23-2-2022-yyl16.jpg

ယူကရိန်းဒုက္ခသည်တွေကို ကူညီဖို့ ဆုတံဆိပ်ရောင်းချမယ်လို့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရုရှားဂျာနယ်လစ် ပြော

ယူကရိန်းဒုက္ခသည်တွေကို ထောက်ပံ့ကူညီပေးဖို့ သူ့ရဲ့ဆုတံဆိပ်ကို လေလံတင် ရောင်းချသွားမယ်လို့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရုရှားဂျာနယ်လစ်က ပြောပါတယ်။နိုဗာယာဂေဇက်တာ(Novaya Gazeta)သတင်းစာရဲ့ အယ်ဒီတာဖြစ်တဲ့ ဒီမစ်ထရီမူရာတော့ဗ်ဟာ မနှစ်တုန်းက ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာနဲ့အတူ ငြိမ်းချမ်းရေးနိုဘယ်ဆု ပူးတွဲဆွတ်ခူးခဲ့တာပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် တိုက်ပွဲဝင်ခဲ့တာကြောင့် သူတို့…

23-2-2022-yyl15.jpg

IS ကို ထောက်ခံခဲ့တဲ့ ကျောင်းဆရာရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၄ ဦး သေဆုံး

အစ္စရေးနိုင်ငံတောင်ပိုင်းမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့လို့ လူ ၄ ယောက် သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘီယာရှီဘာမြို့ ဈေးဝယ်စင်တာအပြင်ဘက်မှာ လူ ၃ ဦး ဓားထိုးသတ်ခံခဲ့ရပြီး ကျန်တစ်ဦးကိုတော့ တိုက်ခိုက်ရေးသမားက ကားနဲ့တိုက်သတ်သွားခဲ့တာလို့ ရဲတပ်ဖွဲ့က…

23-2-2022-yyl05.jpg

ရေညှိကနေ လောင်စာဆီထုတ်လုပ်မယ့် ဥရောပရဲ့ပထမဆုံး ဇီဝသန့်စင်စက်ရုံ

ရေညှိတွေကို လောင်စာဆီနဲ့ ကုန်ကြမ်းပစ္စည်းအဖြစ် အသွင်ပြောင်းပေးမယ့် ဥရောပရဲ့ ပထမဆုံး ဇီဝသန့်စင်စက်ရုံကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ပင်လယ်နက်ကမ်းခြေမှာ ဖွင့်လှစ်လိုက်ပါပြီ။ ဇီဝ-စီးပွားရေး ဦးမော့လာစေဖို့ ရည်ရွယ်ပြီး လေအားလျှပ်စစ်ကို အသုံးပြုထားတဲ့ ဇီဝသန့်စင်စက်ရုံဟာ ရေညှိတွေကို လေယာဉ်လောင်စာဆီ၊ ကုန်ကြမ်းပစ္စည်း၊…

23-2-2022-yyl02.jpg

Tesla ကုမ္ပဏီရဲ့ လျှပ်စစ်ကားစက်ရုံကြီးကို ဘာလင်မြို့မှာ ဖွင့်လှစ်

Tesla ကုမ္ပဏီအတွက် ဥရောပအခြေစိုက် ပထမဆုံး လျှပ်စစ်ကား စက်ရုံကြီးကို ဂျာမနီနိုင်ငံ ဘာလင်မြို့အနီးမှာ ဖွင့်လှစ်လိုက်ပါပြီ။ ဒေသခံအာဏာပိုင်အဖွဲ့ရဲ့ လိုင်စင်ချထားပေးမှု ပြဿနာကြောင့် ၈ လကြာ ကြန့်ကြာခဲ့ရတဲ့ အဲဒီစက်ရုံဟာ ယူရို ၅ ဘီလျံကျော် တန်ကြေးရှိပြီး…

23-2-2022-yyl11.jpg

ယူကရိန်းက ဆရာဝန်တစ်ဉီးကို သူ့ရဲ့အင်စတာဂရမ်အကောင့်အသုံးပြုခွင့်ပေးခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းကတော့ ယူကရိန်း- ရုရှားစစ်ပွဲအတွက် လူနာတွေကို ကုသပေးနေတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့အံ့ဖွယ်လုပ်ရပ်တွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်ပြီး ယူကရိန်းနိုင်ငံက ဆရာဝန်တစ်ဉီးကို သူ့ရဲ့အင်စတာဂရမ်အကောင့် ငှားပေးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒေးဗစ်ဘက်ခမ်းဟာ Follower ၇၁ သန်းကျော်တဲ့…

23-2-2022-yyl14.jpg

ယူကရိန်းစစ်ပွဲအကြောင်း သတင်းတုတွေ တင်နေလို့ စွပ်စွဲပြီး ရုရှားနိုင်ငံက ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ပိတ်ပင်

