praying.jpg

လူထုဝတ်ပြုပွဲမှာ လူသောင်းချီ ပါဝင်

Covid-19 ကူးစက်မှာ စိုးရိမ်ပေမဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ လူထုဝတ်ပြုပွဲမှာ လူသောင်းချီ ပါဝင်ခဲ့ပါတယ်။ရိုင်ပူရ်မြို့က လူထုဝတ်ပြုပွဲမှာ မွတ်စလင် ၁၀၀၀၀ စုဝေးခဲ့ကြတယ်လို့ ဒေသခံရဲတပ်ဖွဲ့အကြီးအကဲ တိုတာမီယာက ပြောပါတယ်။ ဒါပေမဲ့ ဝတ်ပြုပွဲကို လာရောက်သူ…

students.jpg

မိုးပေါ်ကနေ ဟင်းသီးဟင်းရွက်တွေ ပြုတ်ကျလာတဲ့ ဗီဒီယိုဖန်တီးမိလို့ အီရန်ကျောင်းသား ၅ ယောက် အဖမ်းခံရ

တီဟီရန်မြို့ကောင်းကင်ကနေ ဟင်းသီးဟင်းရွက်တွေ ပြုတ်ကျလာတဲ့ ဗီဒီယိုဖန်တီးမိခဲ့လို့ အီရန်ကျောင်းသားငါးယောက် အဖမ်းခံခဲ့ရပါတယ်။ လူတွေရဲ့ခေါင်းပေါ်နဲ့ ကားတွေပေါ်ကို ဟင်းသီးဟင်းရွက်တွေ ကျလာတဲ့ ဗီဒီယိုဟာ ပါရှန်းဘာသာစကား အသုံးပြုတဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူထုကို မငြိမ်မသက်ဖြစ်အောင် လုပ်လို့ ကျောင်းသားငါးယောက်ကို…

elephant.jpg

ရွာထဲဝင်ပြီး ပြောင်းဖူးဝိုင်တွေသောက်ခဲ့မိလို့ ဆင်တွေ မူးပြီး အိပ်ပျော်

တရုတ်နိုင်ငံမှာ ရွာထဲဝင်ပြီး စားစရာရှာဖွေခဲ့တဲ့ ဆင် ၁၄ ကောင်က ပြောင်းစေ့ကနေ ထုတ်ထားတဲ့ ဝိုင်တွေသောက်မိလို့ မူးပြီး အိပ်ပျော်သွားခဲ့ပါတယ်။ ဆင် ၁၄ ကောင်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ရွာတစ်ရွာထဲကို စားစရာဝင်ရှာခဲံတာပါ။ စားစရာဝင်ရှာတဲ့ ဆင်တွေဟာ…

cow.jpg

နွားအုပ်တွေ ပေးပို့ပြီး ကြွေးမြီ ကန်ဒေါ်လာ သန်း ၁၀၀ ဆပ်နေတဲ့ ချက်ဒ်နိုင်ငံ

အန်ဂိုလာနိုင်ငံကို ပေးဖို့ကျန်ရှိနေတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာသန်း ၁၀၀ အတွက် ချက်ဒ်နိုင်ငံက နွားအုပ်တွေ ပေးခဲ့ပါတယ်။ ချက်ဒ်နိုင်ငံက ငွေကြေးလိုအပ်နေပြီး အန်ဂိုလာနိုင်ငံက နွားတွေ လိုအပ်နေတဲ့ အခြေအနေမှာ အခုလို သဘောတူညီမှု ရယူနိုင်ခဲ့တာက နှစ်နိုင်ငံလုံးအတွက် အကျိုးရှိခဲ့ပါတယ်။…

covid1.jpg

ရုရှားသိပ္ပံပညာရှင်တွေက Covid-19 ကာကွယ်ဆေးကို တိရစ္ဆာန်တွေမှာ စမ်းသပ်နေ

ရုရှားသိပ္ပံပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်သစ်ကို တိုက်ဖျက်နိုင်ဖွယ်ရှိတဲ့ ကာကွယ်ဆေးနမူနာတွေကို ဆိုက်ဘေးရီးယားဒေသ ဓာတ်ခွဲခန်းတွေမှာ တိရစ္ဆာန်တွေကို ထိုးသွင်းစမ်းသပ်မှု လုပ်ခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ Covid-19 ကူးစက်ခံရသူ ၁၉၉ ယောက် ရှိနေပြီး တခြားဥရောပနိုင်ငံတွေထက်ယှဉ်ရင် ကူးစက်မှုပမာဏ နည်းပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့…

