feature-image.png

ကုန်ကျစရိတ်အများဆုံး ကိုရီးယားဇာတ်လမ်းတွဲများ

ကိုရီးယားထုတ်လုပ်ရေးတွေကလည်း ငွေအများကြီးအကုန်ကျခံကာ ဇာတ်လမ်းတွဲတွေကိုရိုက်ကူးကြပါတယ်။ အက်ရှင်ဇာတ်လမ်းတွဲနဲ့ စိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းတွဲတွေက ရိုက်ကွင်းနေရာနဲ့ အထူးပြုလုပ်ချက်တွေအတွက် ကုန်ကျစရိတ်ပိုသုံးပေးဖို့ လိုအပ်ပါတယ်။ တချို့ဇာတ်လမ်းတွဲတွေကို ကိုရီးယားမှာတင်ရိုက်ကူးတာမဟုတ်ဘဲ အခြားနိုင်ငံတွေမှာလည်း သွားရောက်ရိုက်ကူးရပါတယ်။ အဲဒီတွေအတွက်ကြောင့်ရော ပါဝင်တဲ့နာမည်ကြီးသရုပ်ဆောင်တွေကိုလည်း ထိုက်တန်တဲ့ အနုပညာကြေးပေးရတဲ့အတွက်ကြောင့်ပါ ဇာတ်လမ်းတွဲတွေရိုက်ကူးတဲ့အခါမှာ ကုန်ကျစရိတ်အရမ်းများပါတယ်။ အဲဒီလို…

14-11-2020-yyl-009.jpg

၂၀၂၁ခုနှစ်ရဲ့ The Suicide Squad ဇာတ်ကားမှာ ပါဝင်ထားတဲ့ မင်းသားကြီး ဆီဗက်စတာ စတားလုံး

ရမ်ဘိုမင်းသားလို့လူသိများတဲ့ အက်ရှင်မင်းသားကြီး ဆီဗက်စတာ စတားလုံး (Sylvester Stallone) ဟာ ၂၀၂၁ခုနှစ်ရဲ့ The Suicide Squad မှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဒါရိုက်တာ ဂျိမ်းစ် ဂန် (James Gunn) က သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ…

12-11-2020-yyl-002.jpg

Fantastic Beasts 3 မှာ ဂျွန်နီဒက်ပ် ပြန်ပါဝင်ဖို့ လက်မှတ်ရေးထိုးတောင်းဆိုနေတဲ့ ပရိသတ် (၁) သိန်းကျော်ရှိနေ

ဟောလိဝုဒ်နာမည်ကျော်မင်းသားကြီး ဂျွန်နီဒက်ပ်ဟာ Fantastic Beasts တတိယမြောက်ဇာတ်ကားကနေ နှုတ်ထွက်လိုက်ပြီဆိုတာကို ပြီးခဲ့တဲ့အပတ်က ထုတ်ပြောလာခဲ့ပါတယ်။ သူ့ကို ဇနီးရိုက်နှက်သူအနေနဲ့ The Sun သတင်းတိုက်က ရေးသားခဲ့တဲ့အတွက် တရားစွဲဆိုခဲ့တဲ့ အမှုဟာ ရှုံးနိမ့်သွားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့အပတ်က ဇာတ်ကားကနေ နှုတ်ထွက်ခံခဲ့ရတာဖြစ်ပါတယ်။…

10-11-2020-yyl-009.jpg

အမေရိကန်ရွေးကောက်ပွဲအပြီးမှာ တစ်ကျော့ပြန်ခေတ်စားလာခဲ့တဲ့ မိုင်လီ ဆိုင်းရပ်စ်ရဲ့ Party in the USA

၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန်အဆိုတော်မင်းသမီး မိုင်လီ ဆိုင်းရပ်စ်ရဲ့ Party in the USA ဆိုတဲ့သီချင်းဟာ မကြာသေးခင်ကမှ ပြီးစီးသွားခဲ့တဲ့ သမ္မတရွေးကောက်ပွဲအပြီးမှာ ပရိသတ်တွေကြား ပြန်ခေတ်စားလာခဲ့ပါတယ်။ ဒီသီချင်းက ဆယ်စုနှစ်တစ်စုကျော်မှာ ဂီတဇယားတော်တော်များများမှာ ပါဝင်လာခဲ့ပါတယ်။ ဂျိုး…

9-11-2020-yyl-001.jpg

တရားစွဲဆိုခဲ့တဲ့အမှုရှုံးနိမ့်ပြီးနောက် “Fantastic Beasts” တတိယမြောက်ဇာတ်ကားကနေ နှုတ်ထွက်ခဲ့ရတဲ့ ဂျွန်နီဒက်ပ်

