How-to-Quit-Smoking-Naturally-At-Fresh-Start-Health-Retreat.jpg

ဆေးလိပ်ဖြတ်နိုင်ဖို့ အဆင့် (၅) ဆင့်

ဆေးလိပ်သောက်တာ ကိုယ့်အတွက်ရော ပတ်ဝန်းကျင်ကလူတွေအတွက်ပါ အန္တရာယ်ရှိမှန်း လူတိုင်းသိပါတယ်။ ဒါပေမဲ့ နီကိုတင်းဓာတ်ကိုစွဲလမ်းမှုကြောင့် ဆေးလိပ်ဟာ (ဖြတ်ချင်ရင်တောင်မှ) အင်မတန်မှ ဖြတ်ရခက်ပါတယ်။ အခုဆောင်းပါးမှာ ဆေးလိပ်ဘယ်လိုဖြတ်ရမလဲဆိုတဲ့ အဆင့် (၅) ဆင့်ကို မျှဝေပေးထားပါတယ်။ အဆင့် (၁) အစီအစဉ်ဆွဲပါ…

66430633.cms_.jpg

ညီမနဲ့ အစ်မတွေရှိသူအမျိုးသားတစ်ဦးကို လက်တွဲဖော်အဖြစ်ရွေးချယ်လိုက်သင့်တာ ဘာကြောင့်လဲ

တကယ်တော့ ဘဝလက်တွဲဖော်ကောင်းကို ရှာတွေ့ရှိဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ တချို့ မိန်းကလေးတွေက ယောက်မဒဏ်ကိုခံရမှာစိုးလို့ ညီမ၊ အစ်မများတဲ့အမျိုးသားတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ဆို အတော်စဉ်းစားတတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီလို ညီမ၊ အစ်မတွေရှိတဲ့ ယောကျာ်း မျိုးက ခင်ပွန်းကောင်းတစ်ယောက်ဖြစ်လာချေများကြောင်း…

hair_in_eye_x8.jpg

မျက်လုံးထဲဖုန်မှုန့်ဝင်တဲ့အခါ နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုဖယ်ရှားမလဲ

ကျွန်တော်တို့ရဲ့မျက်လုံးထဲ တစ်ခုခုဝင်တာမျိုး ခဏခဏ ဖြစ်ဖူးကြတယ်မလား။ အဲဒီလိုဖြစ်လာရင် မျက်လုံးက ခုလုခုလုနဲ့ အတော်လေး နေရခက်တဲ့ အခြေအနေပါ။ မျက်လုံးထဲ ဘာဝင်လို့ဝင်နေမှန်းမသိရတဲ့အတွက် စိတ်ကသိကအောက်လည်းဖြစ်ရပါတယ်။ လေထုညစ်ညမ်းတဲ့အခါ၊ ဖုန်ထူတဲ့ နေရာသွားတဲ့အခါ၊ အိမ်ရောက်တဲ့အခါတိုင်း (ဒါမှမဟုတ်) ရုံးရောက်တဲ့အခါတိုင်း ကျွန်တော်တို့ရဲ့မျက်လုံးမှာ…

understandingculture.jpg

ဘာသာစကားသင်ယူဖို့အတွက် ယဉ်ကျေးမှုကိုလေ့လာခြင်းက ဘာလို့အရေးကြီးတာလဲ

ဘာသာစကားဆိုတာ လူသားဘဝရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူတွေကို ရှေးဦးသတ္တဝါတွေနဲ့ ကွာခြားသွားစေတဲ့အရာဖြစ်သလို အခြားသတ္တဝါတွေနဲ့မတူဘဲ တစ်ဦးနဲ့ တစ်ဦးပြောဆိုဆက်သွယ်နိုင်စေတဲ့ လူသားတွေအတွက် သဘာဝရဲ့လက်ဆောင်မွန်တစ်ခုလို့ ပြောကြပါတယ်။ ဒါပေမဲ့ ဘာသာစကားဟာ ဆက်သွယ်ပြောဆိုမှုနည်းလမ်းတစ်ရပ်ထက်ပိုတယ်လို့ ပြောနိုင်ပါတယ်။ ဘာသာစကားတစ်ခုရဲ့မိခင်နိုင်ငံက ယဉ်ကျေးမှုကို နားမလည်ဘဲ နဲ့…

17.7.2019birds-1-1.jpg

ဓာတ်ကြိုးပေါ်မှာနားနေတဲ့ငှက်တွေကို ဘာကြောင့်ဓာတ်မလိုက်တာလဲ

လျှပ်စစ်ဓာတ်အားဆိုတာ လူတွေအတွက်တော့ အသုံးဝင်လွန်းတဲ့အရာဖြစ်သလို အရမ်းလည်း အန္တရာယ် များတဲ့အရာပါ။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို လျှပ်စီးကြောင်းတစ်ခုဖြတ်စီးသွားရင် စက္ကန့်အနည်းငယ် အတွင်းမှာပဲ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပြင်းပြင်းထန်ထန်ထိခိုက်သွားနိုင်ပြီး နှလုံးကို ပျက်စီး သွားစေပါလိမ့်မယ်။ ဒါကြောင့် ပလက်ပေါက်တွေထဲ လက်ချောင်းတွေမထည့်မိဖို့၊ အိမ်မှာ လျှပ်စစ်သွယ်ထားတဲ့ဝိုင်ယာကြိုးတွေကို…

