7-10-2022-yyl08.jpg

ကျန်ရှိနေတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကိုလည်း နောက်နှစ်အထိ ရွှေ့ဆိုင်းလိုက်တဲ့ ဂျက်စတင်ဘီဘာ

ဂျက်စတင်ဘီဘာဟာ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေတွေကြောင့် ကမ္ဘာ့လှည့်ဖျော်ဖြေပွဲတချို့ကို ရပ်နားကြောင်း ကြေညာခဲ့ပြီးနောက်မှာ ကျန်ရှိနေတဲ့ ကမ္ဘာ့လှည့်ဖျော်ဖြေပွဲတွေကိုလည်း နောက်နှစ်အထိ ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းထွက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့ Justice World Tour က ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့ကျင်းပမယ့်…

7-10-2022-yyl07.jpg

နဖူးမှာ သမီးလေးရဲ့နာမည်ကို တက်တူးထိုးခဲ့တဲ့ အဆိုတော် ပို့စ်မာလုန်း

ရက်ပ်ပါအဆိုတော် ပို့စ်မာလုန်းဟာ သူ့မျက်နှာမှာ နောက်ထပ်တက်တူးအသစ်တစ်ခုထိုးလိုက်ပြန်ပါပြီ။ အခုတစ်ခါထိုးလိုက်တဲ့တက်တူးအသစ်က မေလမှာ မွေးဖွားခဲ့တဲ့ သူ့သမီးလေးအတွက် ရည်ရွယ်တာပါ။ မျက်နှာအနှံ့တက်တူးတွေထိုးထားတဲ့ ပို့စ်မာလုန်းက သူ့ရဲ့နဖူးမှာ “DDP” ဆိုတဲ့ စာလုံးတွေကို ထိုးခဲ့တာပါ။ ပို့စ်မာလုန်း (နာမည်အရင်း- အော်စတင်ရစ်ချက်ပို့စ်) က…

6-10-2022-yyl03.jpg

အသက် ၈ နှစ်ကတည်းက လူသိများလာခဲ့တဲ့ ဗြိတိန်ရဲ့အချမ်းသာဆုံး YouTuber စာရင်းဝင် နစ်ကီ လီလီ

လူမှုကွန်ယက်တွေကနေ ဝင်ငွေတွေ အများကြီးရနေတဲ့ နစ်ကီ လီလီဆိုတဲ့ ကောင်မလေးဟာ အသက် ၁၈ နှစ်ရှိပြီဖြစ်ပေမဲ့ အသက် ၈ နှစ်ကစပြီး သူ့ရဲ့ YouTube ဗီဒီယိုတွေနဲ့ လူသိများခဲ့တာပါ။ သူက အခြားသက်တူရွယ်တူတွေနဲ့မတူဘဲ Arteriovenous Malformation…

6-10-2022-yyl01.jpg

သူ့ရဲ့ဘုရင်မအဖြစ် ဇနီးဖြစ်သူကို ချီးကျူးလိုက်ခြင်းဖြင့် ကွာရှင်းတော့မယ်လို့ ထင်ကြေးပေးမှုတွေကို ပြန်ချေပလိုက်တဲ့ ရန်ဗီယာဆင်း

မကြာသေးခင်က ဘောလိဝုဒ်ရဲ့နာမည်ကြီးစုံတွဲ မင်းသားရန်ဗီယာဆင်းနဲ့ မင်းသမီးဒီပီကာပက်ဒူကုန်းတို့အိမ်ထောင်သက် (၄) နှစ်အကြာမှာ ကွာရှင်းကြတော့မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုလိုထင်ကြေးပေးမှုတွေနဲ့ပတ်သက်ပြီး ရန်ဗီယာဆင်းနဲ့ ဒီပီကာတို့က ဘာမှမပြောခဲ့ကြပေမဲ့ ဇနီးဖြစ်သူ ဒီပီကာကို သူ့ရဲ့ဘုရင်မအဖြစ် ရန်ဗီယာက တင်စားပြီးချီးကျူးပြောဆိုလိုက်တဲ့အခါမှာ ထင်ကြေးပေးမှုတွေကို ရပ်တန့်သွားစေခဲ့ပါတယ်။…

5-10-2022-yyl07.jpg

ကိုယ်ပိုင်လေယာဉ်ပေါ်မှာ ဘရက်ပစ်က ကိုယ်ထိလက်ရောက်ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ စွဲချက်တင်ခဲ့တဲ့ အိန်ဂျလီနာဂျိုလီ

