4.8.23-yyl-10.jpg

မိကျောင်း ခံတွင်းဝမှာ မိနစ် ၉၀ ကြာ ရောက်ခဲ့ပေမဲ့ အသက်ရှင်ခဲ့သူ

အင်ဒိုနီးရှားနိုင်ငံက ဆီအုန်းစိုက်ခင်းမှာ အလုပ်လုပ်တဲ့ ၃၈ နှစ်အရွယ် အမျိုးသမီးဟာ ရေသွားခပ်ရင်း မိကျောင်း ကိုက်ခံခဲ့ရပြီး မိကျောင်းခံတွင်းဝမှာ မိနစ် ၉၀ ကြာ ရောက်ခဲ့ပေမဲ့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။ မိကျောင်း ကိုက်ခံရသူဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ကာလီမန်တန်ပြည်နယ်မှာ…

4.8.23-yyl-1.jpg

သူ့ရဲ့ကား ၆ စီးကို giveaway ပေးနေတဲ့ ရောဘတ် ဒေါင်းနီ ဂျူနီယာ

“Iron Man” အဖြစ် လူသိများတဲ့ မင်းသားကြီး ရောဘတ်ဒေါင်းနီ ဂျူနီယာက သူ့ရဲ့ကိုယ်ပိုင်စုဆောင်းမှုတွေထဲက ဂန္တဝင်ကား ၆ စီးကို giveaway ပေးမယ့်အကြောင်း သူ့ရဲ့အင်စတာဂရမ်ကတဆင့် ထုတ်ပြောကြားခဲ့ပါတယ်။ “မင်းတို့ မကြားရသေးဘူးထင်တယ်။ ကျွန်တော့်ရဲ့ကားတချို့ကို giveaway ပေးနေပါတယ်”လို့…

3.8.23-yyl-8.jpg

ဘာဘီရုပ် ၁ သောင်းကျော် စုဆောင်းပိုင်ဆိုင်ထားတဲ့ အမျိုးသမီး

ဘာဘီအရုပ်ဆိုတာဟာ ဟိုးအရင်ကတည်းက ငယ်ရွယ်တဲ့မိန်းကလေးတွေ လက်ဆောင်အဖြစ် လက်ခံရရှိတဲ့ အရုပ်တွေထဲက တစ်မျိုးပါပဲ။ ဂျာမနီနိုင်ငံက အသက် ၆၂ နှစ်အရွယ် အမျိုးသမီးဆိုရင်လည်း ဘာဘီရုပ်တွေကို စုဆောင်းရတာ ခုံမင်တဲ့သူပါ။ ဘတ်တီနာ ဒေါ်ဖ်မန်းဆိုတဲ့ အဲဒီအမျိုးသမီးက ဘာဘီရုပ်ပေါင်း ၁၈၅၀၀…

3.8.23-yyl-5.jpg

ဂီတဖျော်ဖြေပွဲခရီးစဉ် ယာဉ်မောင်းတစ်ဦးကို ဒေါ်လာ ၁ သိန်းစီ ဆုချခဲ့တဲ့ တေလာဆွစ်ဖ်

အလှူအတန်း ရက်ရောတဲ့ ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်က Eras Tour ဂီတဖျော်ဖြေပွဲ ခရီးစဉ်မှာ ထရပ်ကားမောင်းတဲ့ ယာဉ်မောင်းတစ်ဦးစီကို ဒေါ်လာ ၁ သိန်းစီ ဆုချခဲ့ပါတယ်။ အခုနှစ် အစောပိုင်းမှာ စတင်ခဲ့တဲ့ Eras Tour ဂီတဖျော်ဖြေပွဲခရီးစဉ်ဟာ…

2.8.23-yyl-16.jpg

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်စရိတ် မရှိလို့ ရန်ပုံငွေရှာခဲ့ရတဲ့ ဂျမေကာအမျိုးသမီးအသင်း ရှုံးထွက်အဆင့် တက်ပြီ

ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ပြိုင်ဖို့ စရိတ်စက မလောက်ငှခဲ့တဲ့ ဂျမေကာ အမျိုးသမီးအသင်းဟာ ပြင်သစ်နဲ့ ဘရာဇီးကို သရေ ကစား၊ ပနားမားကို အနိုင်ယူပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက်အဆင့် တက်လှမ်းသွားခဲ့ပါပြီ။ ဂျမေကာ ဘောလုံးအဖွဲ့ချုပ်က ဂျမေကာ အမျိုးသမီးအသင်းအတွက် ပြိုင်ပွဲဝင်စရိတ်…

2.8.23-yyl-13.jpg

ဝက်ဝံတွေက အစစ်မဟုတ်ဘဲ လူသားတွေ ဝတ်စုံဝတ်ပြီး ဟန်ဆောင်ထားတယ်လို့ သတင်းထွက်ရှိခဲ့တဲ့ တရုတ်တိရစ္ဆာန်ရုံတစ်ခု