ယူကရိန်းစစ်ပွဲအကြောင်း သတင်းတုတွေ တင်နေတယ်လို့ စွပ်စွဲပြီး ရုရှားနိုင်ငံက ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို သူတို့နိုင်ငံမှာ ပိတ်ပင်လိုက်ပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ရုရှားနိုင်ငံမှာ ဆန္ဒပြပွဲတွေလုပ်ဖို့ တိုက်တွန်းမှုတွေကို ဖယ်ရှားပေးဖို့ ရုရှားအစိုးရရဲ့တောင်းဆိုချက်ကို Meta (ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ပိုင်ဆိုင်တဲ့)ကုမ္ပဏီက…

23-2-2022-yyl17.jpg

၁၀ မိနစ်၊ တစ်ကြိမ် ဗုံးကြဲခံနေရတဲ့ မာရီယာပိုမြို့က ရုရှားကျူးကျော်စစ်မှာ ဘာတွေ အရေးပါနေသလဲ

ရုရှားရဲ့ကျူးကျော်စစ်မှာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွားနေတဲ့ မာရီယာပိုမြို့ဟာ ၁၀ မိနစ် တစ်ကြိမ်နှုန်း ဗုံးကြဲတိုက်ခိုက်ခံနေရတယ်လို့ ယူကရိန်းစစ်တပ် အရာရှိတစ်ဦးက ဆိုပါတယ်။ မာရီယာပိုမြို့က ရုရှားအတွက် ဘာကြောင့် အရေးကြီးနေသလဲဆိုရင် မာရီယာပိုမြို့ဟာ ခရိုင်းမီးယား၊ ဒွန်ဘက်ဒေသတွေနဲ့ ကုန်းမြေစင်္ကြံလမ်းဖော်ဆောင်နိုင်မယ့် ဗျူဟာမြောက် တည်နေရာဖြစ်ပြီး…

23-2-2022-yyl08.jpg

ပိုလန်နိုင်ငံက ရန်ပုံငွေဖျော်ဖြေပွဲမှာ ယူကရိန်းနိုင်ငံတော်သီချင်း သီဆိုခဲ့တဲ့ ယူကရိန်းဒုက္ခသည်ကလေးမလေ

ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်ဝင်ရောက်တိုက်ခိုက်တဲ့အချိန် ပုန်းအောင်းနေရင်း “Let it Go” သီချင်း သီဆိုခဲ့တဲ့အတွက် ကမ္ဘာ့တစ်ဝှမ်းရဲ့ သတိထားခြင်းကို ခံခဲ့ရတဲ့ ကလေးမလေးဟာ အခုဆိုရင် ပိုလန်နိုင်ငံမှာ သူ့နိုင်ငံရဲ့နိုင်ငံတော်သီချင်းကို သီဆိုသွားခဲ့ပါတယ်။ အသက် ၇ နှစ်အရွယ် အမလီယား…

21-3-2022-yyl09.jpg

ခိုလှုံနေထိုင်ခွင့်ပေးမယ့်လူတွေနဲ့ ယူကရိန်းဒုက္ခသည်တွေကို ချိတ်ဆက်ပေးမယ့် ဝက်ဘ်ဆိုဒ်တစ်ခုဖန်တီးခဲ့တဲ့ ကျောင်းသား (၂) ဦး

ဟားဗက်တက္ကသိုလ်ကျောင်းသား ၂ ဉီးဟာ ယူကရိန်းဒုက္ခသည်တွေကို ကမ္ဘာတစ်ဝှမ်းက ဘေးကင်းလုံခြုံတဲ့နေရာတစ်ခုပေးမယ့်လူတွေနဲ့ ချိတ်ဆက်ပေးဖို့ ရည်ရွယ်ပြီး ဝက်ဆိုဒ်တစ်ခုဖန်တီးခဲ့ပါတယ်။ ကျောင်းသား အက်ဗီ ဆချီဖ်မန်တစ်ယောက် ဆန်ဒီရေဂိုကို သွားရောက်လည်ပတ်စဉ် ယူကရိန်းအတွက် ဆန္ဒပြပွဲတစ်ခုကို ကြုံတွေ့မိတဲ့အချိန်မှာ အခုလိုစိတ်ကူးအကြံဉာဏ်ရလာခဲ့တာပါ။ အဲဒီမှာ ယူကရိန်းအခြေအနေတွေကို…

21-3-2022-yyl06.jpg

အလုပ်ဆင်းချိန်တိုင်း ၈ မိုင်ပြေးပြီး အိမ်ပြန်လေ့ရှိတဲ့ အိန္ဒိယလူငယ်

အလုပ်ဆင်းရင် ၈ မိုင်အကွာအဝေးအထိပြေးပြီး အိမ်ပြန်လေ့ရှိတဲ့ အိန္ဒိယလူငယ်တစ်ယောက်ရဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်ပေါ်မှာ ကြည့်ရှုသူ ၉ သန်းနီးပါးအထိ ရှိခဲ့ပါတယ်။ ၁၉ နှစ်သား ပရာဒိမာရာဟာ ဒေလီမြို့စွန်မှာရှိတဲ့ နွိုင်ဒါမြို့ မက်ဒေါ်နယ်ဆိုင်မှာ အလုပ်လုပ်သူပါ။ ပြီးခဲ့တဲ့ စနေနေ့ညက…