ဟောလိဝုဒ်လောကမှာ နာမည်ကြီးစုံတွဲဖြစ်ခဲ့တဲ့ ဘရက်ပစ်နဲ့အိန်ဂျလီနာဂျိုလီတို့က ကွာရှင်းပြတ်စဲခဲ့ကြတာကြာပြီဖြစ်ပေမဲ့ အပြန်အလှန်တရားစွဲဆိုနေကြတုန်းပါပဲ။ အခုနှစ်အစောပိုင်းမှာ ဘရက်ပစ်က အိန်ဂျလီနာဂျိုလီကို သူတို့နှစ်ယောက်ပိုင်ဆိုင်တဲ့ ဝိုင်လုပ်ငန်းရဲ့ရှယ်ယာတွေကို သူ့ရဲ့သဘောတူချက်မပါဘဲ ရောင်းချခဲ့တဲ့အတွက် တရားစွဲဆိုခဲ့ပါတယ်။ အခုလည်း အိန်ဂျလီနာဂျိုလီက ဘရက်ပစ်ကို ၂၀၁၆ ခုနှစ်တုန်းက ကိုယ်ပိုင်လေယာဥ်ပေါ်မှာ ကိုယ်ထိလက်ရောက်ညှင်းပန်းနှိပ်စက်မှုနဲ့…

9-30-2022-yyl-11.jpg

ပရိသတ်တွေ့ဆုံပွဲမှာ မင်းသားကင်ဆိုးဟွန်နဲ့တွေ့ဆုံပြီးဓာတ်ပုံရိုက်ခွင့်ရဖို့ ထိုင်းပရိသတ်တစ်ဦးက ငွေအများကြီးအကုန်ကျခံ

မကြာသေးခင်က ထိုင်းပရိသတ်တစ်ဦးဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ကိုရီးယားထိပ်တန်းမင်းသားချော ကင်ဆိုးဟွန်ရဲ့ပရိသတ်တွေ့ဆုံပွဲကို တက်ရောက်နိုင်ဖို့ ကန်ဒေါ်လာ ၁၂၆,၀၀၀ (မြန်မာငွေ သိန်း ၂၅၀၀၀ ကျော်) သုံးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းပြည်တွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ မင်းသားချော ကင်ဆိုးဟွန်က “Meet &…

9-30-2022-yyl-08.jpg

ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ စတန့်ပြဖို့ အသုံးပြုခဲ့တဲ့ ကားကို ဒေါ်လာ ၃ သန်းကျော်နဲ့ လေလံတင်ရောင်းချ

“No Time to Die” ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ စတန့်ပြဖို့ အသုံးပြုခဲ့တဲ့ Aston Martin DB5 ပုံတူကားကို စက်တင်ဘာ ၂၈ ရက်နေ့က ဒေါ်လာ ၃.၁၈ သန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ ရောင်းချမှုကနေ ရရှိတဲ့…

28.9-2022-yyl-image-01.jpg

အရမ်းချမ်းသာကြွယ်ဝတဲ့ကုမ္ပဏီသူဌေးနဲ့ ချိန်းတွေ့နေတယ်လို့ သတင်းထွက်ရှိလာတဲ့ မင်းသမီးချော ပတ်မင်ယောင်

ကိုရီးယားမင်းသမီးချောပတ်မင်ယောင်ဟာ ချမ်းသာကြွယ်ဝတဲ့ ကုမ္ပဏီသူဌေးနဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပတ်မင်ယောင်နဲ့ ချိန်းတွေ့တဲ့သူက အရမ်းချမ်းသာကြွယ်ဝတဲ့အမျိုးသား “မစ္စတာကန်”လို့ပဲ တချို့မီဒီယာတွေက ဖော်ပြထားပါတယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာကတော့ လက်ရှိမှာ ပတ်မင်ယောင်က အလွန်ချမ်းသာကြွယ်ဝတဲ့ မစ္စတာကန်နဲ့ ချိန်းတွေ့နေပါတယ်။ မစ္စတာကန်က…

9-26-2022-yyl-27.jpg

၂၀၂၃ ခုနှစ် Super Bowl Halftime Show မှာ ဖျော်ဖြေတင်ဆက်မယ့် ရီဟားနား

ကမ္ဘာကျော်အဆိုတော် ရီဟားနားဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Super Bowl Halftime Show မှာ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ ရီဟားနားဖျော်ဖြေတင်ဆက်မယ်ဆိုတာကို National Football League (NFL) က ဘောလုံးကို ကိုင်နေတဲ့…

9-23-2022-yyl-20.jpg

အချစ်သစ်တွေ့နေပြီလို့ သတင်းထွက်ရှိနေတဲ့ ဂျွန်နီဒက်ပ်

ဟောလိဝုဒ်ဝါရင့်မင်းသားကြီး ဂျွန်နီဒက်ပ်ဟာ အချစ်သစ်တွေ့ရှိသွားပြီလို့ သတင်းမီဒီယာတော်တော်များများမှာ ဖော်ပြလာကြပါတယ်။ သူ့ရဲ့အချစ်သစ်က ဇနီးဟောင်း အမ်ဘာဟတ်ဒ်ကို အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့စဉ်က အမှုလိုက်ပေးခဲ့တဲ့ သူ့ရှေ့နေအဖွဲ့ထဲက တစ်ယောက်ပါပဲ။ သူ့နဲ့တွဲနေတယ်လို့သတင်းထွက်ရှိခဲ့ဖူးတဲ့ ရှေ့နေမလေး ကာမီလီဗက်စ်ကွစ်ဇ်တော့မဟုတ်ပါဘူး။ လန်ဒန်အခြေစိုက်ရှေ့နေ ဂျိုလီ ရစ်ချ်ဖြစ်ပြီး သူက…