အဆုတ်ကို သန့်စင်စေမယ့် အစားအစာ (၁၀) မျိုး
အဆုတ်ကျန်းမာရေးက ဘယ်လောက်အရေးကြီးလဲဆိုတာ အသက်ရှူတိုင်းသတိရနေသင့်တာပါ။ အသက်ကောင်းကောင်းရှူနိုင်မှ အဆုတ်က ကျန်းမာမှာဖြစ်သလိုလေထုညစ်ညမ်းစေတဲ့အရာမှန်သမျှ အဆုတ်ရဲ့ရန်သူပါပဲ။ လေရှူသွင်းလိုက်တိုင်း ကိုယ့်ပတ်ဝန်းကျင်လေထုထဲက အန္တရာယ်ရှိတဲ့အရာဝတ္တုတွေကို အဆုတ်က လက်ခံရရှိနေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အဆုတ်ကိုသန့်စင်စေမယ့် အစားအသောက်တွေကိုရွေးချယ်ဖို့အရေးကြီးပါတယ်။ ဒါမှ အဖြစ်များတဲ့ရောဂါတွေကိုကာကွယ်နိုင်မယ်၊ အဆုတ်ကိုအားကောင်းစေမယ်။ ပန်းနာရင်ကျပ်၊လေပြွန်ရောင်၊ အဆုတ်ရောင်တို့လို…