38660596_1663964543714864_5629521176553324544_n.jpg

ငွေ (၂) သောင်းလောက်နဲ့ အပန်းဖြေခရီးတစ်ခုထွက်ကြမယ်

ပိတ်ရက်အရှည်ကြီးမရှိလို့ ရေကြီးနေလို့ဆိုပြီးခရီးမထွက်ရလို့ ခုလုခုလုဖြစ်နေတယ်ဆိုရင် လှိုင်သာယာအကျော် (၂၂) မိုင် ညောင်တုန်း၊ မဲဇလီရွာနားက စိမ်းလဲ့မြေ Greenland Resort ကို Day Return ဖြစ်ဖြစ် ညအိပ်ခရီးဖြစ်ဖြစ်သွားလို့ရတယ်နော်။ ပင်လယ်အတုလိုဖန်တီးထားတာမို့ ကမ်းစပ်မှာ အုန်းပင်အစီအရီနဲ့ အုန်းစိမ်းရည်လေးသောက်လို့ရပါတယ်။…

66721663_2221861474792150_5362423177664266240_n.jpg

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပြီး “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုစကားရှိခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဝါဆိုလပြည့်နေ့မှာ တုသိတာနတ်ပြည်ကနေသက်ဆင်းပြီး လူ့ပြည်မှာ ပဋိသန္ဓေနေတော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ တောထွက်တော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားရှင်ဟာ…

1-1.jpg

အသင့်သောက်နို့တွေဟာ ကလေးတွေအတွက်ကောင်းပေမဲ့ မမြင်နိုင်တဲ့အန္တရာယ်တွေရှိနိုင်

ငယ်ငယ်ကတည်းက နို့တွေဆိုရင် ကယ်(လ်)ဆီယမ်ဓာတ်တို့ ပရိုတင်းဓာတ်တို့ ပါဝင်လို့ အရိုးတွေခိုင်မာပြီး ကျန်းမာရေးနဲ့ညီညွတ်တယ်လို လူကြီးတွေ ပြောတာတော်တော်များများကြားဖူးကြမှာပါ။ ဒါကြောင့်လည်း နို့ကိုတစ်နေ့တစ်ခွက် အမြဲအတိုက်ခံရဖူးကြမှာပါ။ ဒါပေမဲ့ နို့တွေဟာပြောနေကျအတိုင်း ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာသေချာရဲ့လား။ နို့တွေထဲမှာ ကလေးတွေအတွက် လူသိများတဲ့အာဟာရဓာတ်တွေဖြစ်တဲ့ ကယ်(လ်)ဆီယမ်၊…

shutterstock_715688422-1024x683.jpg

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကိုကာကွယ်ရန် သိထားသင့်သည့်အချက်များ

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဆိုတာက လူတစ်ယောက်ကို အဲဒီသူရဲ့ ခွင့်ပြုချက်၊ သဘောဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း အပြုအမူများ ကျူးလွန်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ လိင်ပိုင်းဆိုရင်ရာကျူးလွန်မှုမှာ မုဒိန်းကျင့်ခြင်း၊ မုဒိန်းမှုကျူးလွန်ရန် ကြိုးပမ်းခြင်း၊ ကလေးငယ်များကို ဗလက္ကာရပြုခြင်း နှင့် လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုများပြုလုပ်ခြင်းတို့ ပါဝင်ပါသည်။ လူတစ်ယောက်အနေနှင့်…

craft2.png

ထူးခြားဆန်းပြားတဲ့နည်းတွေနဲ့ ပန်းချီတွေကို ပုံဖော်ဖန်တီးတဲ့ ပန်းချီပညာရှင် (၈) ဦး

ပန်းချီပညာရှင်အများစုက ပန်းချီတွေကို ရေးဆွဲရာမှာ ကိုယ်နည်းကိုယ့်ဟန်နဲ့ ရေးဆွဲလေ့ရှိကြပါတယ်။ သူတို့ရဲ့ ပန်းချီတွေကို မြင်လိုက်တာနဲ့ ကြည့်ရှုသူတွေကို အံ့သြမင်သက်မှုတွေ ဖြစ်လောက်အောင် ဖန်တီးရေးဆွဲကြရပါတယ်။ တချို့ပန်းချီပညာရှင်တွေနဲ့ မတူအောင် ထူးခြားဆန်းပြားတဲ့နည်းနဲ့ ပန်းချီတွေကိုပုံဖော်ရေးဆွဲကြတဲ့ ပန်းချီပညာရှင်တွေလည်း ရှိကြပါတယ်။ အဲဒီပန်းချီပညာရှင်တွေရဲ့ ရေးဆွဲနည်းက…