် ကျောက်မီးသွေးတစ်တန်သက်သာတယ်လို့ ကုမ္ပဏီကလေ့လာတွေ့ရှိခဲ့ပါတယ်။…

67364341_2499759660054939_8229676415998492672_n.jpg

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည် (၂) စင်းပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည် (၂) စင်းကို ပင်လယ်ထဲပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်ရုံးကပြောပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့ နံနက်အစောပိုင်းက မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ဝမ်ဆန်မြို့ကနေ ဒုံးကျည်တွေပစ်လွှတ်ခဲ့တာပါ။ အဲဒီဒုံးကျည် (၂) စင်းဟာ အမြင့်ပေ (၅၀) ကီလိုမီတာမှာ ပျံသန်းခဲ့ပြီး…