တရုတ်နိုင်ငံ၊ ဟန်ကျုံးတိရစ္ဆာန်ရုံက ဝက်ဝံတစ်ကောင်ကို ရိုက်ထားတဲ့ ဗီဒီယိုတစ်ခုကြောင့် လူမှုကွန်ယက်ပေါ်မှာ အဲဒီတိရစ္ဆာန်ရုံနဲ့ပတ်သက်ပြီး ကောလဟာလတွေ ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ ဝက်ဝံတစ်ကောင်က လူတစ်ယောက်လို ခြေထောက်အရှည်ကြီးဆန့်ပြီး မတ်တပ်ရပ်နေတာပါ။ လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ အဲဒီဝက်ဝံဟာ အစစ်မဟုတ်ဘဲ လူတွေက ဝက်ဝံဝတ်စုံဝတ်ပြီး ဟန်ဆောင်ထားတယ်ဆိုတဲ့…

2.8.23-yyl-10.jpg

အမျိုးသမီးတစ်ဦးက မြောင်းပေါက်ထဲ ၃ ရက်ကြာ တွားသွားရင်း စွန့်ပစ်ခံရတဲ့ ခွေးငယ်လေး ၃ ကောင်ကို ရှာဖွေကယ်တင်

အမျိုးသမီးတစ်ယောက်ဟာ မြောင်းပေါက်ထဲမှာ ၃ ရက်ကြာ တွားသွားရင်း စွန့်ပစ်ခံထားရတဲ့ ခွေးငယ်လေး ၃ ကောင်ကို ရှာဖွေ၊ ကယ်ဆယ်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဟူစတန်မြို့၊ စပရင်းဘရန့်ချ်အရပ်မှာရှိတဲ့ အဲဒီမြောင်းပေါက်နေရာဟာ ခွေးတွေကို စွန့်ပစ်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး ပိုးဟပ်တွေ အလွန်ပေါပါတယ်။…

2.8.23-yyl-2.jpg

ဂီတလောကထဲ ဝင်ရောက်လာခဲ့ပြီး တစ်ကိုယ်တော်ဖျော်ဖြေတင်ဆက်မှုလုပ်ခဲ့တဲ့ မင်းသားကြီး ဒွန်နီယန်းရဲ့သမီးဖြစ်သူ

ဟောင်ကောင်မင်းသားကြီး ဒွန်နီယန်းက ကိုယ်ခံပညာနာမည်ကြီးမင်းသားဖြစ်ပေမဲ့ အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ ဂျက်စမင် ယန်းကတော့ သူ့နဲ့မတူဘဲ ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့လုပ်နေပါတယ်။ ဇူလိုင် ၃၀ ရက်နေ့က စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ Majulah Music Night…

2.8.23-yyl-1.jpg

ပါးစပ်ပေါက်ကျယ်လွန်းလို့ ကမ္ဘာ့ဂင်းနက်စ်စံချိန် ၂ ခု ချိုးထားတဲ့ အမျိုးသမီး

ဆာမန်သာ ရမ်စ်ဒယ်ဆိုသူက မက်ဒေါ်နယ်မုန့်တွေလို မုန့်ပမာဏအများကြီးကို တစ်လုပ်တည်းစားနိုင်တဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသူပါ။ တကယ်တော့ အဲဒီအမျိုးသမီးက ပါးစပ်ပေါက်ကျယ်လွန်းတာကြောင့် ကမ္ဘာ့ဂင်းနက်စ်စံချိန် ၂ ခုကို ကိုင်ဆောင်ထားတာပါ။ အသက် ၃၃ နှစ်အရွယ် ဆာမန်သာက ၂၀၂၁ ခုနှစ်မှာ…

1.8.23-yyl-2.jpg

တစ်လုံးကို ငွေကျပ် ၁၀ သိန်းကျော် ကျသင့်တဲ့ ဂျပန်စတော်ဘယ်ရီမျိုးစိတ်

အရောင်အဆင်း ထူးခြားပြီး အရသာ တုနှိုင်းမမီဘူးဆိုတဲ့ ဂျပန်စတော်ဘယ်ရီမျိုးစိတ်ကို နတ်မိမယ်လို့ အမည်ပေးထားပြီး စတော်ဘယ်ရီသီးတစ်လုံးကို မြန်မာငွေ ၁၀ သိန်းကျော် (အမေရိကန်ဒေါ်လာ ၃၅၀) ကျသင့်ပါတယ်။ ဘီကျင်းဟီမဲ(နတ်မိမယ်)လို့ အမည်ရတဲ့ စတော်ဘယ်ရီမျိုးစိတ်ကို ဂျပန်တောင်သူ မီကီယိုအိုကူဒါက စမ်းသပ်စိုက်ပျိုးခဲ့တာပါ။…