ဟောလိဝုဒ်လောကရဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဂျွန်နီဒက်ပ်ကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်လောက အကြောင်းရိုက်ကူးထားတဲ့ the Fantastic Beasts တတိယမြောက် ဇာတ်ကားမှာ Grindewald ဇာတ်ကောင် အနေနဲ့ ပါဝင်သရုပ်ဆောင်ခွင့်ရတော့မှာမဟုတ်ဘူးလို့ သောကြာနေ့က ထုတ်ပြောလာခဲ့ပါတယ်။ ဂျွန်နီဒက်ပ်ဟာ သူ့ကို ဇနီးဟောင်းရိုက်နှက်သူလို့်…

6-11-2020-yyl-002.jpg

ကမ္ဘာနိုင်ငံအသီးအသီးနဲ့အတူ ဘူတန်ရုပ်ရှင်ပွဲတော်မှာ ထူးချွန်ဆု (၄) ဆုရရှိခဲ့တဲ့ နို့ဘီလူးရုပ်ရှင်ကား

၂၀၁၉ခုနှစ် မတ်လမှာ ရုံတင်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကြီး နို့ဘီလူး ဇာတ်ကားဟာ ဘူတန်နိုင်ငံရဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ရုပ်ရှင်ထူးချွန်ဆု (၄) ဆုရရှိခဲ့တယ်လို့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့တရားဝင်ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ဖော်ပြထားပါတယ်။ ဒီဇာတ်ကားကြီးကို အောင်သီရီရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်တဲ့အပြင် နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။…

4-11-2020-yyl-004.jpg

အမျိုးသားအဆိုအဖွဲ့အသစ်ဖွဲ့စည်းမယ့် ပရောဂျက်အတွက် ပူးပေါင်းကြမယ့် ကမ္ဘာကျော်အဆိုတော် Psy နဲ့ J.Y.Park

Gangnam Style သီချင်းနဲ့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲထင်ကျန်နေစေခဲ့တဲ့ အဆိုတော်၊ တေးရေးဆရာ၊ ထုတ်လုပ်သူ Psy နဲ့ Got7၊ Twice အပါအဝင် ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးအဆိုအဖွဲ့တွေကို မွေးထုတ်ပေးနေတဲ့ JYP Entertainmentရဲ့စီအီးအို အဆိုတော်…

3-11-2020-yyl-018.jpg

အခုနှစ်ရဲ့ E! People’s Choice Award ဆုပေးပွဲမှာ ဖျော်ဖြေတင်ဆက်မယ့် ဂျက်စတင်ဘီဘာ

ဂျက်စတင်ဘီဘာကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ဖျော်ဖြေတင်ဆက်မှုကို ဆုပေးပွဲတစ်ခုမှာ မကြာခင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ပေါ့ပ်စူပါစတား ဂျက်စတင်ဘီဘာဟာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို နာမည်ကြီးသီချင်းတွေနဲ့ E People’s Choice Awards မှာ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ ဂျက်စတင်က အခုနှစ် PCA…

27-10-2020-yyl-009.jpg

American Music Awards ဆန်ကာတင်စာရင်းမှာ ရှေ့ဆုံးကဦးဆောင်နေတဲ့ The Weeknd

ကနေဒါလူမျိုးဂီတအဆိုရှင် The Weeknd ကတော့ မနေ့ကထုတ်ပြန်ကြေညာခဲ့တဲ့ ၂၀၂၀ခုနှစ် American Music Awards ရဲ့ဆန်ကာတင်စာရင်းမှာ ထိပ်ဆုံးကဦးဆောင်နေပါတယ်။ The Weeknd က Aritst of the Year ဆုကြီးအပါအဝင် ဆု…

22-10-2020-yyl-024.jpg

အဆုတ်ကင်ဆာရောဂါကို ကောင်းကောင်းတွန်းလှန်နိုင်ခဲ့ပြီဆိုတဲ့ မင်းသားကြီး ဆန်ဂျေးဒတ်

ဘောလိဝုဒ်မင်းသားကြီး ဆန်ဂျေးဒတ်ဟာ အဆင့် ၃ အဆုတ်ကင်ဆာရောဂါကို ခံစားနေရတယ်ဆိုတာကို စာဖတ်ပရိသတ်တွေလည်း အသိပါပဲ။ သြဂုတ်လက ကိုဗစ်ရောဂါပိုးစစ်ဆေးရင်းကနေ အဆုတ်ကင်ဆာရောဂါခံစားနေရတယ်ဆိုတာကို သိရှိခဲ့ရတာပါ။ ဆန်ဂျေးဒတ်ဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို မနေ့က သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ထုတ်ပြောလာခဲ့ပါတယ်။ အသက် (၆၁)…