20-3-2020-yyl-012.jpg

၂၇ နှစ်လုံးလုံး ပိုင်ရှင်မဲ့ အလောင်းတွေကို သဂြိုဟ်ပေးခဲ့သူ

သားဖြစ်သူရဲ့ ရုပ်အလောင်းကို သဂြိုဟ်ခွင့်မရခဲ့တဲ့ ဖခင်တစ်ယောက်၊ မိသားစုရဲ့ အငြိုငြင်ခံရသလို လူ့အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံခဲ့ရပေမဲ့ သူ့ယုံကြည်ရာလမ်းကို လျှောက်လှမ်းခဲ့သူ၊ ကမ္ဘာပေါ်မှာ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတွေ အများကြီးရှိပါတယ်။ သေချာတာကတော့ ကောင်းတာလုပ်ရင် ဘုရားတိုင်း ကြိုက်ကြမှာပါ။ မိုဟမ်မတ်ရှာရိဖ်ကတော့ ဘုရားကြိုက်တဲ့အလုပ်ကို…

18-3-2020-yyl-024.jpg

ဘေးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့်ပေးဖို့ ဇီဒန်း ဆန္ဒရှိနေ

ရီးရဲလ်နည်းပြ ဇီဒန်းက လာမယ့်နွေရာသီမှာ တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့်ပေးဖို့ ဆန္ဒရှိနေတယ်လို့ မာကာသတင်းဌာနက ဖော်ပြပါတယ်။ ဘေးလ်နဲ့ ရီးရဲလ်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်က သက်တမ်း ၂ နှစ် ကျန်ရှိနေပေမဲ့ ဇီဒန်းက ဘေးလ်ကို…

18-3-2020-yyl-023.jpg

ချဲလ်ဆီးနဲ့ပွဲ ရွှေ့ဆိုင်းခဲ့ရလို့ နေ့လယ်စာ စားစရာအထုပ် ၈၅၀ ကို အိမ်ရာမဲ့တွေအတွက် ပေးလှူခဲ့တဲ့ အက်စတွန်ဗီလာ

ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို ဧပြီလ ၃ ရက်နေ့အထိ ဆိုင်းငံ့လိုက်ပြီလို့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပြီးနောက်မှာတော့ ချဲလ်ဆီးနဲ့ ကစားရမယ့်ပွဲမှာ ဝန်ထမ်းတွေကို နေ့လယ်စာကျွေးဖို့ စီစဉ်ထားတဲ့ စားစရာအထုပ် ၈၅၀ ကို အက်စတွန်ဗီလာအသင်းက အိမ်ရာမဲ့အတွက် လှူဒါန်းခဲ့ပါတယ်။ Covid-19…

18-3-2020-yyl-021.jpg

Covid-19 ကြောင့် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲ ကျင်းပမယ့်ကာလကို ရွှေ့ဆိုင်းလိုက်ပါပြီ။ ပြင်သစ်အိုးပင်းပြိုင်ပွဲကို မေလ ၂၄ ရက်ကနေ ဇွန်လ ၇ ရက်အထိ ရိုလန်းဂါရို့စ်မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ အခုအခါမှာတော့ စက်တင်ဘာလ ၂၀ ရက်ကနေ…

18-3-2020-yyl-020.jpg

ဖလွိုက်မေဝယ်သာရဲ့ လေ့ကျင့်ရေးမှူး ရော်ဂျာမေဝယ်သာ ကွယ်လွန်

ပွဲတိုင်းနိုင် လက်ဝှေ့သမား ဖလွိုက်မေဝယ်သာရဲ့ လေ့ကျင့်ရေးမှူးဖြစ်တဲ့ ဦးလေးဖြစ်သူ ရောဂျာမေဝယ်သာဟာ အသက် ၅၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရောဂျာမေဝယ်သာဟာ ဖလွိုက်မေဝယ်သာရဲ့ လေ့ကျင့်ရေးမှူးမဖြစ်ခင်က ကမ္ဘာ့ချန်ပီယံလက်ဝှေ့သမားတစ်ယောက်ပါ။ ၁၉၈၀ ပြည့်နှစ်တွေအတွင်း ဖယ်သာဝိတ်နဲ့ ဝယ်တာဝိတ်တန်းတွေမှာ ချန်ပီယံခါးပတ်တွေ ဆွတ်ခူးနိုင်ခဲ့သူပါ။…